အချစ် ဆိုစွာက
မသန်းစိန် ရယ် ရီမိုးချိုးပြီးကေ အိမ်ဘရံတာမာ စီထိုင်ပနာ လမ်းကလားကတ်တေ ထိုသူဒေသူ ကိုငေးကြည့်
တတ်တေ။ ဒေဟင့်က သူရို့မြို့မာ ဓလေ့တခုယာ။ အိမ်တိုင်းရှိမာ ထိုင်ခုံတန်းတိ ဟိရယ်။ ညဇာတိုင်ကေ ယင်း ဒန်းခံ သျှေမာ ထိုင်ပနာ စကားပြောကတ်တေ။ ယင်းဘရံတာမာ ထိုင်ပြီးကေ ရီချိုးခါ ဆီးထားရယ် ဆံ
ပင်ကို ခြောက်အောင် ယပ်ခပ် နိန်ချိန်မာ သူ့ကိုတွိခစွာပါ။ မသန်းစိန် အိမ်ဘေးနားကအိမ်ရှိမာ ယင်းနိန့်က
ကားတစီးလာရပ်တေ။ ကားကလဲ ဒေမြို့မာ သူ တခါလဲမမြင်ဖူး။ အဖြူရောင် ဆလုံး ကားအမျိုးအ
စားဖြစ်ပြီးကေ မျက်စိမာမြင်ရစွာက စီးချင်စရာကောင်းရယ်။ တခုထူးခြားစွာက ယင်းကားထဲက ကားမောင်း
သမ ဘေးမာ ကလေတယောက်ထိုင်လို့ပါရယ်။ ယင်း ကလေကိုလဲ သူတခါလဲ မမြင်ဖူးပါ။ စိတ်ထဲမာတော့
မြို့ကို ပြောင်းလာရယ် လူသစ်တိဖြစ်ဖို့လို့ အောက်မိလိုက်တေ။ ယင်းအချိန်မာ တဘက်အိမ်က အိမ်နားပါးချင်း ကိုမောင်ထွန်းသာ ဆင်းလာပြီးကေ ကားဘေးမာရပ်ပနာ ယင်းကလေ နန့်စကား
ပြောနိန်စွာကိုမြင်ရရယ်။ ကိုမောင်ထွန်းသာ သူငယ်ချင်းဖြစ်လီ မေလားမသိလို့ သူတွေးမိခရယ်။ ယင်းက
လေရယ် သူမြင်ဖူးရယ် ယောင်္ကျားသားတိနန့် မတူဘဲ တခုခုထူးခြားနိန်ရယ်လို့ သူထင်ခရယ်။ သူ့ကိုယင်း
နိန်က အ၀ီးကမြင်ခရကေလဲ မည်းနက်ပြီးကေ ထင်းနိန်ရယ် သူ့မျက်ခုံး၊ ဖြောင့်စင်းနိန်ရယ် နှာတံ နန့် နခမ်း ပပါး ပိုင်သျှင်သူ့ကို မြင်စွာနန့်တခါတည်း သူမ စွဲလားခရယ်။ သူ့ပုံစံကို ကြည့်ခရစွာက အအီးဆဆီး ပုံစံဖြစ်
တေ။ စကားပြောကေ လက်ဟန်နန့်စကားပြောစွာကို တွိရရယ်။ အို…..သူ့လက်ချောင်းသျှေတိ ဘလောက်
လှလီမေ မသိ လို့သူမ တွေးခရယ်။ သူ့ကို အနားကနိန် ကပ်ပနာ မြင်ချင်ရယ် စိတ်တိလဲ တဖွားဖွားပေါ်ခရ
ရယ်။ ကိုမောင်ထွန်းသာ နန့် စကားပြောပြီးကေ သူရို့ကားယင်းအိမ်ရှိကနိန်ထွက်လားခစွာကိုလဲ မသန်းစိန်
မျက်စိတဆုံးပျော ကြည့်နိန်ခမိသိမ့်ရယ်။
ယင်းနိန်ကပင်စလို့ မသန်းစိန်တယောက် ကိုယ်နန့်စိတ်မကပ် ဖြစ်နိန်ခရရယ်။ ယင်းကလေ မျက်နှာခွက် သူ့
စိတ်ထဲက နိန် မထွက်နိုင်ခ။ အိပ်တေခါ အိမ်မက်ထဲမာ သူလာပါစီလို့လဲ ဆုတောင်းနိန်ခမိရယ်။ မိုးထဖသား အိပ်ရာက ထလို့ မျက်စိနှလုံးပွင့် စွာနန့် သူ့အကြောင်းက ဂေါင်းထဲဝင်လာရယ်။ သူနာမေ၊ သူနိန်ရပ်၊ သူ့အခြီအနီ အားလုံးကိုသူမ အတွေးနန့် စိတ်ကူးယိုင် နိန်မိခရယ်။ နောက်နိန်တိများ သူဘေးအိမ်
ကိုရောက်လာဖို့လား သူမတမျှော်မျှော်ဖြစ်နိန်ခရရယ်။ ကြောင်းမကြာသူမ အလိုဆန္ဒ ပြည့်ခရရယ်။ ကိုမောင်ထွန်းသာ အိမ်ပြတင်းပေါက်မာ ယင်းသူလက်တင်ပနာထိုင်နိန်စွာကိုတွိလိုက်ရရယ်။ မသန်းစိန်
အိမ်ပြတင်းပေါက်နန့်ဆိုကေ ဆယ့်ငါးပေလောက်ရာဝီးရယ် အတွက်နန့် သူမ သူ့ကိုကောင်းကောင်းမြင်ခရ
ရယ်။ သူမသူ့ကို ယင်းပိုင်အနီးကပ်မြင်လိုက်ရရယ် အချိန်မာ လီထဲမာ လွင့်လားယောင်ခံစားလိုက် ရရယ်။
သူရယ် ရာမောင်သျှင်မမာ သားရာလား၊ ပါသျှန် နတ်သားတပါး ရာလား သူ့မ အသိတရားကင်းမိန့်ပနာ
တွေးလိုက်တေ။ သူယင်းနိန့်က အင်္ကျီ မောင်းပိုင်း အ၀ါနုရောင် တလုံးကိုဝတ်ထားရယ်။ ဖြူဆွ နိန်ရယ်
သူ့အသားအရီထက်က မွှီးညှင်းနု တိက အသည်းယားဖို့ တောင်ကောင်းလောက်တယ်။ ပိတုန်းပိုင် မဲနိန်
ရယ် ဆံပင်ကို ဂတုန်းစတောက် ကေကိုက်ထားရယ်။ ကိုမောင်ထွန်းသာနန့် ဇာစကားပြောနိန်လေ့ သူမတော့မကြားခရပါ။ ယေဒါလဲ သူရယ် ယင်ကောင် သျှေတကောင်ပိုင်ရာဖန်ဆင်းလို့ရကေ သူနားကို
တ၀ဲဝဲပျံလို့ သူ့ဇာအကြောင်းအရာတိများပြောနိန်ဖို့လဲ နားထောင်ခချင်ရယ်။ သူပြောရယ်ထဲ မာ သူ့မ အ
ကြောင်းတိများပါလီဖို့လား၊ တခြား ကလိန့်မေသျှေ တိအကြောင်းကိုရာပြောလီဖို့လား၊ သူစိတ်ဝင်စား
နိန်ရယ် အကောင်မသျှေက အသူလဲ သူကောင်းသိချင်ခရယ်။
သူကို ကိုမောင်ထွန်းသာဂီတာလာပီးစွာကို တွိရရယ်။ အော်…သူဂီတာလဲ တီးတတ်စွာရာမနားလို့ သူမ ရင်
ထဲမာ ပီတိ ဖြစ်နိန်ခသိမ့်ရယ်။ သူယင်းနိန့်က ခိုင်ကျော်လင်းဆိုထားရယ် အချစ် ဆိုရယ်တေးခြင်းကိုဆို
ရယ်။ သူ့ရင်ထဲမာ ယင်းတေးခြင်းသံရယ် ဘဇောင်ပိုင်နားထောင်လို့ကောင်းခမသိ။ မူရင်းအဆိုကျော်
တောင်သူ့လောက်နားထောင်လို့မကောင်းခ။ သူမ ယင်းကလေနာမေကိုလဲမသိ၊ ယေဒါလဲအဂုအချိန်ထိ
သူ့မာ အပြစ်အနာဆာ တခုလဲရှာလို့ မတွိသိ။ သူမ သူ့ကိုယ်သူ ဝေခွဲလို့မရအောက်ဖြစ်ခရယ်။ သူမ ယင်းကလေကို ချစ်နိန်မိပျာယ်လား။ သူမ အဂယင့် ရင်ခုန်နိန်ယာလား။ ယင်းနိန့်က တေးခြင်းမဆုံး ခင် အီးယောင်က ခွဆုံက ဆိုင်ခြောက်သျှေလားပြီးကေ အင်္ကျီခြုပ်အပ်ဝယ်ဖို့ ခိုင်းလိုက်လို့ မလားချင်ဘဲလားခ
ရရယ်။ ပြန်ရောက်ခါ သူ မဟိယာ။ ယင်းပိုင်နန့် သူ့ကို အခါခါ ကိုမောင်ထွန်းသာကိုစီလာခေါ်စွာကိုတွိ
ရရယ်။ ကားထက်ကတော့ သူ့တခါလဲဆင်းစွာကိုမတွိရဘဲ ကားထက်ကစီစောင့်နိန်ရယ်။ သူမရယ်
ယင်းကေလေ သူ့ကိုများ မျက်စိကျဖို့လားလို့ တခါတခါ သူ့အေးမ အသျှေကို ရွက်ပြရယ်၊ အသျှေအိမ်အောက် မာကစပ်နိန်ကေ ဘရံတာက နာမေကိုတာဘဲ လှမ်းခေါ်လိုက်တေ။ ပုံမှန်အချိန်ဆိုကေ
တော့ အသျှေအိမ်မာ ဟိမှန်းတောင်သူမ မသိပါ။ သူမ ယင်းပိုင်ကြိုးစားအားထုတ်မှုတိကြောင့် အခါခါတော့ ယင်းကလေ နန့် မျက်စိချင်း ဆုံခရရယ်။ မသန်းစိန် ယင်းပိုင်အကြည့်ချင်းဆုံတိုင်း ဘဇောင်ရင်ခုန်ခရလေ
မသိ။ ယင်းကလေ မျက်စိထဲမာ သူမလိုချင်စွာ တခုခုကို အကြည့်ချင်းဆုံတိုင်း သူမ ရှာနိန်ခရယ်။ သူတယောက် လောကကြီးမာ ဟိရယ်ဆိုစွာကို ယင်းကလေ ကိုသိစီချင်ခရယ်လေ။ တရက်နိန် တန်းပျင်းခန်းမာ အကျီင်္ဖွတ်နိန်တုန်း ကိုမောင်ထွန်းသာ ညီမ နောက်တရက်နိန်မွီးနိန့်ပွဲဟိလို့ လာခေါ်
ရယ်။ ယင်းနိန့်ခါ စကားစမြည်ပြောယင့်နန့် သူမစိတ်ကို ဖမ်းစားခရယ် အိမ်မက်ထဲက ထိုကလေအကြောင်း
သိခရရယ်။ သိရယ်ဆိုစွာကလဲ စကားအချက်ကျလို့ တဖေ့သျှေရာ မသန်းစိန်သိခရရယ်။ သူ့နာမေက အောင်ထွန်းရှီ လတ်။ သူက ကိုမောင်ထွန်းသာနန့် ငယ်သူငယ်ချင်း။ မိသားစုတိကချမ်းသာရယ်။ ယင်းဟင့်ထက် အရီးကြီးရယ် သတင်းအချက်အလက် တခုကို မသန်းစိန်ရလိုက်တေ။ ယင်းဟင့်က နက်
ဖြန်ကိုမောင်ထွန်းသာမွီးနိန့်ပွဲကို ကိုအောင်ထွန်းရှီလာဖို့ဆိုစွာကိုဖြစ်တေ။ သူမ ပဇောင်ပိုင် ၀မ်းသာလားခ
ရယ်လို့မသိ။ အခု သူနန့် လူချင်းတွိရဖို့ပျာယ်ဖြစ်တေ။ သူနန့် ခင်မင်ရင်းနှီးခွင့်ရဖို့ပျာယ်ဖြစ်တေ။ တယောက်နန့်တယောက်တွိခါ သူ့ကိုစလို့ မိတ်ဆက်ကေကောင်းဖို့လား သူမတွေးကြည့်ခရယ်။ မမသျှေဆို
ရယ်ဂုဏ်သိက္ခာလဲသော့ ဟိသိခါ သူ့ဘက် ကစလို့ မိတ်ဆက်လာကေကောင်းဖို့လို့ သူလိုချင်ရယ်ပိုင်လဲ
တွေးခရယ်။ အကောင်းဆုံးကတော့ အိမ်သျှင်ဖြစ်တေ ကိုမောင်ထွန်းသာရို့ မိတ်ဆက်ပီးတော့အကောင်းဆုံး
ရာလေလို့သူ မစိုင်းစားခရယ်။ ယင်းနိန် တညဥ့်လုံး မသန်းစိန်တယောက်အိပ်လို့မပျော်ခလေ။ အတွေးတိ
တသီတတန်းကြီးနန့် တောင်ရောက်မြောက်ရောက်စိုင်းစားနိန်ခရယ်။
ယင်းနိန့်ညဥ့်ခါ သူ အိမ်မက် မက်တေ။ အိမ်မက် ထဲမာ သူ့ကို ကိုအောင်ထွန်းရှီက ရည်းစားစကားလာပြော
ပြီးကေ သူရို့နှစ်ယောက်သမီးရည်းစားဖြစ်လားခရယ်လတ်။ သူ ကျောင်းတက်ကေ သူ့ရည်းစားအသစ်စက်
စက်က ကားနန့် အကြိုအပို့ လုပ်ပီးရယ်လတ်။ အပိုင်းက ကလိန့်မေတိက သူ့ကို တပျင်းမနာလိုဖြစ်ကတ်ဆို
ရယ်။ တချို့က သူရို့အတွဲကိုကြည့်လို့အားကျပနာ သူ့ရို့ကို မျက်စိ မျက်ဆံ တိပြူးပနာကြည့်ကတ်တေလတ်။
မိုးထဖသားအိပ်ရာက ထလာခါ သူအိမ်မက် မက်တေပိုင်ခံစားခရလေ။ ဇာလို့ဆိုကေ သူမက်ခရယ် အိမ်မက်ကို အဂယင့် သူထင်နိန်ခလို့လေ။ သူ ယင်းလောက်ထိ ဒေကလေကိုစွဲလမ်းနိန်ခပျာယ်ဖြစ်တေ။ မရကေ သီကျဖို့ လားလို့တောင်ထင်မိခရယ်လေ။ ယင်းနိန့်ပွဲမလားခင် သူ အကျီ် အမ်ဒမာရီ ရှိမာရပ်ပနာ
ဝတ်ဖို့အင်္ကျီကို ရွီးနိန်ခစွာ တစ်နာရီလောက်ကြာခရယ်။ ညကပင် ခြီသည်းလက်သည်း ဆိုးထားခစွာလေ။
သူ့ဇာအရောင်ကိုကြိုက်ဖို့လဲလို့တော့ သူ မခန်းမှန်းတတ်ခ။ ယေဒါလဲ သူ့ကိုမြင်ကေတော့ အောင်ထွန်းရှီ
စိတ်ဝင်စားလောက်တေလို့ သူ့ကိုသူယုံကြည်နိန်ခရယ်။ မှန်ရှိမာ ခန္ဒာ ကိုယ်ကို တပတ်နှစ်ပတ်မက မွိန့်ပနာ
သူ့အလှကို သူစိတ်ကြိုက်ကြည့်နိန်ခရယ်။ မသန်းစိန်….တစိန်..တည်းဟိရယ် ယင်းအပိုင်းမာ၊ အလှဆုံး
အကြွဆုံး ပန်းဘုရင်မသျှေပိုင်။ သူအားလုံးအဆင်သင့်ဖြစ်စွာနန့် ဘေးအိမ်ကို ကူးပါလတ်တေ။ လူတိရောက်နိန်ကတ်ပျာယ်ဖြစ်တေ။ ပြင်ယှိဘက်ခမ်းက စာပွဲခုံဝိုင်း မာ အသီးသီးထိုင်ပနာ
စားသောက်ဖို့ ပြင်နိန်ကတ်ပျယ်ဖြစ်တေ။ မောင်ထွန်းသာက မသန်းစီန်ကို မြင်စွာနန့် လက်ယပ်
ခေါ်ပြီးကေ ဇာတ်တိုက်ထားခရယ်ပိုင် မောင်ထွန်းရှီ ခုံမာ မျက်နှာချင်းဆိုင်နိန်ရာချပီးပြီးကေ အားလုံးသူနန့် မိတ်ဆက်ပီးရယ် ။ အမိယေ
လေး သူ့နှလုံးသားတိ မြင်းကောင်ရေ သုံးသိန်းနန့် မောင်းရယ် စက်ပိုင်လှုပ်နိန်ခစွာမနား။ သူယင်းခုံ
ဝိုင်းမာ ထိုင်ယင်း အားလုံးသူ့ကို တချက် ၀ဲပနာ ပြုံးပြလိုက်တေ။ ကိုအောင်ထွန်းရှီ ကိုက ထူးထူးခြားခြား
အပြုံးကို ပိုလို့နက်သျှိုင်းအောင်ပြုံးပြလိုက်တေ။ သူမအတွက် ဒေနိန့်မာ သူ့စိတ်ဝင်စားမှုကို အရယူဖို့လို
အပ်တေလေ။ သူမကိုလဲ သူကပြန်လို့ပြုံးပြလိုက်ခါ မသန်းစိန် သတိမိန့်လားဖို့ယောင်ခံစားလိုက်တေ။
သူရို့ဝိုင်းကလူတိကတော့ သူ့ကိုသတိမထားလောက်။ အားလုံးစားဖို့အဆင်အသင့်ဖြစ်ခါ အောင်ထွန်းရှီ
က ငရုတ်ကောင်းမှုန့်ကို သူ့မုန့်တီခွက်မာ ထည့်ပြီးကေ မသန်းစိန်ကို “ယူပါဖို့လား” ဆိုပြီးကေမိန်းရယ်။ သူ
ပစကစကားပြောမထွက်။ ယေဒါနန့် ဂေါင်းညိတ်ပြလိုက်ပြီးကေ ပုလင်းကိုလှမ်းယူလိုက်တေ။ စိတ်ထဲကတော့ ယေပိုင်လဲ အလိုက်သိတတ်တေကားလို့ သူ့ကို အမှတ်ပီးနိန်မိခရယ်။ ပုလင်းယူခါ သူ့လက်ဖျားနန့် မသိမသာတိုက်မိလားခရယ်။ သူ့မျက်နှာမာ ပန်းနုရောင်လှိုင်း တခုပြီးလားခစွာကို သူတွိလိုက်တေ။ မသန်းစိန် မျက်နှာမာလဲ နှင်းဆီတခင်း ပွင့်လားခရယ်။ ရင်ထဲမာကတော့ တယောက်ကို
တယောက်စိတ်ဝင်စားနိန်ကတ်စွာကို မသန်းစိန်အသေအခြာသိနိန်ခရယ်။ သူမ ညက မက်ခရယ် အိမ်မက်
လဲ ကောင်းမကြာခင် အဂယင့် ဖြစ်လာဖို့လို့ မသန်းစိန် ယုံကြည်ခရယ်။ သူတခါ တခါ စကားပြောကေ ရယ်
လို့ပြောတတ်စွာကိုလဲ သူမယင်းနိန့်က သတိပြုမိခရယ်။ ပုလဲလုံးတိစီတန်းထားပိုင် ဖြူဖွေးနိန်ရယ် သူ့သွားက သွားတက် သျှေနန့် ပဇောင် ချစ်ဖို့ကောင်းမသိ။
သူနန့်စကားစမြည်စလို့ပြောဖြစ်ခရယ်။ မသန်းစိန် သူ့အကြောင်းကိုဒေထက်ပိုလို့သိချင်ခရယ်။ သူမာ ရည်စူးထားရယ် မမသျှေ တယောက်ယောက်များ ဟိလီခဖို့လားလို့လဲ သံသယသူဖြစ်မိပြီးကေ စိုးရိမ်
သောကလဲ ဖြစ်ခရရယ်။ အားလုံးစားလို့သောက်လို့ပြီးခါ သူအိမ်ကိုချက်ချင်းမပြန်သိမ့်ဘဲ သူ့အနားမာ
ထိုင်နိန်ဖို့သိမ့်လို့ ဆုံးဖြတ်ခရယ်။ သူ တေးခြင်းသျှေဘာသျှေ ဆိုကေ မသန်းစိန် သူ့မျက်နှာကိုကြည့်လို့
နားထောင်ချင်ခသိမ့်လေ။ ယင်းပိုင်နန့် ပရိတ်သတ်တိက ကိုမောင်ထွန်းသာ အတွက် မွီးနိန့်ဆုတောင်း
တေးခြင်းတပုဒ်ဆိုဖို့ အောင်ကျော်ရှီ ကိုပြောကတ်တေ။ အားလုံး စွာရယ် မသန်းစိန် စိတ်ထဲမာ ဖြစ်ချင်ရယ်
အတိုင်းဖြစ်လာစွာကို သူမ သိလိုက်တေ။ ယင်းအချိန်မာ အောင်ကျော်ရှီက ကြမ်းမာထိုင်နိန်စွာကနိန် ဂီတာ
တီးဖို့အတွက် နိန်ရာပြောင်းထိုင်ဖို့အတွက် မောင်ထွန်းသာကို အခန်းထောင့်မာ ထောင်ထား
ရယ်ကျိုင်းထောက် ကိုလက်ညှိးထိုးပြလိုက်တေ။ ၀ှက်…ယင်းအချိန်မှ မသန်းစိန်တန်းခါးထောင့်မာထောင်
ထားရယ် ကျိုင်းထောက်ကို သတိပြုမိခရယ်။ မောင်ထွန်းသာ ကျိုင်းထောက်ယူလာပြီးနာ အောင်ကျော်ရှီကို
ပီးလိုက်တေ။ သူကျိုင်းထောက်နန့် ထရပ်လိုက်ခါ မညွန့်စိန် ကြောက်ကြီးသန်ဖက် ၀င်လားခရယ်။ သွင်ပြီး
သောနာ အဘုသျှေခြီ ပိုင် ပိစိကလောင်သျှေနန့် အောင်ကျော်ရှီ ဂီလာန ဘ၀ အမှန်ကိုသူ သိလိုက်ရရယ်။
သူမ ရင်တခုလုံး ပြပြန်းတုန်ပနာ မျက်လုံးမာ မျက်ရည်ပူတိဝှမ်းပါလတ်တေ။ မသန်းစိန် မထင်မှတ်ထားရယ်
မြင်ကွင်းကြောင့် ကြောင်သီသီဖြစ်လားပြီးကေ ချက်ချင်းထပနာ ကမန်းကတန်း မောင်ထွန်းသာအိမ်ထက်က
ဆင်းပြီးပါလတ်တေ။ သတိထားမိလိုက်တေ လူတိကတော့သူ့ကို ငေးကြည့်နိန်ခစွာကို သူ သတိထားမိခပါ
ရယ်။ သူမဖိနပ်စီးဖို့တောင် မတွက်မပေါ်ခ အိမ်ဘားတို့ စင်းစင်းနန့် လျှောက်ပါလတ်တေ။ သူမ မက်ခရယ်
အိမ်မက် တချက်သျှေအတွင်းမာ သဲသောင်က သဲအိမ်သျှေ ပိုင်ပျက်ထွက်လားခရယ်။ ဖြစ်နိုင်ကေ မသန်းစိန် ဒေဟင့်ကို အိမ်မက်တခုရာဖြစ်လိုက်ချင်ခရယ်။ သူအိမ်ပြန်ရောက်တေအခါ အခန်းထဲဝင်ပနာ
ဒေါင့်ဂျောင်သျှေမာ ထိုင်လို့ မျက်ရည်နန့် မျက်ခွက် ဖြစ်နိန်ခရယ်။ ယင်းအချိန်မာ တဘက်အိမ်က အောင်
ကျော်ရှီဆိုနိန်ကျ အချစ် ဆိုရယ် တေးခြင်းသံထွက်လာရယ်။ သူမ မကြားချင်လို့ နားနှစ်ဖက်ကိုပိတ်ထားခ
ရယ်။ ယင်းအချိန်မာ အောင်ကျော်ရှီ အသံရယ် သူမ အတွက် သံရီပူပိုင် ပူလောင်နိန်ခပျာယ်ဖြစ်တယ်။ ။
0 comments:
Post a Comment