တောင်ပုတ်လောက်သန်၊ ရင်ဘတ်အကြီးမသန်က
ဥဒါန်းကျီလွမ်းဆွတ် ၀ဋ်ပါစီ ကျွီးလို့ငိုဖို့
အားအင်တိမဟိ၊ မျက်ရည်တိလဲ ခမ်းခြောက်ခယာလေ။
ခြီမကစို့လာရယ်သွီး၊ ငယ်ထိပ်ကို “ဟုန်း”ခနဲ့ တက်လားရယ်၊
မျက်လုံးတိပြာရီ၊ အသက် ပင် ၀အောင်မသျှူနိုင်
ဒေါင့်ဂျောင်သျှေမာ ကုပ်ပနာထိုင်မိသည်။
ပက်ကျိသျှေပိုင် သစ်ပင်မာကပ်၊ အမြင့်ကို တက်ယင်း
ကိုယ် လာခရယ် ခရီးတလျှောက် ငုံ့ ပျာယ်ကြည့်ရယ်အခါ
အရာရာက ၀ိုးတိုးဝါးတား မှုန်ဝါးဝါး။
တခါတလီ ဘလိ သျှေလဲဖြစ်ချင့်ယင့်၊ တီသျှေလဲ ဖြစ်ချင်ယင့်
ကုပ်တွယ်ထားရယ် မြီကြီးက တဖြည်းဖြည်းလှုပ်လာရယ်အခါတော့
နက်ဖြန်ဆိုစွာ ကမ်းခြီက သဲအိမ်သျှေရာမနား။
သူ့ ကိုမှီမှ ခြီပနာ၊ နိန်သာထိုင်ဟိရယ် ဘ၀မာ
အလင်းရောင်လဲ မမြင်ဝံ့၊ အတောင်ပံလဲ မမျှော်ဝံ့
လောင်ခြိုင့်ကိုခြီ၊ ပီးစွာယူ၊ ရစွာကြေနပ်ခရယ်။
နက်ဖြန်သစ်အတွက် အားသစ်လောင်းချင်ကေလဲ
အဖန်ဖန် အခါခါ ပိတ်လှောင်ခံထားရရယ် ဘ၀မာ
လွတ်လပ်ဖို့စွာ သူ တွေးလို့ကြောက်နိန်မိရယ်။ ။

0 comments:
Post a Comment