Tuesday, 14 December 2010

ပေါက်ပြဲနိန်ရယ် သမိုင်းတပ်ထရံတိ




 အကျွန်တခါတလီ စိုင်းစားဖူးပါသည်။ သမိုင်းဆိုစွာ လက်ဟိ ကာလ နန့် ပတ်သက်ခြင်းဟိလာ၊မဟိလာလို့။ အကျွန်ရို့တိ သမိုင်းအကြောင်းကို စိုင်းစားကတ်သည်၊ပြောကတ်သည်၊ ငြင်းခုံကတ်သည်၊ အဖြေရှာကတ်သည်၊ ကောက်ချက်ချကတ်သည်။ ယပြီးကေ တချို့ကခံစားကတ်သည်၊ ငိုကြွေးကတ်သည်၊ ဂုဏ်ယူကတ်သည်၊ သံဝေဂယူကတ်သည်၊ မိန့်ဖျောက်ပစ်တတ်ကတ်သည်။ သမိုင်းဆိုစွာ မျဉ်းဖြောင့် တကြောင်းပိုင်ဘဲလားလား၊ စက်ဝိုင်းတခုပိုင်ဘဲ လည်လည် သူနန့်ပတ်သက်တေ အရာတိကို အသိ(နာမ်) သဘော အနိန်နန့် ယူဆောင်လားတတ်တေပိုင် ရုပ် သဘောအရလဲ ပြောင်းလဲ စီးဆင်းတတ်တေ သဘောဟိပါသည်။
စိုင်းစားကြည့်ပါ။ အပင်ထက်က သစ်ရွက်၊ နာလာမြောင်းထဲကသစ်ရွက်၊ ဒုန်နာလမ်းထက်က သစ်ရွက်တိုင်းမှာ သူ့ သ
မိုင်းနန့် သူကိုယ်စီ ဟိကတ်သည်။

အစိမ်းရောင် ရင့်ရင့် သစ်ရွက်မှာ အစိမ်းနုရောင် သစ်ညွှန့် ဆိုရယ် သမိုင်းဟိခရယ် ပိုင် နာလာမြောင်းထဲက သစ်ရွက်ခြောက်မှာလဲ ဒုန်နာလမ်းမှာ နိန်ခခြင်း ဆိုရယ် သမိုင်းတခုဟိပါသည်။ ယင်းသစ်ရွက်ရယ် မြီထက်မှာ ၀ပ်စင်းပနာ အပင်တဖန် ပြန်လို့ပေါက်ဖို့အတွက်လဲ မြီသြဇာအဖြစ် အထောက်အကူ ပြုသည်။ ယင်းဟင့်ကို တချို့က သမိုင်းစက်ဝန်းလို့ခေါ်ကတ်ပြီးကေ တချို့က ရုပ်သဘော ပြောင်းလဲ တိုးတက်ခြင်းလို့ခေါ်ပါသည်။ ယေဒါလဲ မြီမှာမ၀ပ်စင်းခင်ကပင် အပင်ထက်မှာ ဟိနိန်ခရယ် သစ်ရွက်ရယ် နောက်ထပ်ပေါက်ရောက်လာဖို့ အပင်တက်က သစ်ရွက် နန့် ပဇောင် ဆက်စပ်မှုဟိလေဆိုစွာကို အကျွန်ဆက်လို့ စိုင်းစားမိသည်။ ယေဇု နန့် ယင်းအသစ်ပေါက်ရောက်လာရယ် သစ်ရွက်မှာ လူသတ္တ၀ါတိ ပိုင်ဆိုင်ရယ် “သိ” စိတ်ကို အကျွန်ထည့်ကြည့်မိခသည်။
ယေဇုနန့်…
အကျွန်ရယ် တခါတလီ သစ်ရွက်တရွက် ဖြစ်ကြည့်ချင်ပါသည်။ အကျွန် နာလာမြောင်းထဲမှာ ကျနိန်ရယ် သစ်ရွက်တရွက်ဖြစ်ခကေ မကြွီလွင့်ခင် ထိုးထိုးထောင်ထောင် အပင်ထက်မှာနိန်ခရယ် အချိန်ကို သတိရ လွမ်းချင်ကေလွမ်းနိန်ဖို့။ ဂုဏ်ယူချင်ကေ ဂုဏ်ယူနိန်ဖို့။ ပုပ်ဟောင် စိုစွတ်နိန်ရယ် ကိုယ့်အခြေ အနေကို သတိထားမိချင်မှထားမိဖို့။ “ကြွီ”ကျတတ်ခြင်း အပြစ်အနာ အဆာတခု အကျွန့် ရုပ်ခန္ဓာနန့် တတူ မွီးဖွားလာကတည်းကပင် ပါလာခစွာကို သိပါသည်။ ယေဒါလဲ မဆီမဆိုင် လီတိုက်ခြင်းကို ဘဲ အပြစ်ချ ယိုးမယ်ဖွဲ့ ပနာ လက်ညှိးတကောက်ကောက် ထိုးနိန်ခဖို့။ အကျွန်တရားပါသည်။
လက်ဟိကာလ ဂုဏ်သိက္ခာကင်းမိန့်နိန်ရယ် အနိန်အထားတခုအတွက် အတိတ်က အချိန်တိကို တမ်းတ လွမ်းဆွတ်၊ သမိုင်းနာကျခြင်းမှာလဲ သဘာဝကျပါသည်။ သေခြာခြင်းတခုက သမိုင်းရယ် သမိုင်းနာကျတတ်တေလူတိကို သမိုင်းထဲကို ရုပ်ဝါဒ နန့်တတူ ပြန်မခေါ်တတ်ပါ။ အတိတ်တခုကို အကောင်အထည် ဒြပ်တခု နန့်နောက်ပြန်ဆုတ်လို့မရပါ။ သစ်ရွက်တရွက်မှာရာ “သိ” စိတ်ဟိခကေ နာမ် တရား နန့် အပင် ထက်မှာ စံစားခရယ် အချိန် တခုကို ပြန်ပြောင်းအောက်မိန့်နိုင်ပါသည်။ ယေအခါ သစ်ရွက်က သစ်ရွက်သမိုင်းကို ပြန်ပြောလာပြီးကေ…နာလာမြောင်းထဲက သစ်ရွက်က သမိုင်းဧ။် ညှင်သာရယ် တတိုးသျှေ ပြောသံကို ကြားလာရပါလိမ့်မေ။ ဒေနိန်ရာမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဝေဖန်ခြင်းဆိုရယ် “သိစိတ်” ကို အကျွန်ရို့ အသုံးချသင့်သည်။ နာလာမြောင်းထဲက သစ်ရွက်တရွက် ဧ။် အလုပ်ရယ် သိစိတ် နန့် တတူ အတိတ်ကမ္ဘာက အပင်ထက်မှာ ပြန်လည်ကျက်စားဖို့မဟုတ်။ ယင်း သိစိတ် ကို အသုံချပြီးကေ လက်ဟိဖြစ်ပေါ်ရပ်တည်နိန်ရယ် ရုပ်ခန္ဓာ(သစ်ရွက်ဆွီး) ကိုအသုံးချပနာ မြီသြဇာဖြစ်ပေါ်ရေး ရာဖြစ်သည်။ သစ်ရွက်တခု အနိန်နန့် မျိုးစိတစိပိုင် အပင်ပေါက်ရောက်နိုင်ခွင့် ဗီဇ မဟိခကေလဲ အပင်ပေါက်ရောက်ရှင်သန်ခြင်းကို မြီသြဇာ အဖြစ် အထောက်အကူ ပြုပနာ မိမိဧ။် နဂို မူလအသွင် ဖြစ်တေ သစ်ရွက်အသစ် ဘ၀ကို ပြန်လည် ပိုင်ဆိုင်နိုင်ပါသည်။

အဂယင့်လက်တွိဘ၀ မှာကားသစ်ရွက် တရွက်ရယ် သိစိတ် နန့် တတူ မရပ်တည်နိုင်ပါ။ ယေဒါလဲ သူကျရယ် နီရာမှာ သူ့ တာဝန်ကို ထမ်းဆောင်ပြီးကေ သူ့ ဘ၀ကို သူပိုင်ဆိုင်အောင်လုပ်တတ်တေ။ ယင်းပိုင်ဆိုကေ အသိဥာဏ်ဟိရယ် လူသားတိအတွက် ဆိုကေကား ထထွေထထူး ပြောစရာ မလိုပျာယ်ထင်ပါသည်။ ယေဇု နန့် အကျွန်ရို့တိသည် မိမိကိုယ်တိုင် အသိုင်းအ၀ိုင်း တိုးတက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်နိုင်ကေလဲ ယင်းအသိုင်းအ၀ိုင်းအတွက် သစ်ရွက်ဆွီး တရွက်ပိုင် ကျရယ်နိန်ရာက အထောက်အကူ ပြု သင့်ပါသည်။ ယင်းဟင့်သည်ပင် သမိုင်းဧ။် စကားကို နားထောင်ခြင်းဖြစ်သည်။ ယင်းဟင့်သည်ပင် သစ်ရွက် တခုဧ။် နဂိုမူလတန်ဖိုးကို ရယူဖို့ကြိုးစားပိုင် အကျွန်ရို့ လူ့ ဂုဏ်ကို ပြန်လည်ရယူခြင်းဖြစ်သည်။ ယင်းဟင့်သည်ပင် သမိုင်းဧ။် ရပ်တည်ခြင်း၊ စီးဆင်းခြင်းကို အသိအမှတ်ပြုခြင်းဖြစ်သည်။

0 comments:

Post a Comment