Tuesday, 14 December 2010

ကမ္ဘာရွာနန့် နိုင်ငံတခုဖြစ်တည်မှု







 ကမÇ္ဘာ နိုင်ငံ ပေါင်း ဇာနှစ်နိုင်ငံ ဟိလေ လို့ အမိန်းဟိလာကေ ဖြေဖို့ ကတော့ သင့်အောင်သျှေလောက်ခက်ပါသည်။အမေရိက 
ကိုလားဖို့ အင်လိုင်းမာ ဗီဇာလျှောက်ကေ ပြည်ထဲ စောင့်ကြပ်ရီး ဌါနကနိန် သင့်ကိုယ် ကိုယ်စားပြုရယ် နိုင်ငံအပါအ၀င် 
နိုင်ငံပေါင်း ၂၅၁ နိုင်ငံ ရွီးခြယ်ခွင့်ပီးပါလိမ့်မေ။  အမေရိကန် သတ်မှတ်ထားရယ် ယင်းနိုင်ငံတိ အရေအတွက် စရင်းရယ် များတော့ 
များပါယင့်၊ ယေဒါလဲ အင်တန်လောက် ကတောက်ကဆ နိုင်စွာကို တွိရပါရယ်။   ပဇာဖြစ်လို့လဲ ဆိုကေ ယင်းစရင်းထဲမာ 
တောင်အက်တလန်တိတ်သမုဒရာ ထဲက နော်ဝေ နိုင်ငံက ပိုင်ဆိုင်ပြီးကေ လူမနိန်နိုင်လောက်အောင် အီးရယ် ဘောလ်ဘတ် 
ကျွန်းဆွယ်ပါဝင်နိန်လို့ပါ။  နောက်ပြီးကေ ၁၉၉၀ လောက်က နိုင်ငံအဖြစ်ကနိန် ရပ်စဲလားခရယ် တောင်ယီမန်အပါအ၀င် 
၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲအပြီးကတည်းက ပျောက်ကွယ်လားခရယ် ဆော်ဒီအာရေးဘီးယား နိုင်ငံနန့် အီရတ် 
နိုင်ငံကြားမှာဟိရယ် စိန်တုံးပုံ သဲကနရ သာသာ ကြားနိန်ရေး ဇုံ လဲ ပါဝင် ပါသည်။

ယင်းစရင်းရယ် အင်တန် ဂွကျရယ် စရင်းတခုဖြစ်ပါသည်။  ပဇာဖြစ်လို့လဲဆိုကေ အဂယင့်နိုင်ငံမဟုတ်တေနိန်ရာတိတော့
ပါဝင်နိန်ပြီးကေ အနည်းဆုံး အမေရိက အစိုးရအတွက် နိုင်ငံလို့ သတ်မှတ်လို့ရလောက်တေတိုင်းပြည်တိတော့ စရင်းထဲမာပျောက်နိန်ပါသည်။  သာဓကအနိန်နန့် ပြောရကေ ရုရှား ထောက်ခံမှုနန့်ဂျော်ဂျီယာ ကနိန် ကိုယ်ပိုင်လွတ်လပ်ရီး
ကြေငြာပနာ ခွဲထွက်လားခရယ် အက်ဘ်ခါဇီးယ နန့် တောင်အိုးဆီးသျှား နိုင်ငံတိတော့ မပါဝင်ပါ။  ယေဒါလဲ ယင်းခွဲ
ထွက်တေ နိုင်ငံတိကို နိုင်ကာရာကာ၊ ဗွီနီစွဲလား နန့်နူရူ နိုင်ငံတကတော့ အသိအမှတ်ပြုကတ်ပါသည်။   ယေဒါလဲ ကမÇ္ဘာမှာဟိရယ် 
နိုင်ငံတိရယ်ေ တောင်ဆူဒန်ကို နိုင်ငံအဖြစ်သတ်မှတ်ဖို့ မ၀ီးပျာယ်လို့ထင်ရကေလဲ အဂုအချိန်မာတော့ ဆုံးဖြတ်ထားပြီးပုံမကျပါ။ 

ပုကလိက အဖွဲအစည်း စရင်းက ဒေထက်ပိုလို့ ကတောက်ကဆ ဖြစ်ပါသိမ့်သည်။  ဟော့မဲလ် ရယ် သူ့ဘားမာ အီးမဲလ် အကောင့် 
ဖွင့်ဖို့ နိုင်ငံပေါင်း ၂၄၂ နိုင်ငံပီးထားပါသည်။ ၀ပ်ဆာဗီ ဖျံ တိကတော့ ဘောလ်လတ်ကျွန်းဆွယ် စရင်းထဲ မာပါလို့ပျော်ကတ်ပါလိမ့်
မေ။ ယေဒါလဲ  နိုင်ငံပေါင်း ၆၅ နိုင်ငံက ထောက်ခံထားရယ်ကိုဆိုဘို နန့် နိုင်ငံ ပေါင်း ၈၀ ကျော်ကတောင် ထောက်ခံထားရယ် 
အနောက်ဘက်ဆာဟာရ ဒေသကလူတိကတော့ သူရို့ တိုင်းပြည်ကို အင်လိုင်းမာ ရှာကေ ဖဖတ်သီအောင် ညောင်းလားပါလိမ်မေ။

ယေဇု နန့် နိုင်ငံတခုဖြစ်တည်မှုအဓိပÜာယ်ကို လားရှာကေ မူမမှန်မှုတိ၊ ခြွင်းချက်တိကြားမာ ဂေါင်းမွိန့်လားဖို့ အခြီအနိန်ဟိပါသည်။   
သံတမန်ဆက်ဆံရီး အသိအမှတ်ပြုမှုကလဲ လက်တွိဘ၀အတွက် တိကျယှင်းလင်းရယ် ညွှန်ပြမှုကို မပီးနိုင်ပါ။   စစ်အီးကာလက 
ဆိုကေ နိုင်ငံအင်တန်များများက ထိုင်ဝန်တရုတ်ကို လွတ်လပ်တေတရုပ်ပြည် အဖြစ်အသိအမှတ်ပြုထားခကတ်ပြီးကေ 
တရုပ်ပြည်မကို တော့ ချန်လှပ်ထားခပါသည်။အဂုအချိန်မာ တော့ ပြန်းစိကာရ ဆန်ပနာ ပြောင်းပြန်ဖြစ်လားခပါသည်။   
အဂုအချိန်မာ ထိုင်ဝန် နန့် တရားဝင်လို့အသိအမှတ်ပြုလောက်တေ သံတမန်ဆက်ဆံရီး ဟိရယ် နိုင်ငံအရီအတွက်ရယ် ၂၃ နိုင်ငံအထိလျော့ကျလားခပါသည်။  ယေဒါလဲထိုင်ဝမ်ရယ် နိုင်ငံတခုဖြစ်နိန်သိမ့်ပိုင် အရေးကြီးရယ် အနိန်အထားမာ လည်းဟိပါ
သည်။ယင်းတရုပ်ပြည်မက နိန်ပြီးကေ တရုပ်ထိုင်ပေ လို့ ခေါ်ဝေါ်သုံးစွဲရယ် ထိုင်ဝန်ရယ် အာရှဒေသဖွံဖြိုးတိုးတက်ရေး ဘဏ် 
နန့် ကမÇာ့ဘဏ် အဖွဲ့ ဝင်ဖြစ်လာရယ်ပိုင် စီးပွားရီးဖွံဖြိုးတိုးတက်မှု နန့် ဖက်စပ် အဖွဲ့တချို့မှာလည်းလေ့လာအကဲခတ်သူဖြစ်လာပါ
သည်။  ကမ္ဘÇာမာ ဟိရယ် ကုန်သွယ်ရေး အဖွဲ့ပေါင်း တရာကျော်လောက်ရုံးစိုက်တေနိန်ရာလဲ ဖြစ်လာပါသည်။

အဂယင့်  သံတမန်ဆက်ဆံရီး နန့်ရာ နိုင်ငံတခုဖြစ်တည်မှုကို အသိအမှတ်မပြုနိုင်ကေ ပဇာနန့်သတ်မှတ်ပါဖို့လဲ။  ယင်းသက်ဆိုင်ရာ 
နယ်ပယ်မာ နိန်ကတ်တေ လူတိ အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပီးနိုင်စွာနန့်သတ်မှတ်ဖို့လား၊ ယင်းမဟုတ်ကေ နယ်ပယ်ဒေသကို 
ထိန်းချုပ်ထားနိုင်မှု နန့်သတ်မှတ်ဖို့လား။  အဖြေကတော့မှုန်ဝါးဝါး ဟိပါသိမ့်သည်။  တရားဝင်ဖြစ်မှု၊ နယ်ပယ်ဒေသ ထိန်းချုပ်နိုင်မှု 
နန့် တခြားနိုင်ငံက လက်ခံရယ်နိုင်ငံကူးလက်မှတ်ပိုင် စာရွက်စာတမ်းတိ ထုတ်ပီးနိုင်မှုရယ် တထပ်တည်းမကျပါ။  သာဓက အနိန်နန့်ပြောရကေ ကိုဆိုဘို ကို နိုင်ငံအဖြစ်အသိအမှတ်မပြုရယ် နိုင်ငံအင်တန်များများရယ် ယင်းနိုင်ငံက နိုင်ငံကူးလက်မှတ်
ကိုင်ရယ်လူတိကိုတော့ လက်ခံပြန်ပါရယ်။  ဆယ်စုနှစ် အင်တန်ကြာ အောင်ထိ လီသူးနီယား နိုင်ငံက ပြည်ပပရောက်  သံတမန်တိကို သူရို့နိုင်ငံ ရုရှားထိန်းချုပ်မှု အောက်မာဟိကေလဲ အသုံးပြုလို့ရရယ်နိုင်ငံကူးလက်မှတ်တိ ထုတ်ပီးထားပါရယ်။   
ရောမက အဆောက်အဦး နှစ်ခုစာလောက် အကျယ်အ၀န်းရာဟိရယ်မတ်လ်တား နိုင်ငံရယ်   နိုင်ငံကူးလက်မှတ်တိ၊ 
တံဆိပ်ဂေါင်းတိ ဟိတောင်မကလို့ နိုင်ငံပေါင်းတရာကျော်နန့် သံတမန်ဆက်ဆံရီးဟိပါသည်။   နောက်တခုက အီတလီ 
နိုင်ငံမြို့တော် အလယ်ဂေါင်မာ တည်ပြီးကေ  ဧကပေါင်း၁၁၀ လောက်ရာကျယ်ဝန်းရယ် ဗာတီကန်မြို့တော်က စကေတဘွေလောက်
တော့ကြီးပါသည်။  ယေဒါလဲသူရို့စွာသူရို့ အချုပ်အချာ အာဏာပိုင်နိုင်ငံလို့ သတ်မှတ်ပါသည်။  ယင်းဘာတီကန် မာဟိရယ် သံတမန်တိလဲအီတလီအစိုးရဘားမာ မဟုတ်ဘဲ ပုပ်ရဟန်းမင်းကြီး ဘားမာရာ တိုက်ရိုက်အမှုထမ်းကတ်စွာဖြစ်ပါသည်။   
သူရို့သည်လဲ ကုလသမဂ မာ လေ့လာအကဲခတ် သူတိဖြစ်ပါသည်။

ကုလသမဂ မာ အဖွဲ့ ဝင်ဖြစ် မဖြစ်ဆိုစွာနန့်လဲ နိုင်ငံတခု ဖြစ်တည်မှုကို ယှင်းယှင်းလင်းလင်း မပြောပြနိုင်ပါသိမ့်။အီစရေးရယ် ယင်းအဖွဲ့ ကို ၁၉၄၉ မာ ၀င်ခချိန်မာ နိုင်ငံ ၁၉၂ ထဲက ၁၉ နိုင်ငံလောက်က ကန့်ကွက်ခပါသည်။တချို့ကဆိုကေ အီစရေးဆိုရယ် 
နာမေ ကို မခေါ်မိအောင်သတိထားယှောင်ယှား ကတ်ပြီးကေ ဇီယွန်ဝါဒီ လှုပ်ယှားမှုလို့ဘဲ သုံးစွဲခကတ်ပါသည်။   ကုလသမဂ္ဂ
အဖွဲ့ ဝင်နိုင်ငံတိ သုံးပုံတပုံလောက်က ကိုဆိုဘို ကို အသိအမှတ်ပြုကေလဲ ကုလသမဂ ကိုယ်တိုင်ကတော့ အသိအမှတ်မပြုခပါ။ 
အဂယင့်ပြောရကေ ကုလသမဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်မဖြစ်ဆိုစွာကတော့ နိုင်ငံတခုဖြစ်တည်မှု၊ ထူထောင်မှု တိအတွက် 
မဟိမဖြစ် မလိုအပ်တေပိုင် လုံလောက်တေ အနိန်အထားလဲမဟိပါ။  ကုလသမဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ဖို့ စောင့်နိန်ရယ်ဆိုစွာ 
ဇာနန့်လားတူလဲဆိုကေ၊ ကိုဆိုဘို သူ့နိုင်ငံနာမေ နန့် အိန်တာနက် ဒိုမိန်းရဖို့၊ ဖုန်း ကုဒ် နံပါတ်ရဖို့ နန့် နိုင်ငံကိုယ်စားပြု   
ကမ္ဘÇာ့ဖလား ဘောလုံးပွဲ ၀င်ကျောက်ခွင့်ရဖို့ စောင့်နိန်စွာနန့်တူပါသည်။  ကိုဆိုဘိုထက် အသိအမှတ်ပြုခံရရယ် နိုင်ငံတိ နည်းရယ် ထိုင်ဝမ်ကတော့ အထက်ပါ အခွင့်အရီး သုံးခုစလုံးကို သူရို့ရနိန်ပါသည်။

တူရကီ အစိုးရအထောက်အပံ့ရဟိ ရယ် ဆိုက်ပရပ် မြောက်ပိုင်းရယ် ၁၉၈၃ ခုနှစ်မာ လွတ်လပ်ရီးကြေငြာခကေလဲတူရကီတနိုင်ငံ
တည်းရာထောက်ခံခပြီးကေ စီးပွားရီး သင်းကွဲမှုကိုခံခရပါသည်။  ဗြိတိန် နိုင်ငံနန့် တိုက်ရိုက် လီပျံပျံသန်းဖို့ကြိုးစားခချိန်မာတော့
နိုင်ငံတကာ အချုပ်အချာ နိုင်ငံတိဧ။် လီထု ပိုင်ဆိုင်ခွင့် ဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီးကေ တရားရုံးက ၂၀၀၉ ခုနှစ်မာ
အမိန့်ချလိုက်ပါသည်။  ဂျာမန်တွေးခေါ်သျှင် မတ်စ် ဝေဘာ ကအစိုးရသည် အကြမ်းဖက်မှုကို တရားဝင် လက်ဝါးကြီးအုပ် 
ကျင့်သုံးနိုင်သူ လို့ သမုတ်ခပါသည်။  အေ ဖွင့်ဆိုချက်ကတော့ စကေလောက် လက်တွိကျပါသည်။ ယေဒါလဲ စကေတဘွေ 
သျှူပ်ထွီး နိန်ပါသိမ့်သည်။ အထက်ပါဖွင့်ဆိုချက်အတိုင်းရာဆိုကေ အဂုရောင်းရင်းဆန်ခတ် ဖြစ်နိန်ရယ်ဆိုမားလီးယားကတော့ 
ယင်းဖွင့်ဆိုချက်နန့် အံဝင်ဂွင်ကျ မဖြစ်ပါ။  ယေဒါလဲ  သူ့ ကို အချုပ်အချာ အာဏာပိုင် နိုင်ငံလို့သတ်မှတ်ကတ်ပါသည်။၁၉၉၁ 
ခုနှစ်လောက်က လွတ်လပ်ရီးကြေငြာခရယ် ဆိုမားလိမြီ  မြောက်ပိုင်းကတော့ အထက်ပါ ဖွင့်ဆိုချက်နန့် အံသြသင့်လောက်အောင် ကိုက်ညီလာခပါသည်။  သူ့မာ ကိုယ်ပိုင် ဖေသာ၊ ကား လျှောက်လွှာတင်ခြင်းစနစ် နန့် နိုင်ငံကူးလက်မှတ်တိထောင် ထုတ်ပီးနိုင်ပါ
သည်။ ယေဒါလဲ တခုတည်းသော ပုဂလိက ပိုင်ဖြစ်တေဒီအိတ်ခ်ျအဲလ်(DHL) သယ်ယူပို့ဆောင်ရီး အဖွဲ့ တခုရာ အပြင်ကမÇာ နန့် 
အဆက်အသွယ်ဟိပါသည်။နိုင်ငံတကာ စာပို့ဝန်ဆောင်မှု ရဟိဖို့အတွက် နိုင်ငံတကာစာပို့ဝန်ဆောင်မှု အဖွဲ့ ဝင်ဖြစ်ဖို့လိုပါသည်။  ကုလသမဂ အဖွဲ့ဝင်နိုင်ငံမဟုတ်ကေတော့ ယင်းအဖွဲ့ ဝင်နိုင်ငံထဲက သုံးပုံနှစ်ပုံ ထောက်ခံမှုကိုရရဖို့ဖြစ်သည်။  အာဖရိကန် ယူနီ
ယန်က နိန် ဆိုမားလိမြီ (Somaliland) လွတ်လပ်ရီးကြေငြာမှုကို ငြင်းပယ်ခပါသည်။  ပဇာဖြစ်လို့လဲဆိုကေသူရိုတိသည် 
အာဖရိကတိုက် နယ်ခြားမျဉ်းတိပြောင်းလဲခြင်းကို မကြိုက်လို့ပါ။

ယင်းပိုင် နိုင်ငံစရင်း  နန့်ပတ်သက်လို့စိတ်သျှုတ်ထွီးနိန်ရခြင်းအကြောင်းအရင်းက တော့ လူတိအပျင်းထူလို့ဘဲဖြစ်ပါသည်။   
နိုင်ငံအဖြစ်က နိန်ရပ်စဲပြီးလားခရယ် နိန်ရာတိနန့်၊ လူတိမနိန်ပျာယ်ဖြစ်တေ နိန်ရာတိကိုစရင်းကနိန်ဖျက်ဖို့စွာကတော့ 
လွယ်ရယ် ကိတ်စတခုပါရာ။  ပြည်ထဲရေး စောင့်ကြပ်ရီးအဖွဲ့ ကတော့ ယင်းဟောင်းနိန်ပျာယ်ဖြစ်တေ စရင်းအင်း တိကို 
ပြစ်တင်လားခပြီးကေ မကြာခင်ပြောင်းဖို့လို့ ပြောပါသည်။ ယေဒါလဲ နှောင့်နှေးကြန့်ကြာမှုတိနန့် ယင်း အချုပ်အချာပိုင်
နိုင်ငံတိအတွက် နယ်ခြားမျဉ်း သတ်မှတ်ရီးရယ် ကသီကအောက်ဖြစ်ခရယ် သဓကတိဟိနိန်ုခလို့ပြောင်းလဲ မှုကို စကေတဘွေ
လောက်ရာဖြစ်စီခပါသည်။

လူဦးရယ် ဘလောက်ဟိရယ် နယ်ပယ်တခုရယ် တိုင်းပြည်နိုင်ငံ တခုအဖြစ် စရင်းဝင်ဖို့လဲ ဆိုစွာက တော့နိုင်ငံရီးသမားတိအတွက် 
ပုဂ¾ိုလ် စွဲ ဆန်ရယ် မိန်းခွန်းတခုဖြစ်ပါသည်။  ယင်းဟင့်ကို ဇာ ရှိနိန် ကလဲ လူတိလက်ခံလာအောင် အတည်ပြုသတ်မှတ်ပီးလို့ 
ရဖို့မဟုတ်ပါ။  အစိုးရတိမာ သူရို့နန့် မကိုက်ကေ ပယ်၊ကိုက်ကေ ထောက်ခံ ဆိုရယ် စံနှုန်းစံထား အတိုင်းအတာ တိရယ် သံတမန်ဆက်ဆံရီး ကနိန် နိုင်ငံတခုဖြစ်တည်မှုကိုငြင်းပယ်ခြင်းအထိ အဆင့်အမျိုးမျိုးဟိပါသည်။   သံတမန် သီအိုရီက 
ပဇာပိုင်ဘဲဆိုဆိုဘ၀တိက ဆက်လို့ ဆက်လို့ လားနိန်ပါသည်။  ထိုင်ဝမ်ကတော့ ဥရောပ ပါလီမန်က ပန်းရနံ့သင်းရယ်
ဆုံးဖြတ်ချက်တိနန့် လီညှင်းခံပနာ ဟီတီနိုင်ငံ ကိုတောင်ကူညီလိုက်ပါသိမ့်သည်။  ကိုဆိုဘိုကတော့ သူများအသိအမှတ်မပြုကေလဲ 
မော်နန်ကို နန့် ဆိုဗီးနီးယားက ဖုန်းကုဒ်နံပါတ် တိငှားသုံးနိန်ပါသည်။  အသိအမှတ်ပြုမခံထားရရယ် နိုင်ငံတိက ဘောလုံးအသင်း တိရယ် နောက်လကျကေ မတ်တား မာ စကျောက်ကတ်ပါဖို့ယာ။ဧပြီလသုံးရက်နိန့်က ဆိုမာလီမြီ (Somarliland)က နိုင်ငံရီး 
သမားတိကတော့ အိမ်ဖြူတော်မာ ခင်ခင်ရင်းနှီးရယ် တွိဆုံပွဲတခု တက်ရောက်ခပြီးကေ လူဝင်မှု ထိန်းချုပ်ရီးအကြောင်းကို ဆွေးနွေးလားခရယ်လို့ထင်ရပါသည်။


(The Economist, April 10th-16th 2010: In quite a state ကို ဘာသာပြန်ဆိုသည်။)

0 comments:

Post a Comment