Tuesday, 14 December 2010

သမက်တက်ပွဲ

မြတ်သန္တာ ရယ် မှန်တင်ခုံရှိမာ ထိုင်ပနာ အသက်ဝိဥာဏ်ကင်းမိန့် ရယ် လူတယောက်ပိုင်ဖြစ်နိန်ခသည်။အနားက အလှဆင်ရယ် မမ
က သူမမျက်နှာခွက်မာ မိတ်ကပ်၊ ပရိုမီနာ နန့်လိုင်နာတိကို ကြည့်ကောင်းဖို့ထင် ရယ်ပိုင် လိမ်းကျံနိန်ခသည်။   သူမ မျက်လုံးအိမ်က 
မျက်ရည်တိ ၀ှန်လာရယ်အခါ မျက်တောင်ညိတ်ပုတ်ညိတ်ပုတ် ခတ်ပနာ မနည်း ထိန်းထားလိုက်ရသည်။   သူ့အေးမ သည်က အနားကို တိုးတိုး သျှေကပ်ပနာ မင်္ဂလာယူဖို့ အချိန်မာ မျက်ရည်မကျ ကောင်းလို့ သတိပီးပါသည်။   မျက်ရည်သည် သူ့အလိုလို
ကျလာခြင်းမဟုတ်တေပိုင်၊ တမင်တကာ နတ်ဒေ၀ါတိက ဖန်ဆင်းထားခြင်းလည်း မဟုတ်ပါ။ ကျစရာ အကြောင်းဟိလို့ 
ကျလာရခြင်းဖြစ်ပါသည်။

လွန်ခရယ် ခြောက်လလောက်က မြတ်သန္တာ ဆိုရယ်ကလိန့်မေရယ် ဖျတ်လတ်တေစိတ်၊ ပေါ့ပါးရယ်ခန္ဓာဟိရယ် သူတယောက်ဖြစ်ပါ
သည်။ သူရယ် အငယ်ကတည်းက ခြောက်ပစ်လွဲ သဲလဲစင် နိန်လာရယ် မမသျှေတယောက်လဲဖြစ်တေ။   သူ့အမိအဘ တိရယ် မြို့က 
ဂုဏ်သရေဟိ မြို့မျက်နှာဖုန်းတိဖြစ်ကတ်သည်။သမီးတယောက်တည်းဖြစ်လို့ သူပိစိကလောင်သျှေကတည်းကအရိပ်တ
ကြည့်ကြည့်နန့် ထားခကတ်သည်။မြတ်သန္တာအထက်တန်းကျောင်းပြီးခါ အမိအဘတိက ရန်ကုန်ကိုလားပနာ တက္ကသိုလ်ကျောင်း
တက်စီခသည်။  ယမန်နှစ်က သူမ ဘွဲ့ရလာရယ်အခါ အိမ်ထောင်ချပီးဖို့ အမိအဖက တိုက်တွန်းလာပါသည်။ အဂယင့်ဆို သူအိမ်ထောင်မပြုချင်ခပါ။ သူမ မာ ရွယ်ရည်ထားခရယ်၊ တယောက်နန့်တယောက်နားလည်မှုရပြီးသား သူတယောက်ဟိခပါသည်။ 
သူကလဲ သူမကို မေတ္တာစကား ဖွင့်ဟ အံချထားရယ်ပိုင် သူမဘက်ကလဲ လိုလိုလားလား ပီတိအဖြာဖြာ နန့် တုံ့ပြန်ထားပြီးဖြစ်ပါ
သည်။  ဒေစကားကို သူမ အမိအဘတိကို ဖွင့်ဟတိုင်ပင်ရယ် အခါ ခါးခါးသီးသီး အ ငြင်းခြင်းခံလိုက်ရသည်။  ယပြီးကေ 
သူမမြိုက ဒက်တင် ပေါက်စတယောက်နန့် ပစပ် ဖို့ကန်ခသည်။  မြတ်သန္တာ ရယ် ခစ်ပညာတတ် တေမမသျှေတယောက်ဖြစ်ပါသည်။
ကိုယ့် ချစ်သူကို သစ္စာ စောင့်ထိန်းသူတယောက်လဲဖြစ်ချင်ခပါသည်။  ယေဒါလဲ ရည်းစားနန့် အမိ အဘကိုချိန်ခွင်တခုမာ ထားလာရရယ်ခါသူမအနိန်နန့် အမိအဘစကားကို လွန်ဆန်နိုင်ခွင့်မဟိခပါ။  သူမ စောဒကတက်ချင်ခပါသည်၊ ဖြေယှင်းချက် 
ထုတ်ချင်ခပါသည်။  ယေဒါလဲ အမိအဘစကားကို နားထောင်ရယ်သမီးအလိမ္မာ တယောက်ဘဲ သူမဖြစ်ချင်ခရယ်မဟုတ်လား။   
ယေဇုနန့် စိတ်မပါ ဘဲ ယင်းဒက်တင်ပေါက်စကိုလက်ခံလိုက်ခြင်းပါ။ သူ့အမိကတော့ “မေမေ ရို့ စိတ်ချမ်းသာစွာကို မမြင်ချင်လား 
သမီး” ဆိုပနာ ငိုသံပါပါနန့်ပြောပနာ သူမကို နားချခသည်။  ယေဒါလဲ အမိအဘတိအနိန်နန့် ပညာဟိသတိ ဖြစ်ခဲဆိုရယ်ပိုင်
သူမ စိတ်ချမ်းသာဖို့ အတွက်တော့ ထည့်မတွက်ခထင်ပါသည်။

ယင်းဒက်တင်ပေါက်စကို သူမမိသားစု လွယ်လွယ်နန့်ရထားခြင်းမဟုတ်ပါ။   သူမ ရို့အသိုင်းအ၀ိုင်းမာ ဒက်တင်
ရို့ အင်ဂျိန်နိန်ယာ ရို့ဆိုစွာ စိန်ပိုင်လည်းကောင်း၊ ရွှီပိုင်လည်းကောင်း အဖိုးတန်ရယ် အရာတိဖြစ်ကတ်ပါသည်။
ယေဇုနန့် ဒက်တင်၊ နန့် အင်ဂျိန်နိန်ယာ ဖြစ်ဖို့လူတိသည် သမီးသျှင် မိဘတိက မျက်စပစ်ခြင်းကို ခံကတ်ရပါ
သည်။  ကျောင်းထားဖို့ ဖေသာမတတ်နိုင်ရယ် အနာဂတ် ဒက်တင်လောင်း တိကိုလဲ သမီးသျှင်မိဘ တိက
အကြို စရံဖေ့သာ သဘောအနိန်နန့် ကျောင်းထားပီးပနာ၊ ကျောင်းပြီးရယ်အခါ သူ့ရို့ သမီးနန့် ပီးစပ်တတ်ပါသည်။
ယင်းဟင့်ရယ် မြတ်သန္တာ ရို့အသိုင်းအ၀ိုင်းမာဟိရယ် တနိုင်ငံမာလဲ မကြားဖူးရယ် ထုံးတမ်းစိုင်လာတခုဖြစ်သည်။
မြသန္တာ အိန္ဒိယ ကားတိ၊ တရုတ်ကားတိ မာအခါခါ မြင်ဖူးသည်။  သူငယ်ချင်းနှစ်ယောက်က သားနန့်သမီးမွီးကေ
လက်ထပ်ပီးဖို့ ဆိုပနာ မမွီးလာသိမ့်ရယ် သားနန့်သမီးအတွက် ကတိသစ္စာပြုကတ်ခြင်းတိဖြစ်သည်။
လူ့လောကထဲကို တောင်မရောက်သိမ့်ဘဲ ဇာပိုင်ဖြစ်လာဖို့တောင်မသိသိမ့်ရယ် လူသျှေတိ ကံကြမ္မာကို ကြိုလို့
ဆုံးဖြတ်ထားခြင်းကတော့စကေတဘွေ တရားလွန်ရယ်လို့ သူမထင်မိပါသည်။  တခါတလီ သမက်သျှင်ဘက်က
နိန် သမီးသျှင်ဘက်ကိုလာကမ်းလှမ်းလာခြင်းတိမာ တော့ အသွင်းပီးရရယ် ရိုးရာတခုဟိပါသည်။  သူမရို့
အသိုင်းအ၀ိုင်းမာတော့ ယင်းအသွင်းကို ရွှီနန့် လည်းကောင်း၊ စိန်နန့်လည်းကောင်း သမက်သျှင် ဘက်က
သမီးသျှင်ဘက်ကို ပီးကတ်ရသည်။  ယင်းလုပ်ရပ်တိရယ် လူတယောက်တန်ဖိုးကို သတ်မှတ်ခြင်းနန့်တူ
ရယ်လို့သူမထင်ပါသည်။  တရားခံတယောက်ကို ဖေသာ စရံပီးပနာ အချုပ်ခန်းက တရားဝင်ထုတ်လားခြင်းနန့်
တူရယ်လို့လဲ သူမသုံးသတ်တေ။  ယေဒါလဲ တိုင်းပြည်တခု ကယိုင်ကျေးမှုထုံးတမ်းစိုင်လာကို ပြောင်းလဲဖို့်ဆို
စွာ ယင်းတိုင်းပြည်က ဥပဒေကို ပြောင်းလဲဖို့ထက် ပိုလို့ခက်ပါသည်။  ယင်း တိုးတက်တေ ခစ်စနစ်နန့်
ကိုးလို့ကန့်လန့် ဖြစ်နိန်ရယ် ဒေယိုင်ကျေးမှုတခုမာ တော့ လောလောစိုင်သူမ သားကောင်ဖြစ်ခရပျာယ်လေ။

ညက သမီးစောင့်နိန့်ကတည်းက အိမ်မာ လူစုံတက်စုံဖြစ်နိန်ခရယ်။ သမက်သျှင်ဘက်က လာပနာ ကောက်ညင်း
ဆန် နန့် သပြေခက် အိုးလာပီးလာခသည်။  သမက်သျှင် အမိက သူမကို ပီတိသောမနသ တိဝေဖြာရယ် အပြုံး
တိနန့် ကြေနပ်ပနာ ကြည့်လားခသည်။  ယင်းအချိန်မာ အီးစက်တေသူမ လက်တိခြီထောက်တိကို သူ့မေမေက
လာကိုင်ပနာ “သမီး နိန်ကောင်းယင့်လား” ဆိုပနာမိန်းမှ သူ သတိပြန်ဝင်လားခသည်။  ယင်းအချိန်မာ မိုးထဖသား
၆ချက်တီးနိန်ပျာယ်ဖြစ်ပါသည်။  တအောင့်ကေ သမက်သျှင်ဘက်က လာကတ်ဖို့ပျာယ်ဖြစ်တေ။  သူ အဆင်သင့်
လုပ်ထားဖို့လိုပါသည်။  မေမေ သူ့အတွက် ကော်ဖီ ပပူတခွက် ယူလာခသည်။  သူမ မသောက်ချင်ခပါ။  သူမရင်ထဲ
ဝမ်းထဲမာ အစာတော့ တခုလဲမဟိခ။  ယေဒါလဲ ပွင့်အံမထွက်လာခရယ် စကားလုံးတိ၊ သူမ ဘ၀အတွက် သူမ
ဘာသာ ရွီးခြယ်မှုလုပ်ချင်ခရယ် အာသီသတိက အခုအချိန်မာ ပြည့်ကျပ် နိန်ခပျာယ်ဖြစ်သည်။  ယေဒါလဲ
အမိအဘစကားကို နားမထောင်ကေ မလိမ္မာ လို့ဆိုတတ်တေ အသိုင်းအ၀ိုင်းမာ ဒေကော်ဖီ တခွက်နန့်တော့
သူမ စကားမပြောချင်ပါပျာယ်။  သူမ တဘ၀လုံးကို တောင်တနာရီလောက် စကားမပြောဖူးရယ် လူတယောက် လက်ထဲကို ပုံအပ်ထားဖို့ ဆုံးဖြတ်ပြီးပျာယ်မနား။

ယင်းနိန့်သူမ အိမ်မာ တအိမ်လုံးကို သမက်တက်ပွဲဟိလို့ ခင်းကျင်းပြင်ဆင်ထားခပါသည်။  ပြင်ယှိဘက်ခမ်းမာ
ကတော့ သူမနန့်  သူမအိမ်သျှင် မဖြစ်သိမ့်ရယ် သမက်သျှင်ထိုင်ဖို့ နိန်ရာလုပ်ထားပါသည်။  ယင်းရှိမာ ခုံတခုံ
ချထားပြီးကေ တရားပွဲအုန်းပွဲတင်ထားခသည်။  ယပြီးကေလောင်ပွန်း တချပ်မာ ကောက်ညှင်းထမင်း၊ ငါးကျော်
နှစ်ကောင်၊ ဘဲဥနှစ်လုံး နန့် တခြားစာဖွယ်အရာရာတိ ချထားပါသည်။  လက်ဖွဲ့ဖို့ဖေသာ ထည့်ဖို့ ငွီဖလား
အကြီးမသန်နှစ်လုံးကိုလဲ ခုံထက်မာ တင်ထားခသည်။  အိမ်မျက်နှာကြက်မာတော့ လီလုံးတိ
ရောင်စုံ ကို ဖဲကြိုးမျိုးစုံ နန့် ချိတ်ဆွဲပနာ အလှဆင်ထားခပါသည်။  မင်္ဂလာ တေးခြင်းကို ဖွင့်ဖို့ စက်ဆြာ
အသီးသီး နန့် သမက်တက်ပွဲကို လာရယ် အာဂန္ဓုတိကိုကျွေးမွေး ဖို့ အဖွဲ့သူအဖွဲ့သားတိလဲ ရောက်ကတ်ပျယ်
ဖြစ်သည်။  သူမအဖို့ သမက်သျှင်ကို ထိုင် ပနာစောင့်ရစွာရယ် တခါလဲ ဘ၀မာ မကြုံဖူးရယ် စိတ်ခံစားမှုတခု
ခံစားရပိုင် ဖြစ်ခသည်။  သူမရို့ ယိုင်ကျေးမှုအရ သားကိုသခင်၊ လင်ကိုဘုရား ဆိုရယ်အတိုင်း ကိုယ့်ဘ၀ကို စီမံ
ကွပ်ကဲ အုပ်ချုပ်ဖို့ အိမ်ဦး နတ်ရယ် များမကြာခင် သူမအိမ်ထက်ကို တက်လာဖို့ပျာယ်လေ။  သူ့ကို မြသန္တာ
က ကိုယ်မှုကိစ္စ အ၀၀ကို မယားဝတ္တရား ငါပါးနန့် အညီလုပ်ပီးရလိမ့်မည်။  သူ့အပေါ် သစ္စာ စောင့်ထိန်းရ
လိမ့်မည်။  ယေဒါလဲ သူမသည်လဲ ခစ်ပညာတတ်တယောက် ဖြစ်တေနည်းတူ ကိုယ့်ထမင်းကိုယ်ရှာစား
နိုင်ပါသည်။  လင် ပြောတိုင်း ပစပိတ်ဂေါင်းညိတ်ပနာ ထိုင်ရထရ လုပ်ရရယ် ဘ၀မျိုးတော့ သူမလဲ မလိုလားပါ။
အိမ်ထောင်ရေးတခုဆိုစွာ လင်ကိုကျည်းမယားက ဘုရားပိုင်ကိုးကွယ်ရဖို့စွာမဟုတ်၊ မယားလုပ်သူကိုလဲ လင်
ဖြစ်သူက လေးစားဖို့၊ နိန်ရာပီးဖို့လိုအပ်ပါသည်။ တအောင့်လောက်ကြာခါ အိမ်ရှိမာ အသံဗလောင် ဆူဆူညံညံ ကြားခရလို့ သမက်သျှင်အဖွဲ့လာ ကတ်ပျာယ်ဆိုစွာကိုတော့သိခရသည်။

သူမ ဘက်က လူတိက သမက်သျှင်ကို အိမ်ထက်ကို တက်ခွင့်မပီးဘဲ ခြီဆီးခတောင်းခကတ်သည်။ သမက်သျှင်
ဘက်ကလဲ ဈီးဆစ် နိန်ကတ်လို့ ရယ်သံတိ အော်သံတိ သောသောညံပနာ သူမ ဂေါင်းတိ ညိန်းပါလာခသည်။
၁၇ ရာစု ၁၈ ရာစုလောက်မာ တော့ သမက်သျှင်က သမီးသျှင် အိမ်ကို လာကေ ကျုတ်တိ၊ မြောင်းတိ နန့် ဖုတ်
အလိပ်လိပ်တက်တေ လမ်းကလာခရလို့ သမီးသျှင် အိမ်ထက်ကို မတက်ခင် ခြီဆီးစွာကိုအကြောင်းပြုလို့
ဖေသာ တောင်းတတ်တေ ရိုးရာတခုဟိခသည်။  အခု ၂၁ ရာစုမာ တော့ သမီးသျှင်အိမ်ကို လန်းခြူဆာ နန့်
လာပြီးကေ ခြီဆီး စွာ ကတော့ သင့်အောင်သျှေ ဇီဇာကြောင် ရယ်လုပ်ရပ်လို့ သူမထင်မိပါသည်။
နောက်ဆုံးတော့ ဈီးတည့်လားကတ်တေလို့ ထင်သည်၊ သမက်သျှင်အဖွဲ့အိမ်ထက်ကို တက်လာကတ်တေအခါ
မြတ်သန္တာရယ် ဂေါင်းကို ငုံထားလိုက်ပါသည်။  သူမအနိန်နန့် သမက်သျှင်ကို မျက်နှာချင်းဆိုင်ဖို့အားမဟိခပါ။
ပြန်လို့ ၀ှန်လာရယ် မျက်ရည်ကို သူမလက်နန့် အားရပါးရသုတ်လိုက်ချင်ခပါသည်။  ယေဒါလဲ လူတိ ရိပ်မိ လားဖို့
ကြောက်လို့ မျက်တောင်ခတ်ပနာ ဘဲ ရပ်လားအောင်လုပ်လိုက်ရသည်။ ယင်းဟင့်မာတောင် မျက်ရည်တပေါက် မထိန်းနိုင်လို့ အောက်ကို ဆင်းခရသည်။  သူမဂေါင်းငုံ့ထားခါ သမက်သျှင်ဘေးမာလာထိုင်စွာကို သတိထားမိခ
သည်။  မင်းကျွန်မတိက “ယာ…သမီးသျှင် ရှက်နိန်လာ ဂေါင်းမော့ထားဘလင်၊ ဒေမာ ဓာတ်ပုံရိုက်နိန်ထော”
ဆိုပြီးကေပြောကတ်ပါသည်။  သူမဂေါင်းမမော့ ချင်ခပါ။  သူ့မျက်နှာက မပျော်ရွှင်မှုတိကို လူတိကိုမမြင်စီချင်ခ။
သူများတိ သူ့သမက် တက်ပွဲကို အကြောင်းပြုလို့ ပျော်နိန်ကတ်တေအချိန်မာ  သူမကြောင့် စိတ်မချမ်းမြေ့မှုတိ
မဖြစ်စီလိုခပါ။  သမက်သျှင်အနားမာ လာထိုင်ခါ သူ့ဘားက ရမွှီးနံ့တခုကို သူမရလိုက်တေ။  ယင်းရမွှီးနံ့ရယ်
သူမ ကို သူမချစ်သူက တမြတ်တနိုး လက်ဆောင်ပီးဖူးသော ရီမွှီး အမျိုးအစားဖြစ်စွာကို သတိရလိုက်သည်။ အော်
အဂု အချိန်ဆို သူတယောက် ဘဇောင်ပိုင် ဟိနိန်ဖို့လဲ လို့ သူမတွေးလိုက်ပါသိမ့်သည်။

ယင်းအချိန်မာ သမက်သျှင်အမိက သူမ ဆံထုံးမာ သပြေညွှန့်ကို  ရိုးရာထုံးတမ်းစိုင်လာ အဖြစ် ပန်ဆင်ပီးပြီးကေ
နှစ်ဦးနှစ်ဖက် အဖတိက အ၀တ်ဖြူနန့် သမက်သျှင်နန့် သမီးသျှင် ဆုတ်တေ ကောက်ညှင်းထမင်း ခုနှစ်ဆုပ်ကို
ယူကတ်ခရသည်။  ယပြီးကေ နောင်အနာဂတ်မာ မခွဲမခွာ နိန်ကတ်ရပါစီ ဆိုရေ အောင်အတိတ် အောင်နမိတ်နန့်
စီးကပ်တေ ကောက်ညှင်းထမင်းကို သမက်သျှင်နန့် လက်ဆုံစားခရသည်။  တယောက်နန့် တယောက် မခွဲမခွာ
ဘ၀သက်ဆုံးပေါင်းရဖို့အတွက် ကောက်ညှင်းထမင်းစားစွာထက် တယောက်အပေါ်တယောက်ချစ်မြတ်နိုးမှု၊ နားလည်
မှုနန့် ကျမ်းမာရီးကောင်းမွန်မှုတိက ပိုလို့အရေးကြီးရယ်လို့သူမ ထင်ပါသည်။  ယပြီးကေ သားသမီးထွန်းကား စီဖို့
ဆိုရေ အတိတ်နိမိတ်ကိုဆောင်ပနာ သူမတသက်နဲ့တကိုယ် မကြိုက်လို့တခါလဲ မစားခရယ်ဘဲဥကို စားခရသည်။
အော်လူတိသျှင်တိလဲ တတ်လဲတတ်နိုင်ကတ်တေရာမနားဂု ဆိုပြီးကေ သူမတွေးခပါသည်။ တကယ်လို့ သူမမဟုတ်
ကေ သူမ လက်ထပ်ရဖို့ သတို့သားရာ အမြုံဖြစ် ခကေ ကြက်ဥ အလုံးတရာပင်စားစား သားသမီးမပြောကေ့ မှင်စာတောင် မွီးလာဖို့မဟုတ်လေ။

တစတစ အာဂန္ဓု တိ များလာပြီးကေ ပြင်ယှိဖက်ခန်းမာ အကျအန နိန်ရာယူခကတ်တေ။  သူမ နန် သမက်သျှင်
ရယ် လူဘုံအလယ်မာ အသစ်စက်စက် လင်မယား အဖြစ်အသိအမှတ်အပြုခံဖို့ထိုင်နိန်ကတ်ယာဖြစ်တေ။
လှပရယ် နက်ဖြန်သစ်အတိအတွက် ဒေအချိန်ရယ် အရေးကြီးဆုံးအချိန်တချိန်ဖြစ်လို့လူတိကသမုတ်ကတ်တေ။
သမက်တက်ခြင်းရယ် လူမှုအသိုင်းအ၀ိုင်းမာ နှစ်ကိုရာထောင်ချီပြီးကေ ကျင့်သုံးလာရယ် စနစ်တခုဖြစ်ပြီးကေ
ယောင်္ကျားတိ ထက် မမတိက သမက်တက်ပွဲကို ဆင်နွဲချင်ရယ်လို့ သူမကြားဖူးပါသည်။  အဂုတော့ ပြောင်းပြန်ဖြစ်
နိန်ခသည်။  သမက်သျှင်မျက်နှာ မာ ပျော်ရွင်မှုတိ ပြည်နှက်နိန်ခသလောက်  သူမရင်ထဲမာတော့ ကြွီကွဲမှုအတိနန့်
ပြည်နှက်နိန်ခရပါသည်။  လူပုံအလည်မာ ထိုင်ပနာ သူမရယ် လုံးချင်းတည်းယောင်ခံစားခရသည်။  သူမ ဒေ
လူကို လက်ခံဖို့ ဆုံးဖြတ်ပီးရယ် နောက်ပိုင်းမာ သူ့ချစ်သူ နန့် တွိဖို့ကြိုးစားခပါသိမ့်သည်။  သူ့ကို အရာအားလုံးကို
ယှင်းပြချင်သည်။ သူ့ကိုနားလည်စီချင်သည်။  သူ့က သူမကို တခါက  သူ့အမိအဘ တိကရာ သဘော
မတူကေ သူ့ကို ခိုးရွာလိုက်လို့ပြောဖူးသည်။  သူမအနိန်နန့် သူမချစ်သူကို ချစ်ပါသည်။  မခွဲချင်ပါ။  ယေဒါလဲ သူမက
မိသားဖသားပီပီ လာရောက်တောင်းခံစီချင်ပြီးကေ သူမ အမိအဘ တိကိုလဲ သဘောတူစီချင်ခပါသည်။  လက်တွိ
မာကား ယင်းပိုင်ဖြစ်မလာခပါ။  သူမရယ် ကံကြမ္မာ ကို ယိုးမယ် ဖွဲ့တတ်သူတော့မဟုတ်။  ယေဒါလဲ ဖြစ်ချင်တိုင်းမ
ဖြစ်လာခရယ် အခြေအနိန်တိအတွက် ကံကတပါး တခြားထိုးချစရာသူမ မာမဟိခပါ။  အချစ်တခု တည်းနန့် ဘဝ
ကို တည်ဆောက်လို့ မရလို့ သူ့အေးမက သူ့ကိုနားချ ခပါသည်။  ယေကေ အချစ်မပါဘဲ ဖေသာတိ၊ ဂုဏ်ဒြပ်တိနန့်
ဝါ ဘ၀ကိုတည်ဆောက်လို့ ရဖို့လားလို့ သူမ အေးမသည်ကို မိန်းခပါသည်။  သူ့အေးမရယ် ယင်းအချိန်က နှုတ်ဆိတ်
နိန်ခသည်။  သူမယင်းအဖြေကို အခြားလူကိုလားမိန်းဖို့ မလိုအပ်တော့ပါ။  ဒေ ဆြာဝန်ပေါက်စ နန့်လက်ထပ်ပြီးလို့
မကြာခင်သူမသိ ဖို့ပျာယ်ဖြစ်သည်။  အဖြေတခုကို သူမ ဘ၀ နန့် ရင်းပနာ လက်တွိ သိရှိဖို့ပျာယ်ဖြစ်သည်။
အဂယင့်ရာ အိမ်ထောင်ရီးအဆင်မပြေခဆိုကေ သူမကို လင်ယူဖို့နားချခသူတိရယ် တခုလဲ့ ကူညီနိုင်ဖို့မဟုတ်ပါ။
ဆိုးကျိုးကောင်းကျိုးဟူသမျှကို မြတ်သန္တာ တယောက်ဘဲ ခါးစည်းခံရဖို့ဖြစ်ပါသည်။  ဘေးလူတိကတော့
“အော်…အေကောင်မသျှေလင်ရ ကံမကောင်းမနားယေ” ဆိုပြီးကေ စုတ် သတ်နိန်ဖို့စွာက လွဲလို့ တခုလဲ မယ်မယ်
ရရ လုပ်ပီးနိုင်ဖို့မဟုတ်။

သမက်တက်ပွဲကို လာကတ်တေလူတိရယ် ငွီဖလား ထဲမာ လာလို့ ဖေသာတိ နန့် လက်ဖွဲ့ပစ္စည်းတိလာထည့်ကတ်
သည်။  အားလုံးသူမျက်နှာရယ် ရွင်ပြုံးနိန်ခပါသည်။  ဒေလင်ဒေမယား အိုအောင်မင်းအောင်ပေါင်းဖော်နိုင်ကတ်ပါ
စီလို့ဆုတောင်းပီးကတ်သည်။  ယင်းလူတိရယ် သူမ ရင်ထဲက ဝေဒနာ အမှန်ကို မသိလီရလား ဆိုပြီးကေ သူမဒေါ
သဖြစ်မိခသည်။ ယင်း သမက်တက်ပွဲကို လာရယ် လင်မယားတိ နန့် လူတိမာလဲ သူမနည်းတူ
စိတ်မချမ်းမြေ့မှုတိ ဟိနိုင်ပါသည်။  ယေဒါလဲ ပြုံးရွင်ရယ် မျက်နှာဖုံးနန့် ဖုံးအုပ်ပနာ အကောင်းဆုံး ပြုမှုဆက်ဆံ
ခကတ်သည်။  သူမလဲ တဘ၀လုံးအတွက် စိတ်မချမ်းမြေ့မှုတိကို မျိုသိပ်ပနာ ဟန်ုဆောင်မျက်နှာ နန့် နိန်ရကိန်း
ဆိုက်နိန်ခပါသည်။  တဖြည်းဖြည်းနန့် လူတိ သူတိ တစစ ယှင်းလားပြီးကေ ဆွီမျိုးအရင်းချာ တိနန့် သူရို့ လင်မယား
နှစ်ယောက်ဘဲကျန်လိုက်တယ်။  သုံးနာရီလောက် ထိုင်နိန်ရလို့ ခြီထောက်တိလဲ ကျိုင်နိန်ခပျာယ်ဖြစ်သည်။

အဂု အချိန်မာ တော့ သူမရယ် သူ့လင်ယောင်္ကျား ဧ။်တရားဝင် ဇနီး မယားဖြစ်ခပျာယ်ဖြစ်သည်။  လူပေါင်းရာ နန့်ချီ
ပြီးကေ သူရို့နှစ်ယောက် ပေါင်းဖက်ကြောင်းကို သိလားကတ်ပျာယ်ဖြစ်သည်။  နက်ဖြန်ဆိုကေ တနိုင်ငံလုံးသိအောင်
သတင်းစာကနိန် ကြော်ငြာလိမ့်မည်။  ယေအခါ သူရို့ရယ် တရားဥပဒေက အကာအကွယ်ပီးရယ် လင်မယား တစုံ
ဖြစ်လာကတ်လိမ့်မေ။  ကြိုက်သည်ဖြစ် မကြိုက်သည်ဖြစ် ကိုယ်လက်ခံခရယ် ကိစ္စတခုအတွက် တဘ၀လုံး အဆိုး
အကောင်းကို သူမခါစည်း ခံကတ်ရဖို့ပျာယ်ဖြစ်သည်။ သူမချစ်သူအပေါ် သစ္စာမိန့်ရယ်ပိုင်  ဖြစ်ခရယ်
သူမကိုယ်လဲ သူမ တဘ၀လုံးခွင့်လွှတ်လီဖို့မဟုတ်ပါ။  အချိန်ကို ရာ နောက်ဆုံးရကောင်းထမန်းဆိုကေ နောက်ပြန်
လားပြီးကေ လိုအပ်စွာတိကို သူမမချက်ချင်းစီ ပြန်ပျင်ပလိုက်ဖို့။  သူမ ချစ်သူကို သူမချမ်းသာအောင်လုပ်ဖို့၊ မိဘ
လက်ခံလောက်တေ ပညာအရည်အချင်းဟိအောင်လုပ်ဖို့၊ အသိုင်းအ၀ိုင်းကြီးအောင်လုပ်ဖို့။  သူမ မိသားစုက လက်
ခံနိုင်လောက်တေ အခြေအနေ ဟိအောင်သူမလုပ်ပလိုက်ဖို့။  နောက်ဆုံးတခုလဲ မရသိတိုင် သူမ ကြိုက်နှစ်သက်
စွာကို လွတ်လပ်လပ် ရွီးခြယ်ခွင့်ဟိရယ် လူသားတယောက်ဖြစ်အောင် သူမကြိုးစားဖို့။

အဂုအခါတော့ အရာရာလက်လွန်လားပြီးလားခပျာယ်ဖြစ်လို့ “အကျွန့်ကို တသက်လုံးခွင့်မလွတ်လီ ပါကေ့အကို”
ဆိုရေ စကားတခွန်းကလွဲ လို့ သူ့မာ တခြားပြောဖို့မကျန်ပျာယ်ဖြစ်သည်။  သူရို့ အသစ်စက်စက် လင်မယား
စုံတွဲရယ်ပြင်ရှိ ဘက်ခမ်းက နိန် မင်္ဂလာယူ ဖို့ အိပ်ခန်းကို လက်ချင်းချိတ်လျှောက်လာခါ ဓာတ်ပုံတိ ကင်မရာတိ
တဖျတ်ဖျတ်နန့် လှမ်းရိုက်ခကတ်သည်။  အခန်းဝမာတော့ သူမ ရောက်မ ဖြစ်သူ နှစ်ယောက်က ရွှီကြိုးနန့် တား
ပနာ မုန်းစားဖိုး ဖေသာတောင်းခကတ်သည်။  သမက်သျှင်တော့ ငသလောက်ပြုံးပိုင် ပြုံးပနာ  အိပ်ထဲက ငါး
ထောင်တန် အထပ်လိုက်ကို ရက်ရက်ရောရော ပီးလိုက်ပါသည်။  မြတ်သန္တာ အင်တန်ပင်ပန်းနိန်ခပျာယ်၊
ညောင်းလဲ အင်တန်ညောင်းနိန်ခပျာယ်ဖြစ်သည်။

သူမ အတွက် အနာဂတ်အိမ်ထောင်ရီး ရယ် မသေခြာမရေရာခကေလဲ မင်္ဂလာယူဖို့ကောင်းရယ် မင်္ဂဦးညဥ့်က
တော့  သံသယအပြည့်နန့် ရင်ခုန် ဖို့ကောင်းခဖို့စွာကတော့ အမှန်ပင်ဖြစ်ပါသည်။               

0 comments:

Post a Comment