ရီကန် ကမ်းစပ်မာ နောက်ထပ်လောင်းတစီး ဟပ်လာပြီးကေ အိန်ဒီးယန်းနှစ်ယောက် ရပ်စောင့်နိန်ခကတ်စွာကိုတွိရရယ်။
နိစ် နန့် သူ့အဖရယ် လောင်းပဲ့မာ ထိုင်နိန်ပြီးကေ ယင်းအိန်ဒီယန်းနှစ်ယောက်ထဲက တယောက်ရယ် သူရို့နန့်တတူ လားထိုင်ရယ်။
အခင်ကြီး ဂျော့ခ်ျ က အမိုးပါရယ် လောင်းပဲ့ပိုင်းမာ လားထိုင်လိုက်တယ်။အိန်ဒီယန်းအငယ်ကောင်ကတော့ အခင်ကြီးဂျော့ခ်ျ နန့်တတူ
လားထိုင်ရယ်။
လောင်းနှစ်စီးရယ် အမှောင်ထဲမှာ ဘဲ ကမ်းကခွာခရယ်။ နိစ် ရယ် ရှိက မြူနှင်းအုပ်ဆိုင်းရယ် ကြားထဲမာ လားနိန်ရယ် လောင်းဘားကတက်ခတ်သံ ဖဖျော့ကြားခရရယ်။ အိန်ဒီးယန်းတိရယ် လှိုင်းသျှေတိ ထလားယောင်အယင်ယင် လှော်ခတ်ခရယ်။
နိစ် ကတော့သူ့အဖ လက်မောင်းမာ ဂေါင်းတင်းလို့ လှဲနိန်ခရယ်။ ရီထဲ လောင်းစီးရစွာက ကျိုင်နိန်အောင် အီးစက်ခရရယ်။
လောင်းလှော်လူတိရယ် အားကြိုးမာန်တက်တော့ အယင်ယင်လှော်ခပါယင့်၊ ယေဒါလဲ ရှိက လောင်းကတော့
မြူခိုးကြားထဲကို တရွိရွိ နန့် စီဝင်လားခရယ်။
“ဇာလားနိန်စွာလဲ အဖ လို့” နစ်က သူ့အဖသည်ကို မိန်းလိုက်တေ။
“အိန်ဒီးယန်း တဲကို လားနိန်စွာသား၊ ယင်းမာ မမ တယောက်ကောင်းနိန်မကောင်းဖြစ်နိန်လို့လေ” လို့ပြန်ပြောလိုက်တေခါ နိစ်က “အော်”
ဆိုပြီးကေ အာမေဋိတ် အသံထွက်လားခရယ်။ကမ်းစပ်နားသူရို့လောင်း ရောက်ခါတော့ ရှိကလောင်းကိုကမ်းမာ
ကပ်ပြီးသားတွိခရရယ်။ အခင်ကြီးဂျော့ခ်ျကအမှောင်ထဲမာ စီကာလိပ် ကို သောက်နိန်ခရယ်။ အိန်ဒီယန်းအငယ်ကောင်က
လောင်းကို ကမ်းစပ်ကို ဆွဲတင်နိန်ခရယ်။ အခင်ကြီးက တော့ အိန်ဒီးယန်းနှစ်ယောက်ကို စီကာ တလိပ်စီ ပီးလိုက်တေ။
သူရို့တိရယ် ကမ်းခြီကနိန် စိုစိစိုစွတ် ပျော့အိပျော့ဖတ်ဖြစ်နိန်ရယ် မြက်ခင်းကို ဖြတ်လို့ မီးအိမ်ကိုင်ပနာ ရှိကလားရယ်
အိန်ဒီယန်းအငယ်ကောင်နောက်ကနိန် လိုက်ပါလတ်တေ။ သူရို့ရယ်သစ်အုပ်ထဲကို ၀င်လာခကတ်ပြီးကေ တောင်ကြားထဲက
လမ်းကြောင်းအတိုင်း ဒေါက်လျှောက် လမ်းလျှောက်လာခရယ်။သစ်ထုတ်လုပ်တေ လမ်းကိုရောက်ခါတော့ နံဘေးက အပင်တိကို
ခွတ်ထားလို့ အလင်းရောင်စကေရခရယ်။ရှိကလားနိန်ရယ် အိန်ဒီယန်းအငယ်ကောင်ရယ် ရပ်ပနာ မီးအိမ်ကို သတ်လိုက်ပြီးကေ ရှိကဆက်လျှောက်လားခရယ်။ အချိုးအကွေ့နားတခုရောက်လာခါ ခွီးတကောင်ထွက်လာပြီးကေ ဟောင်ခရယ်။ ရှိမာကတော့ သစ်
ခေါက်ခွာရယ်လူတိ နိန်ရယ် တဲအိုတဲပျက်တိက အလင်းဖဖျော့ကိုလဲ မြင်ခရရယ်။ ယပြီးကေ ခွီးတိကန်ကမကန်
ထွက်ပါလတ်တေ။ ယင်းအိန်ဒီယန် နှစ်ယောက်ရယ် ယင်းခွီးတိကို တဲတိဟိရယ် နိန်ရာကို ပြန်လိုက်ထုတ်ပလိုက်
ကတ်တေ။လမ်းဘေးနားက တဲတခုမာ တော့ ပြတင်းပေါက်က အလင်းကို မြင်ခရပြီးကေ ၀ါကြီးမတလုံး မီးအိမ်ကို ကိုင်ပျာယ် အ၀င်ဝမာ ရပ်နိန်ခစွာကိုတွိခရရယ်။
အိမ်အတွင်းက နှစ်ထပ်အိပ်ကုတင်အောက်မာက တော့ အိန်ဒီယန်း မမ တယောက်လှဲနိန်ရယ်။ သူအသျှေမမွီးနိုင်စွာ နှစ်ရက်လောက်
ဟိပျာယ်လို့ သူရို့ကပြောရယ်။ တဲထဲက တခြား မမ တိကတော့ ယင်းဝမ်းကြီးသည်မကိုပြုစုနိန်ခကတ်တေလေ။ ယင်းခါ
ယောင်္ကျားတိကတော့ သူမ ကျွီးရယ်အသံနန့် ၀ီးရယ် အိမ်အပြင်အမှောင်ထဲကိုထွက်လားခကတ်ပြီးကေ စီကာလိပ်
သောက်နိန်ခကတ်တေ။ သူမ ယင်းပိုင် ကျွီးအော်နိန်ရယ် အချိန်မာဘဲနိစ်နန့် အိန်ဒီယန်းနှစ်ယောက်ရယ် သူ့အဖ၊ အခင်ကြီး
ဂျော်ခ်ျ နန့်တတူအခန်းထဲကိုဝင်လာရယ်။ သူမရယ် နှစ်ထပ်ကုတင် အောက်ထပ်မာ ဂွန်းကပ်အကြီးမသန်တထည်
ချုံပနာ လှဲနိန်ရယ်။ သူ့အဂါင်းကို တဘက်ကိုလှည့်ထားရယ်။ အထက်က အိပ်ကုတင် မာတော့ သူ့လင်ထိုင်နိန်စွာတွိခရရယ်။
လွန်ခရယ် သုံးရက်ကသူ့ခြီထောက်မာ ပေါက်ဆိန် ကျလားခလို့ သူလဲ အနာရနိန်ရယ်လို့ပြောရယ်။ သူရယ် ပန်းတူကို သောက်နိန်နိန်ပြီးကေ တခန်းလုံးလဲ နံ့အသက်တိက မကောင်း။
နိစ် အဖရယ် ရီပူတအိုး ဆောက်ဖို့ ပြောလိုက်ပြီးကေ နိစ်ဘက်ကိုလှည့်လို့ပြောလိုက်တေ။
“ဒေ မမ စွာအဘုသျှေ မွီးဖို့ကန်နိန်စွာ သိလာ”
“အေးလေ သိရယ် ပါပါ” ဆိုပြီးကေ နစ်ကပြန်ပြောလိုက်တေ။ ယင်းခါ သူ့အဖသည်က
“မင်းမသိကေ၊ ငါပြောမေ နားထောင်။ ဒေ မမ အသျှေမွီးဖို့အတွက် ရှိသမျှ ကြွက်သားတိကို ညှစ်ပနာထုတ်နိန်စွာယေ၊ သူကလဲ
ယင်းအသျှေကို ထွက်လားစီချင်ပိုင် အသျှေကလဲ ထွက်ချင်နိန်ပျာယ်”
“အော်၊ ဟုတ်လာ” လို့နစ်က ပြန်ပြောလိုက်ခါ ယင်းမမရယ် ပြုန်းစားကြီး ထ ကျွီးလိုက်တေ။
“အဘာလေး၊ ပါပါ သူ့ကို အအော်ရပ်အောင် တချက်လောက် လုပ်ပီးလို့မရလား” လို့ နိစ်ကမိန်းလိုက်တေ။
“အေး ငါမာလဲ မိန့်ဆီး ပါမလာ။ ယေလဲဝေ သူ့အော်သံကို ငါမကြားယောင်လုပ်ထားလို့ရရယ်။ ဇာဖြစ်လို့ဆိုကေ ယင်းဟင့်က
အရေးမကြီးလို့” လို့သူ့အဖကပြောရယ်။ အထက်ကုတင်က သူ့လင်သည်ကတော့ နရံဘက်ကိုလှိမ့်ပနာ အိပ်နိန်ရယ်။
ယင်းအချိန်မာ ထမင်းချက်ခန်းက မမ တယောက်ထွက်လာပြီ်းကေ ရီပူဆူကြောင်းလာပြောရယ်။ နစ်အဖရယ် ထမင်းချက်ခန်းကို
လားခပြီးကေ ရီပူ ဘဲထဲက ရီတ၀က်ကို ဒုံထဲမာလောင်းထည့်လိုက်ပြီးကေ ဘဲထဲက ရီပူထဲမာတော့ သူ့လက်ကိုင်ပ၀ါကို ဖြီလို့
ယင်းအထဲက ပစ္စည်းကိရိယာတိကို ထည့်လိုက်တေ။
“ဒေဟင့်လဲ ရီပူ ဟိဖို”့ ဆိုပြီးကေ သူရယ် တဲထဲက ယူလာရယ် သပုန်တခဲ နန့် လက်နှစ်ဖက်ကို ပွတ်ပနာအလှပလှ အသေအခြာ
ဆီးလိုက်တေ။ နစ်ကတော့ သူ့အဖသည် လက်ဆီးနိန်စွာကိုကြည့်နိန်ခရယ်။ အဖသည်က လက်ဆီးနိန်ယင့် ပင်း သူ့သားကို
လှမ်းပြောလိုက်ရယ်…
“မင်းမြင်လာနိစ်၊ အသျှေတိစွာ ပုံမှန် ခေါင်းကနိန်ပြီးကေစီ အယင်မွီးတတ်တေ၊ ယေလဲ တခါတလီ ဂေါင်းနန့်ခြီပြောင်းပြန်မွီးယာ
ဆိုကေ ကောင်းပြသနာတက်တေ။ ငါဒေအသျှေကို ၀မ်းခွဲလို့ မြီး၊ မမြီးဆုိစြာ တအောင့်နိန်ကေသိရလိမ့်မေ”
သူရယ် လက်ဆီးလို့ ကြေနပ်တေအခါ မွီးခန်းထဲကို ၀င်ပါလတ်ပြီးကေ…
“ဂွန်းကပ် ကိုတချက် ခွာလို့ရဖို့လား ဂျောခ်ျ၊ ငါမကိုင်ချင်လို့” ဆိုပြီးကေပြောလိုက်တေ။ နောက်ယင်း မမ ကိုဝမ်းခွဲရဖို့ခါ အင်ဒိန်ယမ်း
သုံးယောက်နန့် အခင်ကြီးက ကိုင်ထားရရယ်။ ယေခါ ယင်း မမရယ် အခင်ကြီးလက်
ကို လှမ်းကိုက်လိုက်ခါ အခင်ကြီးက
‘ခွီးသမီး ငါ့ကို ကိုက်တေ” ဆိုပြီးကေပြောလိုက်တေ။ အခင်ကြီးကို လောင်းလှော်လိုက်ပို့ရယ် အင်ဒီးယန်းက
ကိုကြည့်ပြီးကေ ရယ် နိန်ကတ်တေ။ နစ်ကတော့ကေ ရီဒုံကို သူအဖ ဘေးကနိန်ကိုင်ပီးထားခရယ်။
ယင်းပိုင်နန့် အသျှေမွီးဖို့ အင်ဒန်လောက်တော့ ကြာခရယ်။
အသျှေထွက်လာခါ နစ်အဖရယ် အသျှေကို ရွက်လိုက်ပြီးကေ အသက်သျှူလာအောင် နောက်ကုန်းကို တချက်
နှစ်ချက်ပုတ်လိုက်ပြီးကေ အနားက ၀ါကြီးမတလုံးလက်ထဲကို ထည့်ပီးလိုက်တေ။
“ယောင်္ကျားသျှေဝေး နိစ်၊ ဇာပိုင်လေ မင်း ဒက်တင် သင်တန်းတက်ရစွာ” ဆိုပြီးကေ နိစ်အဖက သူ့သားကို မိန်း
လိုက်တေ။
နစ်က “ကောင်းဘာဝါ” လို့ပြန်ပြောလိုက်ပြီးကေ အဖသည် လုပ်နိန်စွာကို မမြင်အောင်အ၀ီးတဘက် လှည့်နိန်လိုက်
တေ။
“ဒေ၊မာ ရပျာယ်” လို့ပြောပြီးကေ သူအဖ အင်ဒုံ ထဲကို တခုခုထည့်လိုက်တေ။ နစ် ကတော့မကြည့်နိန်ခ။
“ကေ၊ နိစ် အခု ငါခွဲထားစွာကို ငါပြန်လို့ ခြုပ်ပီးရဖို့ယာ၊ မင်းကြည့်ချင်လဲရရယ် မကြည့်ချင်လဲရရယ်၊ မင်းသဘော”
လို့ပြောလိုက်တေ။ နစ် ကတော့ မကြည့်ခပျာယ်။ ဆီးပညာနန့် သူသိချင်ရယ်စိတ်တိ ဇာရောက်လားခမှန်းမသိ။
အားလုံးပြီးလားခရယ် အခါ နိစ် အဖ၊ အခင်ကြီးနန့် အိန်ဒီးယန်း သုံးယောက်ထရပ်ကတ်တေခါ နိစ်က အင်ဒုံကိုထမင်း
ချက်ခန်းအပြင်ဘက်ကို ထုတ်လာခရယ်။ အခင်ကြီးက မွီးသည်မ ကိုက်ထားရယ် သူ့လက်မောင်းကို ကြည့်ရယ်အခါ
ယင်းဟင့်ကို မြင်ရယ် မွီးသည်မသျှေက အမှတ်ရပနာ ပြုံးတုံးတုံးလုပ် နိန်ခသိမ့်ရယ်။
“ငါမဲခိုင်ဆီး ထည့်ပီးမေ ဂျော့ခ်ျ”ဆိုပြီးကေ ဒက်တင်ကပြောရယ်။ နောက်ပြီးကေ မွီးသည်မကို ငုံကြည့်လိုက်တေခါ
ငြိမ်သက်ပြီးကေ မျက်လုံးမှိတ်ထားစွာကို တွိခရရယ်။ သူ့ကိုကြည့်ရစွာ သင့်အောင်သျှေ အင်အားကုန်ခမ်းနိန်ခစွာ
ကို တွိခရရယ်။ ယေဇုနန့် သူစွာသူ ဇာအသျှေမွီးလို့ ဇာပိုင်ဖြစ်နိန်လေဆိုစွာကို ဂရုစိုက်နိုင်ပုံမပေါ်ခ။
“နက်စ်မ နိန်ခင်းဘက် လာခါ လိုအပ်စွာတိကို ယူလာလိမ့်မေ” ဆိုပြီးကေဒက်တင်ကပြောလိုက်တေ။ သူရယ် ပျော်ရွင်ပြီးကေ ဘောလုံးသမားတိ ပွဲပြီးလို့ အ၀တ်လှဲခန်းမာ စကားများနိန်ပိုင် စကားပြောနိန်ခရယ်။
“ဆီးပညာ ဂျာနယ် အတွက် ကုန်ကြမ်းတခုပျာယ်ယေ ဂျောခ့်ျ” လို့လဲပြောလိုက်တေ။ အခင်ကြီးဂျောခ်ျကတော့
နံရံကိုမှီ ပြီးကေသူ့လက်မောင်းကိုရာ ကြည့်နိန်ခရယ်။ ယပြီးကေ “သြ ဆြာက တော်ပါရယ်၊ အဂယင့်ပါ” လို့ပြန်ပြော
လိုက်တေ။
“ကျွန်တော်ရို့ ဂုဏ်ယူဖို့ကောင်းရယ် အဖသည်ကို ချက်ကြည့်ကတ်မေစမ်၊ သူရို့လင်သည်တိဆိုကေ မယားမွီးဖို့ကိစ္စ
တိမာ ကောင်းစီ အခံရခက်ကတ်ရရယ်။ သူ့လင်သည်က ကောင်းအီးဆီးနန့် နိန်နိုင်ထော” လို့ဆြာဝန်ကပြောရယ်။
ယပြီးကေ ယင်း ကုတင်ထက်မာ အိပ်နိန်ရယ် မွီးသည်မ လင် အိန်ဒီးယန်းအမျိုသား ခေါင်းက ပုဆိုးကို ဆွဲလိုက်တေအခါ သူ့လက် ရီစွတ်လားခပိုင်ဖြစ်လားရယ်။ ဒက်တင်ရယ် မှန်အိမ်ကို လက်တဖက်နန့် ယူပနာကြည့်လိုက်တေအခါ
ယင်း မွီးသည်မလင်ရယ် ဂေါင်းကို နရံဘက် ကို လှည့်နိန်စွာတွိခရရယ်။ နောက်ပြီးကေ သူ့ လိုင်မျို ထုတ်ချင်း
ပြတ်နိန်စွာကို တွိခရရယ်။ သူဂေါင်းသူ့လက်ထက်မာ တင်ထားပြီးကေ အိပ်ရာထက်မာလဲသွီးတိအိုင်ခတ်နိန်
ရယ်။ ဓားတလက်ကိုကတော့ သူ့ပုဆိုးပုံဘေးမာ တွိခရရယ်။
“ဂျော့ခ်ျ နိစ်ကို တဲပြင်ထုတ်လားလီ” ဆိုပြီးကေပြောလိုက်တေ။
ယေလဲ သူအပြင်ထွက်စရာမလိုအပ်ခပါပျာယ်။ ဇာဖြစ်လို့ဆိုကေ ထမင်းချက်ခန်းအ၀မာ ရပ်နိန်ရယ် နိစ်က ကု
တင်ထက်က လိုင်းပင်ပြတ်ပနာသီနိန်ရယ် မွီးသည်မ လင်ကို သူ့အဖ ကိုင်ထားရယ် မီးအိမ်က မီးရောင်အောက်မာ အထင်အသျှားမြင်ခရပြီးဖြစ်လို့ပါ။
သူရို့ သစ်ထုတ်လုပ်တေ လမ်းအတိုင်းရီကန်ဘက်ကို ပြန်လာခါ မိုးထဖသား ရောင်နီဦး သန်းနိန်ခပျယ်ဖြစ်တေ။
မွီးသည်မကို အအောင်မြမြင် ခွဲစိတ် မွီးဖွားပီးလိုက်ခါစ ရရှိခရယ် သူ့ပီတိ တိလဲ အ၀ီးကို လွင့်စိုင်လားခပျာယ်ဖြစ်
တေ။
“မင်းကို ငါဒေနိန်ရာကို ခေါ်လာခစွာ ငါစိတ်မကောင်းဝေ နိစ်၊ မင်းကို ဆိုးရွားရယ် မြင်ကွင်းနန့် မိတ်ဆက်ပီးပိုင်ကျ
လားခယာ” ဆိုပြီးကေ ဒက်တင်က သူ့သားကို ပြောလိုက်တေ။
“ပါပါ၊ မမ တိအဘုသျှေမွီးကေ ယင်းပိုင် ဒုက္ခခံကတ်ရလာ” ဆိုပြီးကေ နိစ်က သူ့အဖ ဒက်တင်ကိုမိန်းလိုက်တေ။
“အေ ဟင့်က ကောင်းဖြစ်ခဲ ပါရယ်ဝေ” လို့ပြန်ပြောလိုက်တေ။
“ဇာဖြစ်လို့ သူ့လင်သည် သူ့စွာသူ သတ်သီလိုက်လေ ပါပါ”
“ယင်းဟင့်ကိုတော့ငါလဲမသိဝေ။ သူ့မယားမွီးသည်မ ဝေဒနာခံစားရစွာကို ကြည့်ပနာ ခံနိုင်စွမ်းမဟိလို့ထင်ရယ်”
“ယောင်္ကျားတိအများကြီး ယင်းပိုင် ကိုယ့်စွာကိုယ်သတ်သီတတ်လာ ပါပါ”
“ယင်းလောက်ထိလဲ အများကြီးမဟုတ် နိစ်”
“ယေကေ မမ တိဝါ ပါပါ”
“သူရို့တိလဲ၊ လုပ်ခဲပါရယ်”
“ယေကေ၊ တခါလဲ မလုပ်လား”
“အင်း…တခါတလီတော့ သတ်သီကတ်တေ၀ါ”
“ပါပါ”
“အင်း…ပြော”
“အခင်ကြီးဂျော့ခ်ျ ဇာလားခလေ”
“သူလာလိမ့်မေ”
“သီဖို့စွာ ကောင်းခက်လာ ပါပါ”
“ငါထင်စွာက လွယ်ရယ်လို့ထင်ရယ်၊ ယေဒါလဲ အခြေအနအပေါ် မူတည်ရယ်လို့ ထင်ရယ် နိစ်”
ယပြီးကေ သားအဖနှစ်ယောက်ရယ် သားက လောင်းပဲ့ပိုင်းမာ ထိုင်လို့ အဖသည်က လောင်းလှော်လို့
ပြန်လာခကတ်တေ။ နီလုံးကြီးက တော့ တောင်ကနိန် ဂေါင်းပြူထွက်လာခပျာယ်ဖြစ်တေ။ ငါးတိရယ်
ရီထဲမာ ခုန်ဆိခုန်ဆွ လုပ်နိန်ခကတ်တေ။ နိစ်ကတော့ ရီပြင်မာ သူ့လက်ကို ချပြီးကေ လိုက်ပါလတ်တေ။
အီးစိမ့် နိန်ရယ် မိုးသားဖက်ဖြစ်ကေလဲ နိစ်ရယ် နနွီးထထွီး ပိုင် ခံစားခရရယ်။
ယင်းပိုင် မိုးထဖသား အချိန် ရီကန်ထဲမာ အဖသည် လောင်းလှော်နိန်ခါ ပဲ့မာထိုင်ယင်းနန့် သူက
တော့ဒေတသက် သီလီဖို့ မဟုတ်ပျာယ်လို့ စိုင်းစားခဖူးရယ်။ ။
0 comments:
Post a Comment