Wednesday, 15 December 2010
Posts by : Admin
အယွေချေရို့ အိမ်
ပင်ကြီးပင်ရိပ်တိနန့် အရိပ်ဆဆိုင်းနီပြောက်မထိုးအောင်အုပ်ဆိုင်းနီရေအတွက်နန့်ဒေပိုင်ပြင်လယ်ဂေါင်
ဖက်ကိုထွက်လားဖို့မပြောကေ့သန်းလို့တောင်မကြည့်နိုင်တောကနီအောင်နီပူနိန်ကေလေ့အကျွန်ရို့
ရွာထဲမာကမက္ကလာချေတောင် ဂေါင်းထက်တင်ဖို့မလိုဘဲ ထွက်လားလို့ရရေ ။ သရက်ပင်၊ပနဲပင် ၊
အုန်းပင်ကွမ်းသီးပင်တိကအိမ်တိုင်းမာပိုင်စိုက်ထားကတ်တေ၊ဘုန်းကြီးကျောင်းမာဆိုကေလေ့
အပင်တိက ကျားတောင်ခိုဖို့ဆိုချင်ယင့်၊ချောင်းနားဖက်မာဆိုကေလေ့ကုက္ကပင်ကြီးတိ မကန်နန့်
ယင်းအပင်တိကလေ အသက်ဇာလောက်ဟိယာလေတော့မပြောတတ်ဧရမအကြီးသန်တိ အမိရို့မှတ်
တတ်ချေကပင်အကြီးသန်ဟိရေဆိုယင့် ။
ယင်းလောက် အရိပ်ကောင်းကေလေ့သွင့် ဒေနှစ် နီခါဖက်က ကကောင်းပင်ပူရေကာ ။ ရာသီဥတုတိလေ့
ဖေါက်ပြန်လခဗျာယ်ထင်ယင့် ။ အေတွက်နန့် လူတိစွာ ပြင်စဖက်ကျရေအိမ်တိမာ လာစုမိနီိကတ်တေ။
ပြင်စဖက်အိမ်တိကလေ့ လီရရေလို့ဆိုစွာရာ ။တိုက်လာရေလီကလေ လီပူတိ ။ နီလို့မရထိုင်လို့မရ
အောင်တခုမလားဂု ။ အကျွန်ရို့တိကဒယောတပိုင်းနန့် နီလို့ရရေဆိုပါဖိ ။ မမတိ မလားဂုဒုက္ခ ၊
အပျိုမချေတိဆိုပိုဆိုး ၊ မင်းကျွန်မတိက တချို့ ရင်ကန့် ပဏာ ရာသီဥတုဒဏ်ကို ဖြေရှင်းလို့ရသိရေ ။
တချို့က ချောင်းနားဆိပ် က ဇရပ်ထက်မာ ထလန်းကားလန်လို့ ၊ တချို့က ဘုန်းကြီးကျောင်းထဲက
ကန်ဘောင်နားက ဇရပ်ထက်မာ ဖဇင်းမှောက်လို့ ။ ယပိုင်ယပိုင်အပူဒဏ်ကိုဖြေရှင်းနီကတ်တေ ။
အချေခါပိုင်ဆိုကေ ချောင်းထဲမာရာကျုတ်ပစ်တမ်းကဇတ်လို့လားစိမ်နခီချင်ရေ ။အမှန်ပြောရကေ မိုး
အယင်ကျပါစီလို့လေ့ ဆုမတောင်းချင်သိ ။ တနှစ်ပတ်လုံးသီမကန်အောင် လုပ်ထားစွာတနားတပွေ
ချေလေ့အညောင်းအညာဖြေချင်သိရေနှင်းရာ ။ အကျွန်ရို့အုပ်စုကတော့ ခါ အကျွန်ရို့ လူပျိုအိမ်လို့ ဆိုကေလေ့ရရေအယွေချေယိုင်နုစိန်ရို့အိမ်က ဒန်ခံချေမာ လှိမ့်နီကတ်တေ ။
အယွေချေအိမ်က အကျွန်အချေခါကပင်စားအိမ်သောက်အိမ် ။ အဘာသတ်ဖို့လိုက်ကေလေ့ ဒေအိမ်မာ ၊ထိတ်ခနဲ ဆိုကေ ဒေအိမ်ကိုစီပြီးလာယာ ၊ အယွေချေက အလိုလိုက်တေ။ယင်းခါက သူရို့ အိမ်မာက ယောက်ျားမြင်ဖူးစွာကမဟုတ်စွာကို ၊ အမှန်ဆိုကေ အကျွန်ရို့နန့်အယွေချေရို့က အရင်းအချာတိမဟုတ် ၊ စစ်ကတ်လို့ တော်နီကတ်စွာရာတခု အစိုင်တော်စွာတိရာ ယကလေ့အယွေချေမာကကောင်းချစ်တေ။ ဒေအိမ်ဒန်ခံချေကနှစ်ချောင်ချီကြမ်းပြင်နန့်ကသောင်းဝါးကိုနှစ်စိတ်စိတ်ထားရေဂေါင်းအုန်းတိစွာ တိုက်ထားပိုင်ပြောင်လို့လဲ့နီရေ ၊အကျွန်ရို့တိဇါ့လောက်လှိမ့်ထားကတ်လေဆိုစွာကြည့်ဖိချက်။ ဒေအိမ်မာကကလေချေတိလေ့ပျော်ကတ်ဖို့နှင်ရာ မောင်းဆုံတလုံးလေ့ ဟိရေခါဒေအစုက ကလိန်မေချေတိလေ့ ဒေအိမ်မာ ဆန်လာဖွတ်ယင်းလာစုမိကတ်တေ ။ ကလေချေတိ ပဒါကာသီး ခိုးလာ
ကေ သုတ်စားကတ် ။ သရက်သီးခိုးလာကေ ငပိဆရေ စားကတ်နန့် ရရောင်းသတ်ပနာပျော်ဖို့လေ့
ကောင်းရေ ။ အယွေချေမာ ယချင့်တိနန့်ခြီနီစွာဗျာယ် ။ ဒေ ဂူရာဂျိုင်နန့် ဇာတခုလေ့အကျိုးဟိစွာမဟုတ် ငပိရာကုန် ဆားရာကုန်ယကေလေ့ခြီရေ ။ လူတိမရောက်ကေမနီတတ်ဖြစ်နီဗျယ်။
မမှတ်ရရတခါက အကျွန်ရို့ကျေးဇုနန့် အယွေချေ အဘေချေဘားမာ နရင်းကို အအုတ်ခံဖူးရေ ။
ဖြစ်ရပုံကဒေပိုင် အကျွန်ရို့အုပ်စုစွာ ကြက်ခိုးစားကတ်တေ ၊ဖြစ်ချင်စွာမာ ယင်းကြက်ကအချေမိ ဖြစ်နီရေ
ကြက်ချေတရွီကျန်ခခါကြက်ရှင်မလေ့ သည်းမခံနိုင်ဟိဖို့ အယွေချေရို့အိမ်ရှိမာလာပနာ တဝကျိန်ရေလတ်
အယွေချေလေ့မခံနိုင်ဗျာယ်ဟိဖို့ယေနန့်ခွန်းကြီးခွန်းချေ ဆဲနီကတ်စွာ အဘေချေ ဟန့်ကေလေ့ မရဖြစ်လ
ခရေလတ်နရင်းအအုတ်ခံလိုက်ရမပွဲပြီးလခရေလတ် ။ယင်းတလေ အကျွန်ရို့အုပ်စုလေ့ရွာနားမကတ်ဝံ့ဘဲ
ဘုန်းကြီးကျောင်းမာ တလလောက် အိပ် ဖြစ်လိုက်ကတ်တေ။အယွေချေကိုလေ့သနားလို့မကျီ ။
အယွေချေခမျှာ မာ ရန်ဖြစ်ဖို့လေ့ တတ်လီဖို့စွာမဟုတ်ချင့် ၊ ဂျီဝိဂျီဝါနန့်အေပိုင် အကောင်းပြောနီကေတောင် စကားတခွန်းစွာဖင်တခြားဂေါင်းတခြားဖြစ်နီစွာမာလေ။ဇာလောက်မကြာအကျွန်ရို့လေဂဇိုင်ဂဇိုင်မဟုတ်တကွန်ချေနန့်ပြန်ရောက်
လခကတ်တေယင်းအိမ်ကို၊အဘေချေလေ့တခုလေ့မပြောခါမအကျွန်ရို့တိလေ့ကိုယ်ရို့မဟုတ်တေပိုင်နီသားကျလ
ခကတ်တေ။အဘေချေလေ့စိတ်ကောင်းရေလူပါရာ သူ့မာ ရက်ဆုံးနီဝင် မြီရခွက်ကာနာချေတလုံးနန့် အဖန်ရည်တည်သောက်နီစွာကလွဲလို့ဗဇိဗဇတ်များရေလူမဟုတ်။ယင်းရခွက်ကာနာချေလေ့တရက်တရက်လာကေဖင်အီးရရေ
အချိန်လို့ဆိုစွာမဟိ၊အညာရီထင်းတောင်ပိုင်တပုံစွာလေ့အဖန်ရေဆောက်တွင်းကုန်ရေ၊လာမျှလူကိုလေ့အဖန်ရည်
တည်နီစွာဗျာယ်ယေသူမာ။ လာသမျှလူအတွက်လေ့ခွက်မလောက်ဆိုစွာမဟိစီရ ၊မာလခွံတိကိုအမွီး
အမျှင်တိဓါးနန့်ခြစ်ပနာဆီချေပွတ်ပီးကေကြတ်စင်ထက်မာ လိုဒေါင့်မင့်ဒါ မကန်တင်လို့ဟိယင့်၊
အဘေချေ အကြောင်းပြောကေ အဘေချေ နှာမေ အကြောင်းလေ့မပြောလို့မဖြစ်ချင့် ရာဇဝင်နန့်ဂို၊
အဘေချေနှာမေက မောင်ထွီး ။ အဘေချေ မိဖတိမာ ဘေချေကိုရခါ နောက်ဆုံးဘိတ် ထင်ပီးကေမောင်
ထွီးလို့ပီးထားပြီးခါမနောက်တယောက်ရလာလို့မောင်နှောင်းချေ လို့ပျင်ပလိုက်ရရေလတ်။
မင်းလမ်းမထက်နပူဂျဂျာမာ ကားတစီးဂေါင်းကဖင်က ခေါင်မိုးကလူပဒေသာပင်ပိုင်အပြည့်တင်ပနာ
တရွီရွီနန့်ကြိုင်းပါချိအောင်လိပ်တွားတွားလို့လားနီစွာဒန်ခံချေကလှမ်းမြင်နီရရေ၊ ကားခမျာ
နူးရာဖင်ထိုင်ပါရေထော၊ကားနောက်ဖက်မာလေ့ဖုန်တထောင်းထောင်းထလို့လားကြည့်စရာမလို
ယင်းလူတိအားလုံးစွာ မျောက်ဖြူတိဖြစ်နီကတ်ဖို့စွာကိုအတွိအကြုံအရသိရေ။အေလောက်အပြင်
ကိုမထွက်ချင်လောက်အောင်ပူနီစွာမာ ဇာဝဋ်လိုက်ဇာဖီးသင့်လို့အေလူတိ ကဇါတွက်လားနီကတ်ရလေ
နန်းလို့စိတ်ထဲကမိန်းခွန်းကို နားထဲ တို့ဝင်လာရေအသိချေက ချက်ချင်းသဘောပေါက်လားစီရေ။
အော် ထိုဖက်ရွာ ဒုံးပွဲက တရက်နှစ်ရက်ရာလိုသိမ့်ယာကို။စံကျောင်းစံချိန်တိတောင်အညွှန့်တိမြင်နီရဗျာယ်။ လူတိမြို့ကိုတက်လို့ဈီးပြုကတ်ဖို့နှင်ရာ ။ ဘုန်းကြီးကျောင်းမာ မမချေတိ “ဟန်”တိုက် နီကတ်စွာက
ဆိုင်းသံဗုံသံတိနားထဲရောက်လာလို့သတိရလားရေ ။နီစောင်းကေ အကျွန်ရို့တိလေ့တလား
ကလေ့ကျင့်ဖို့ထွက်ကတ်ရဖို့သိမ့်။
“ဟန်”ဆိုလို့“ဟန်” ဆရာငှါးရစွာလေ့ ဝထုတပုဒ် ၊ပြောပြရခန့်သိမ့်၊ဟန်ဆရာငှားဖို့ခါ ကလေချေတိက
ရခိုင်တေးခင်းနန့်သင်ရေဆရာကိုမှငှါးဖို့ ဆိုခါ ယင်းဟန်ဆရာ ရာဇဝင်က မကောင်း ၊ဒုံးပွဲဟိလို့ ငှါးရေရွာ
တိုင်းမာမယားတယောက်စီ ရရေ ။ယင်းအတွက်နန့် မ မရှင်ဟိရေတိုင်သားတိကမျက်ချိတ်တတ်
တေဆိုပီးကေ မငှါးဖို့ကန့်ကွက်ရေ၊တဖက်က လေ့ယင်းလူရစွာမမ တိကိုကြည့် မဆမတိ မင်းကျွန်မတိ နာမေပျက်ရေမမတိရာမျက်ချိတ် တတ်ကေအပျိုတိကို ယူဖို့နှင်းရာလို့ ဇောဒကတက်တေ၊
ယပိုင်နန့်လို့ဟန်ဆရာကိုလေ့မယားမယူရ ရွာကရရေမမလေ့ရွာကနှင်ထုတ်ခံရ
ဖို့ဆိုရေ ကတိစာချုပ်နန့်ယင်း“ဟန်”ဆရာကိုငှါးဖြစ်လခရေ၊ အဂုဆိုကေ အကျွန်ရို့လေ့ “မင်းလေ့ရခိုင်နန့် ” ဝင့်နီအောင်ကဖို့တတ်နီကတ်ဗျာယ်။ အကျွန်ရို့“ဟန်”ဆရာကတော့ခါ မင်းရို့အဖွဲ့ ပထမ ရစီရဖို့ဆိုယင့်။
နီမစောင်းခင်တနားပွေချေ ထမဆီငင်ပလိုက်မေလို့မှတ်တေ။အိမ်မာရောက်နီကတ်တေဟိသမျှလူရောင်းခနဲ
ရယ်သံကြောင့် အိပ်ခါနီးချေလန့်ကျလခရရေ၊ဖြစ်ပုံကအယွေချေရို့၏အသက်ကြီးပြီးမကံစမ်းမဲပေါက်ထားရေ
ချထားစရာနီရာမဟိလောက်အောင်ချစ်လှစွာသောမျောက်လက္ခဏာမာတင်မွီးထားရေ တဦးတည်းသော
မျောက်ရငံချေကို အမိသယ်မကပြောရေ စကားကြောင့်ပွဲကျလခစွာဖြစ်ပါရေ။အယွေချေကသားတော်မောင်
ကို ပြောလိုက်တေစကားမာထုံးစိုင်အတိုင်း ဖင်တခြားဂေါင်းတခြား ၊“ ဟေးးး ရွင့်ဇာချေ ဒုံးပွဲမမှီချင်ဗျာယ်လာ နပူစားရေချိုင်(ချဉ်)ခံရေ နင်ခေါ်စွာငါမကြားလား လာဖို့လားမလာလာနင် ” လတ်။။ ။။
သားတော်မောင်မာကအမိသယ်မအော်စွာကြားလီဖို့မပြောကေ့ ပုပါချိအောင်ဗြီးလခစွာအမိသယ်မမာအရိပ်
တောင်မကျလိုက်။
ကိုမင်း(24.7.2010)
Posts by : Admin
ရခိုင်မြီမှာ
ငါ့လက်က
ဖေါင်တိန်မှင်စက်
ရခိုင့်စာပီ ထွန်းကားရေးအတွက်
ရီကြိုင်ချေတစက် ဖြစ်ခကေ
ငါ့ဂေါင်းထဲက
စိတ်ကူးစိတ်သန်းချေတိ
ရခိုင်ပြည်သူတိအတွက် ဖြစ်ခကေ
ငါ့ရင်ဘတ်ထဲက
အသည်းနှစ်လုံးတိ
ရခိုင်ပြည်သူတိကို ချစ်ခကေ
ငါ့ခန္ဓာကိုယ်က
ချွဲစက်၊ သွီးစက်
ရခိုင်ပြည်သူတိ လုံချုံဘဲကင်းရေးအတွက်
တပ်ထရံချေက တပ်တိုင်ချေတချောင်း ဖြစ်ခကေ
ငါ့ခန္ဓာ
အချိန်တန်လို့ ပုတ်ပျော့လားခါ
လခြမ်းမြီရိုးမအတွက်
မြီဆီမြီသြဇာရာ ဖြစ်ခကေ
သဂြိုင်္ဟ်လိုက်.......ငါ့ကို
ရက္ခမြီမှာ......................။
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၄၊ ၁၂၊ ၂၀၁၀
Tuesday, 14 December 2010
Posts by : Admin
အလိုမကျခရယ် စကားဝိုင်းတိ
အကျွန်စကားပြောကေ ကတ်သီးကတ်သတ်ပြောတတ်လို့ အငယ်ကပင် လူတိုင်းဘာမှာ အမုန်းခံရသည်။ လူတိကလဲ သူရို့ မျှော်လင့်ထားရယ် အတိုင်း တဖက်လူဘားက စကားတုံ့ ပြန်မှုကို မျှော်မှန်းထားကတ်သည် မှာ ဆိုးပါသည်။ ယေဇု နန့် မျှော်လင့်ထားရယ် စကားကို ပြန်လို့မကြေားရခါ ကသိကအောက် ဖြစ်ကတ်ရသည်။ မတတ်နိုင်ပါ။ အကျွန့် ၀သီအတိုင်း ကိုယ်မသျှင်းစွာကို သျှင်းအောင်၊ ကြေနပ်အောင် ပြန်မိန်းရမှ ကြေနပ်သည်။ မိမိ စိတ်သဘောထားကို တောင်းလာကေလဲ မိမိတာဝန်အတိုင်း တဘက်လူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပြန်ပြောရမှ နိန်သာထိုင်သာဟိပါသည်။ အကျွန့်အယူအဆကို လက်ခံရဖို့လို့ အားဓမ္မ တိုက်တွန်းခြင်းမဟုတ်ပါ။ အဖြေတောင်းလာလို့ ဖြေယှင်းချက် ပီးမိခြင်းသာဖြစ်သည်။ အခါခါ တော့ လူတိက စကားပြောကေ ၀ါတာဖော်လို ဖိရှ်ဖောလို( water follow fish follw) ပြောကေကောင်းရယ် လို့ သင်ပြဖူးပါသည်။ အကြောင်းအရာ တခုကို မိမိလက်မခံ နိုင်ဘဲ ပစပိတ်ဂေါင်းညိတ်ခြင်းမှာ ရင်ဘတ်ကို ဆယ်ပေါင်လောက်လီးရယ် ကျမွိန့်နန့် အထုခံရစွာထက် အခံရခက်ပါသည်။
တခါက အကျွန့် အဖက အကျွန့်ကို ဥာဏ်ပွင့်လင်းခြင်းနန့် ပတ်သက်လို့ မိန့်ခွန်းခြွေဖူးသည်။ သူ့  အယူအဆက စစောအိပ်ပြီးကေ စစောထပါက ဥာဏ်ပွင့်လင်းပြီးကေ ကျမ်းမာရီးနန့်လဲ ညီညွတ်ကြောင်းပြောပြဖို့အတွက် အကျွန့်ကို “စစောအိပ်ပြီးကေ စစော ထကေ မင်း…လန်းလို့ဆန်းလို့မတွိလား” ဆိုပြီးကေ မိန်းသည်။
အကျွန်ကလဲ “တွိရယ် ပါပါ” လို့ပြန်ဖြေသည်။ သူကဆက်ပြောသည်။
“နောက်ကျပြီးမှ အိပ်ရာဝင်ပြီးကေ နောက်ကျမှ အိပ်ရာက ထကေ ဂေါင်းတိ နောက်ကျူလို့မတွိလား”
“တွိပါရယ် ပါပါ” လို့အကျွန်ကဖြေသည်။
“ယေကေ…စစောအိပ်ပြီးကေ စစောအိပ်ရာက ထစွာမကောင်းလား” ဆိုပြီးကေ သူက နိဂုံးချုပ်ပနာမိန်းသည်။
အကျွန်က “မကောင်းပါလို့” ပြန်ဖြေခသည်။ သူလိုချင်သောအဖြေမှာ “ကောင်းရယ်” ဆိုရယ် အဖြေဖြစ်သည်။ ယေလဲ လိုချင်ရယ်အဖြေကို မရမှာ ကောင်းကြိုက်ပုံမပေါ်ခပါ။ အကျွန်စိုင်းစားပုံမှာ အေပိုင်ဖြစ်ပါသည်။ အိပ်ရာကထလို့ ဂေါင်းလန်းဆန်းစွာ၊ နောက်ကျူစွာ နန့် အိပ်ရာဝင်ခြင်းအလေ့ အထ နှစ်ခုကို ကောင်းသည်၊ ဆိုးသည်လို့ သတ်မှတ်လို့မရပါ။ အိပ်ရာဝင်နောက်ကျပြီးကေ မိုးထဖ နောက်ကျမှထလို့ ဂေါင်းနောက်ကျူကေလဲ ယင်းအလေ့အထကို ကြိုက်တေလူတိဟိပါသည်။ အကျွန်လဲ ညဥ့်ငှက်လူသား ဖြစ်လို့ ညဥ့်အခါ အလုပ်လုပ်ရမှ စိတ်ဝင်စားပါသည်။ မိုးထ ဂေါင်း မကြိုင်မလင်ဖြစ်ဖို့စွာကို အလေးမထားပါ။ ယေဇု နန့် အကျွန့်အတွက် ဂေါင်းမကြိုင်မလင်ဖြစ်တေ နည်းက ကောင်းပါသည်။ ယေဒါလဲ ကာလအလိုက် သူ့ အကြိုက်စရိုက်ညီထွေ မကျင့်တတ်ခခါ ပါပါဘားက ယင်းနိန့် မုန့် စားဖို့ ဖေသာအပိုမရခါပါ။
နောက်အဖြစ်အပျက်တခု အကျွန်ကြုံဖူးပါသည်။ လူတယောက်နန့် အကျွန် ဇရက်မင်းစီးစည်တတူခံစားကတ်ယင်း၊ ယင်းလူဧ။် အမျိုးသားရီး ပေါ်လစီတခုကို လက်တွိမကျလို့ထင်လို့ နှိုက်နှိုက်ချွတ်ချွတ်မိန်းဖူးပါသည်။ အဖက်ဖက်က ဝေဖန်သုံးသတ်ကြည့်ပါသည်။ အဆိုပါလူမှာ အကျွန့်ဧ။် မိန်းမြန်းချက်တိကို မကြိုက်လို့လား၊ မဖြေနိုင်လို့လားမသိ အကျွန်နန့် စကားပြောရစွာရယ် ကျွဲပါးစောင်းတီးစွာနန့် တူရယ် ဆိုပြီးကေပြောခသည်။ အကျွန်ရယ် “ကျွဲပါးစောင်းတီး”ဆိုရယ် စကားပုံကို အငယ်အတည်းက ကြားဖူးနားဝဟိပါသည်။ ယေလဲ သူဇာကို ဆိုလိုရယ်အသေအခြာ သိအောင် ယင်းစကားပုံကို ထပ်သျှင်းခိုင်းရပါသည်။ သူက ကျွဲပါးစောင်းတီးဆိုရယ် စကားပုံကို သုံနှုန်းရခြင်းမှာ- ကျွဲတိရယ် စောင်းသံကို နားမလည်ရယ်ပိုင် အကျွန်လဲ သူပြောရယ် စကားကို ကျွဲ စောင်းသံကိုနားမလည်ရယ် ပိုင် မလည်းခြင်းဖြစ်ကြောင်း ယှင်းပြပါသည်။ ပြသနာက ဒေမှာပြီးမလားပါ။ ကျွန်တော်မှာ ယှင်းစရာတိ၊ မိန်းစရာတိ ထပ်လို့ ပေါ်လာခပါသည်။ ယင်းဟင့်မှာ ကျွဲတိရယ် စောင်းသံကို နားမလည်ဆိုစွာကို အကျွန်ရို့ဘဇောင်ပိုင်သိပါလဲ။ ကျွဲမှာ လူထက်ကြီးရယ် နားရွက်နှစ်ဘက်ပါ ပါသည်။ ကျွဲ နားပင်းကလွဲလို့ ပုံမှန်ကျွဲတိရယ် အကြားအာရုံ နန့် အာရုံသိစိတ် ဟိကတ်စွာကျည်းယာ။ ခွီးကိုတောင်မှ လူက နာမေပီးထားကေ သူ့ နာမေခေါ်ကေ ခွီးက နားလည်ပါရယ်။ ယေဇု နန့် ကျွဲရယ် ယင်းစောင်းသံကို ကြားဖို့စွာကိုတော သေခြာပါသည်။ နောက်တခုစိုင်းစားရဖို့စွာက “နားလည်ခြင်း” နန့် “ခံစားခြင်း”ပါ။ ထပ်ဆိုပါမေ။ ကျွဲရယ် စောင်းသံကို နားလည်နိုင်ပါယင့်လား၊ ခံစားနိုင်ပါယင့်လား။ ဒေပိုင် စိုင်းစားကြည့်လို့ရပါရယ်။ နားကောင်းရယ် လူတယောက်က စောင်းသံကို တပြိုင်တည်းနားထောင်ရယ်အချိန်မာ ယင်းဂီတကို နားလည်နိုင်မှု နန့် ခံစားခြင်းတိရယ် နှစ်ဆင့် တိုးတက်ဖြစ်ပေါ်ပါသည်။ ဂီတကို နားလည်နိုင်မှုဆိုစွာက ထွက်ပေါ်လာရယ် ဂီတသံဧ။် ပျော့ပျောင်းမှု၊ ကြမ်းတမ်းခြင်းကို ဆိုလိုပါသည်။ ခံစားခြင်းဆိုစွာက ယင်းဂီတသံကို ကြားရခါ စိတ်ထဲက ကြိုက်နှစ်သက်ခြင်း၊ မကြိုက်နှစ်သက်ခြင်းကို ဆိုလိုပါသည်။ ဗုဒ္ဓ၀ါဒအရ တခုခုကိုကြားရဖို့အတွက် အသံထွက်ပေါ်ရယ် အရာတခု၊ အသံကိုလက်ခံလို့ရရယ် နားစည် ကောင်းကောင်းတခု နန့် ကြားသိစိတ်ဟိဖို့လိုသည်။ ယင်းအခြေအနေ သုံးရပ်နန့် ညီညွတ်ကေ ယင်းအသံကို နားလည်ပါသည်။ ယေဇု နန့် ယင်းအခြေအနေသုံးရပ်နန့် ညီညွတ်တေ ကျွဲတိလဲ အဆိုပါ စောင်းသံကို နားလည်ပါသည်။ တနည်း- ကြားနိုင်ပါသည်။ ယင်းအသံကို ကြားရခြင်းကို ဖသ လို့ဆိုသမုတ်ကတ်ပါသည်။ ယင်းဖသကြောင့် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဝေဒနာ ပေါ်ပါသည်။ ယေဇု နန့် ယင်း စောင်းသံကို ကြားရရယ်(နားလည်ရယ်) ကျွဲတိမှာလဲ ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုပြီးကေ ဝေဒနာပေါ်ပေါက်ပါလိမ့်မေ။ သာဓက တခုအနိန်နန့် နသိုးတိကို အနီရောင် အ၀တ်ဟပ်ကို ပြကေ ခတ်ဖို့လိုက်ခြင်းကို ကြည့်လို့ သူရို့မာ အနီရောင် အပေါ်မှာ မကြိုက်မနှစ်သက်ခြင်း ခံစားချက်ဟိကြောင်း သက်သီပြ နိုင်ပါသည်။ ယေဇု နန့် ကျွဲတိရယ် စောင်းသံကို နားလည်နိုင်ကြောင်းကောက်ချ ချနိုင်ပါသည်။ ယေဒါလဲ ယင်းစောင်းသံကိုပင် နားလည်နိုင်ပုံ၊ ခံစားပုံချင်း ကျွဲနန့် လူ တူဖို့လားမိန်းကေတော့ အကျွန်မဖြေတတ်ပါ။ သာယာပျော့ပျောင်းရယ် စောင်းသံကို ကြားရချိန်မာ အကျွန်ကတော့  လသာရယ် ညဥ့်တညဥ့်မှာ ရည်းစားနန့် ချိန်းတွိဖူးစွာကို သတိရ ခံစားချင်ခံစားပါဖို့။ ယင်းပိုင်ပျာယ်လဲ ကျွဲတိလဲ ယင်းစောင်းသံကို ကြားရချိန်မှာ သူ့ ရည်းစားနန့် တတူ လယ်ထွန်ခရယ်အချိန်ကို စိုင်းစားချင်စိုင်းစားပါဖို့။ အသူ သိခီပါဖို့လဲ။
အကျွန်က အထက်ပါအတိုင်း သျှင်းပြမှာ အဆိုပါလူမှာ အကျွန့် သျှင်းပြချက်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံ ပြန်မပြောဘဲ ဘူး ခံလို့ရာနိန်ခသည်။ သူ့ အဆိုမှန်ကြောင်းရာ ထပ်ခါတလဲလဲ ပြောနိန်ခသည်။ အကျွန်က သူ့ ကို နောက်ဆုံးအနိန်နန့်…ယင်းလောက်ထိ ကျွဲတိ စောင်းသံကို နားမလည်လို့ ခိုင်ခိုင်မာမာပြောရလောက်အောင် အကို ကျွဲဖြစ်ဖူးလား လို့မိန်းလိုက်မိပါသည်။ ယေခါ ကာအလိုက် သူ့ အကြီုက်စရိုက်ညီထွေ မကျင့်တတ်ခရယ် ကျွန်တော်သည် သူ့ အိမ်က မိုးထဖသား လေးချက်တီးမှာ နှင်ချ ခံခရဖူးသည်။ ယေဇု နန့် ဟိဖို့ ထင်ပါသည် လူတိက ၀ါတာဖော်လို ဖိရှ် ဖော်လို လိုက်တတ်အောင် သင်ပြပီးကတ်စော်။
Posts by : Admin
အချစ်ဆိုစွာက
အချစ် ဆိုစွာက
မသန်းစိန် ရယ် ရီမိုးချိုးပြီးကေ အိမ်ဘရံတာမာ စီထိုင်ပနာ လမ်းကလားကတ်တေ ထိုသူဒေသူ ကိုငေးကြည့်
တတ်တေ။ ဒေဟင့်က သူရို့မြို့မာ ဓလေ့တခုယာ။ အိမ်တိုင်းရှိမာ ထိုင်ခုံတန်းတိ ဟိရယ်။ ညဇာတိုင်ကေ ယင်း ဒန်းခံ သျှေမာ ထိုင်ပနာ စကားပြောကတ်တေ။ ယင်းဘရံတာမာ ထိုင်ပြီးကေ ရီချိုးခါ ဆီးထားရယ် ဆံ
ပင်ကို ခြောက်အောင် ယပ်ခပ် နိန်ချိန်မာ သူ့ကိုတွိခစွာပါ။ မသန်းစိန် အိမ်ဘေးနားကအိမ်ရှိမာ ယင်းနိန့်က
ကားတစီးလာရပ်တေ။ ကားကလဲ ဒေမြို့မာ သူ တခါလဲမမြင်ဖူး။ အဖြူရောင် ဆလုံး ကားအမျိုးအ
စားဖြစ်ပြီးကေ မျက်စိမာမြင်ရစွာက စီးချင်စရာကောင်းရယ်။ တခုထူးခြားစွာက ယင်းကားထဲက ကားမောင်း
သမ ဘေးမာ ကလေတယောက်ထိုင်လို့ပါရယ်။ ယင်း ကလေကိုလဲ သူတခါလဲ မမြင်ဖူးပါ။ စိတ်ထဲမာတော့
မြို့ကို ပြောင်းလာရယ် လူသစ်တိဖြစ်ဖို့လို့ အောက်မိလိုက်တေ။ ယင်းအချိန်မာ တဘက်အိမ်က အိမ်နားပါးချင်း ကိုမောင်ထွန်းသာ ဆင်းလာပြီးကေ ကားဘေးမာရပ်ပနာ ယင်းကလေ နန့်စကား
ပြောနိန်စွာကိုမြင်ရရယ်။ ကိုမောင်ထွန်းသာ သူငယ်ချင်းဖြစ်လီ မေလားမသိလို့ သူတွေးမိခရယ်။ ယင်းက
လေရယ် သူမြင်ဖူးရယ် ယောင်္ကျားသားတိနန့် မတူဘဲ တခုခုထူးခြားနိန်ရယ်လို့ သူထင်ခရယ်။ သူ့ကိုယင်း
နိန်က အ၀ီးကမြင်ခရကေလဲ မည်းနက်ပြီးကေ ထင်းနိန်ရယ် သူ့မျက်ခုံး၊ ဖြောင့်စင်းနိန်ရယ် နှာတံ နန့် နခမ်း ပပါး ပိုင်သျှင်သူ့ကို မြင်စွာနန့်တခါတည်း သူမ စွဲလားခရယ်။ သူ့ပုံစံကို ကြည့်ခရစွာက အအီးဆဆီး ပုံစံဖြစ်
တေ။ စကားပြောကေ လက်ဟန်နန့်စကားပြောစွာကို တွိရရယ်။ အို…..သူ့လက်ချောင်းသျှေတိ ဘလောက်
လှလီမေ မသိ လို့သူမ တွေးခရယ်။ သူ့ကို အနားကနိန် ကပ်ပနာ မြင်ချင်ရယ် စိတ်တိလဲ တဖွားဖွားပေါ်ခရ
ရယ်။ ကိုမောင်ထွန်းသာ နန့် စကားပြောပြီးကေ သူရို့ကားယင်းအိမ်ရှိကနိန်ထွက်လားခစွာကိုလဲ မသန်းစိန်
မျက်စိတဆုံးပျော ကြည့်နိန်ခမိသိမ့်ရယ်။
ယင်းနိန်ကပင်စလို့ မသန်းစိန်တယောက် ကိုယ်နန့်စိတ်မကပ် ဖြစ်နိန်ခရရယ်။ ယင်းကလေ မျက်နှာခွက် သူ့
စိတ်ထဲက နိန် မထွက်နိုင်ခ။ အိပ်တေခါ အိမ်မက်ထဲမာ သူလာပါစီလို့လဲ ဆုတောင်းနိန်ခမိရယ်။ မိုးထဖသား အိပ်ရာက ထလို့ မျက်စိနှလုံးပွင့် စွာနန့် သူ့အကြောင်းက ဂေါင်းထဲဝင်လာရယ်။ သူနာမေ၊ သူနိန်ရပ်၊ သူ့အခြီအနီ အားလုံးကိုသူမ အတွေးနန့် စိတ်ကူးယိုင် နိန်မိခရယ်။ နောက်နိန်တိများ သူဘေးအိမ်
ကိုရောက်လာဖို့လား သူမတမျှော်မျှော်ဖြစ်နိန်ခရရယ်။ ကြောင်းမကြာသူမ အလိုဆန္ဒ ပြည့်ခရရယ်။ ကိုမောင်ထွန်းသာ အိမ်ပြတင်းပေါက်မာ ယင်းသူလက်တင်ပနာထိုင်နိန်စွာကိုတွိလိုက်ရရယ်။ မသန်းစိန်
အိမ်ပြတင်းပေါက်နန့်ဆိုကေ ဆယ့်ငါးပေလောက်ရာဝီးရယ် အတွက်နန့် သူမ သူ့ကိုကောင်းကောင်းမြင်ခရ
ရယ်။ သူမသူ့ကို ယင်းပိုင်အနီးကပ်မြင်လိုက်ရရယ် အချိန်မာ လီထဲမာ လွင့်လားယောင်ခံစားလိုက် ရရယ်။
သူရယ် ရာမောင်သျှင်မမာ သားရာလား၊ ပါသျှန် နတ်သားတပါး ရာလား သူ့မ အသိတရားကင်းမိန့်ပနာ
တွေးလိုက်တေ။ သူယင်းနိန့်က အင်္ကျီ မောင်းပိုင်း အ၀ါနုရောင် တလုံးကိုဝတ်ထားရယ်။ ဖြူဆွ နိန်ရယ်
သူ့အသားအရီထက်က မွှီးညှင်းနု တိက အသည်းယားဖို့ တောင်ကောင်းလောက်တယ်။ ပိတုန်းပိုင် မဲနိန်
ရယ် ဆံပင်ကို ဂတုန်းစတောက် ကေကိုက်ထားရယ်။ ကိုမောင်ထွန်းသာနန့် ဇာစကားပြောနိန်လေ့ သူမတော့မကြားခရပါ။ ယေဒါလဲ သူရယ် ယင်ကောင် သျှေတကောင်ပိုင်ရာဖန်ဆင်းလို့ရကေ သူနားကို
တ၀ဲဝဲပျံလို့ သူ့ဇာအကြောင်းအရာတိများပြောနိန်ဖို့လဲ နားထောင်ခချင်ရယ်။ သူပြောရယ်ထဲ မာ သူ့မ အ
ကြောင်းတိများပါလီဖို့လား၊ တခြား ကလိန့်မေသျှေ တိအကြောင်းကိုရာပြောလီဖို့လား၊ သူစိတ်ဝင်စား
နိန်ရယ် အကောင်မသျှေက အသူလဲ သူကောင်းသိချင်ခရယ်။
သူကို ကိုမောင်ထွန်းသာဂီတာလာပီးစွာကို တွိရရယ်။ အော်…သူဂီတာလဲ တီးတတ်စွာရာမနားလို့ သူမ ရင်
ထဲမာ ပီတိ ဖြစ်နိန်ခသိမ့်ရယ်။ သူယင်းနိန့်က ခိုင်ကျော်လင်းဆိုထားရယ် အချစ် ဆိုရယ်တေးခြင်းကိုဆို
ရယ်။ သူ့ရင်ထဲမာ ယင်းတေးခြင်းသံရယ် ဘဇောင်ပိုင်နားထောင်လို့ကောင်းခမသိ။ မူရင်းအဆိုကျော်
တောင်သူ့လောက်နားထောင်လို့မကောင်းခ။ သူမ ယင်းကလေနာမေကိုလဲမသိ၊ ယေဒါလဲအဂုအချိန်ထိ
သူ့မာ အပြစ်အနာဆာ တခုလဲရှာလို့ မတွိသိ။ သူမ သူ့ကိုယ်သူ ဝေခွဲလို့မရအောက်ဖြစ်ခရယ်။ သူမ ယင်းကလေကို ချစ်နိန်မိပျာယ်လား။ သူမ အဂယင့် ရင်ခုန်နိန်ယာလား။ ယင်းနိန့်က တေးခြင်းမဆုံး ခင် အီးယောင်က ခွဆုံက ဆိုင်ခြောက်သျှေလားပြီးကေ အင်္ကျီခြုပ်အပ်ဝယ်ဖို့ ခိုင်းလိုက်လို့ မလားချင်ဘဲလားခ
ရရယ်။ ပြန်ရောက်ခါ သူ မဟိယာ။ ယင်းပိုင်နန့် သူ့ကို အခါခါ ကိုမောင်ထွန်းသာကိုစီလာခေါ်စွာကိုတွိ
ရရယ်။ ကားထက်ကတော့ သူ့တခါလဲဆင်းစွာကိုမတွိရဘဲ ကားထက်ကစီစောင့်နိန်ရယ်။ သူမရယ်
ယင်းကေလေ သူ့ကိုများ မျက်စိကျဖို့လားလို့ တခါတခါ သူ့အေးမ အသျှေကို ရွက်ပြရယ်၊ အသျှေအိမ်အောက် မာကစပ်နိန်ကေ ဘရံတာက နာမေကိုတာဘဲ လှမ်းခေါ်လိုက်တေ။ ပုံမှန်အချိန်ဆိုကေ
တော့ အသျှေအိမ်မာ ဟိမှန်းတောင်သူမ မသိပါ။ သူမ ယင်းပိုင်ကြိုးစားအားထုတ်မှုတိကြောင့် အခါခါတော့ ယင်းကလေ နန့် မျက်စိချင်း ဆုံခရရယ်။ မသန်းစိန် ယင်းပိုင်အကြည့်ချင်းဆုံတိုင်း ဘဇောင်ရင်ခုန်ခရလေ
မသိ။ ယင်းကလေ မျက်စိထဲမာ သူမလိုချင်စွာ တခုခုကို အကြည့်ချင်းဆုံတိုင်း သူမ ရှာနိန်ခရယ်။ သူတယောက် လောကကြီးမာ ဟိရယ်ဆိုစွာကို ယင်းကလေ ကိုသိစီချင်ခရယ်လေ။ တရက်နိန် တန်းပျင်းခန်းမာ အကျီင်္ဖွတ်နိန်တုန်း ကိုမောင်ထွန်းသာ ညီမ နောက်တရက်နိန်မွီးနိန့်ပွဲဟိလို့ လာခေါ်
ရယ်။ ယင်းနိန့်ခါ စကားစမြည်ပြောယင့်နန့် သူမစိတ်ကို ဖမ်းစားခရယ် အိမ်မက်ထဲက ထိုကလေအကြောင်း
သိခရရယ်။ သိရယ်ဆိုစွာကလဲ စကားအချက်ကျလို့ တဖေ့သျှေရာ မသန်းစိန်သိခရရယ်။ သူ့နာမေက အောင်ထွန်းရှီ လတ်။ သူက ကိုမောင်ထွန်းသာနန့် ငယ်သူငယ်ချင်း။ မိသားစုတိကချမ်းသာရယ်။ ယင်းဟင့်ထက် အရီးကြီးရယ် သတင်းအချက်အလက် တခုကို မသန်းစိန်ရလိုက်တေ။ ယင်းဟင့်က နက်
ဖြန်ကိုမောင်ထွန်းသာမွီးနိန့်ပွဲကို ကိုအောင်ထွန်းရှီလာဖို့ဆိုစွာကိုဖြစ်တေ။ သူမ ပဇောင်ပိုင် ၀မ်းသာလားခ
ရယ်လို့မသိ။ အခု သူနန့် လူချင်းတွိရဖို့ပျာယ်ဖြစ်တေ။ သူနန့် ခင်မင်ရင်းနှီးခွင့်ရဖို့ပျာယ်ဖြစ်တေ။ တယောက်နန့်တယောက်တွိခါ သူ့ကိုစလို့ မိတ်ဆက်ကေကောင်းဖို့လား သူမတွေးကြည့်ခရယ်။ မမသျှေဆို
ရယ်ဂုဏ်သိက္ခာလဲသော့ ဟိသိခါ သူ့ဘက် ကစလို့ မိတ်ဆက်လာကေကောင်းဖို့လို့ သူလိုချင်ရယ်ပိုင်လဲ
တွေးခရယ်။ အကောင်းဆုံးကတော့ အိမ်သျှင်ဖြစ်တေ ကိုမောင်ထွန်းသာရို့ မိတ်ဆက်ပီးတော့အကောင်းဆုံး
ရာလေလို့သူ မစိုင်းစားခရယ်။ ယင်းနိန် တညဥ့်လုံး မသန်းစိန်တယောက်အိပ်လို့မပျော်ခလေ။ အတွေးတိ
တသီတတန်းကြီးနန့် တောင်ရောက်မြောက်ရောက်စိုင်းစားနိန်ခရယ်။
ယင်းနိန့်ညဥ့်ခါ သူ အိမ်မက် မက်တေ။ အိမ်မက် ထဲမာ သူ့ကို ကိုအောင်ထွန်းရှီက ရည်းစားစကားလာပြော
ပြီးကေ သူရို့နှစ်ယောက်သမီးရည်းစားဖြစ်လားခရယ်လတ်။ သူ ကျောင်းတက်ကေ သူ့ရည်းစားအသစ်စက်
စက်က ကားနန့် အကြိုအပို့ လုပ်ပီးရယ်လတ်။ အပိုင်းက ကလိန့်မေတိက သူ့ကို တပျင်းမနာလိုဖြစ်ကတ်ဆို
ရယ်။ တချို့က သူရို့အတွဲကိုကြည့်လို့အားကျပနာ သူ့ရို့ကို မျက်စိ မျက်ဆံ တိပြူးပနာကြည့်ကတ်တေလတ်။
မိုးထဖသားအိပ်ရာက ထလာခါ သူအိမ်မက် မက်တေပိုင်ခံစားခရလေ။ ဇာလို့ဆိုကေ သူမက်ခရယ် အိမ်မက်ကို အဂယင့် သူထင်နိန်ခလို့လေ။ သူ ယင်းလောက်ထိ ဒေကလေကိုစွဲလမ်းနိန်ခပျာယ်ဖြစ်တေ။ မရကေ သီကျဖို့ လားလို့တောင်ထင်မိခရယ်လေ။ ယင်းနိန့်ပွဲမလားခင် သူ အကျီ် အမ်ဒမာရီ ရှိမာရပ်ပနာ
ဝတ်ဖို့အင်္ကျီကို ရွီးနိန်ခစွာ တစ်နာရီလောက်ကြာခရယ်။ ညကပင် ခြီသည်းလက်သည်း ဆိုးထားခစွာလေ။
သူ့ဇာအရောင်ကိုကြိုက်ဖို့လဲလို့တော့ သူ မခန်းမှန်းတတ်ခ။ ယေဒါလဲ သူ့ကိုမြင်ကေတော့ အောင်ထွန်းရှီ
စိတ်ဝင်စားလောက်တေလို့ သူ့ကိုသူယုံကြည်နိန်ခရယ်။ မှန်ရှိမာ ခန္ဒာ ကိုယ်ကို တပတ်နှစ်ပတ်မက မွိန့်ပနာ
သူ့အလှကို သူစိတ်ကြိုက်ကြည့်နိန်ခရယ်။ မသန်းစိန်….တစိန်..တည်းဟိရယ် ယင်းအပိုင်းမာ၊ အလှဆုံး
အကြွဆုံး ပန်းဘုရင်မသျှေပိုင်။ သူအားလုံးအဆင်သင့်ဖြစ်စွာနန့် ဘေးအိမ်ကို ကူးပါလတ်တေ။ လူတိရောက်နိန်ကတ်ပျာယ်ဖြစ်တေ။ ပြင်ယှိဘက်ခမ်းက စာပွဲခုံဝိုင်း မာ အသီးသီးထိုင်ပနာ
စားသောက်ဖို့ ပြင်နိန်ကတ်ပျယ်ဖြစ်တေ။ မောင်ထွန်းသာက မသန်းစီန်ကို မြင်စွာနန့် လက်ယပ်
ခေါ်ပြီးကေ ဇာတ်တိုက်ထားခရယ်ပိုင် မောင်ထွန်းရှီ ခုံမာ မျက်နှာချင်းဆိုင်နိန်ရာချပီးပြီးကေ အားလုံးသူနန့် မိတ်ဆက်ပီးရယ် ။ အမိယေ
လေး သူ့နှလုံးသားတိ မြင်းကောင်ရေ သုံးသိန်းနန့် မောင်းရယ် စက်ပိုင်လှုပ်နိန်ခစွာမနား။ သူယင်းခုံ
ဝိုင်းမာ ထိုင်ယင်း အားလုံးသူ့ကို တချက် ၀ဲပနာ ပြုံးပြလိုက်တေ။ ကိုအောင်ထွန်းရှီ ကိုက ထူးထူးခြားခြား
အပြုံးကို ပိုလို့နက်သျှိုင်းအောင်ပြုံးပြလိုက်တေ။ သူမအတွက် ဒေနိန့်မာ သူ့စိတ်ဝင်စားမှုကို အရယူဖို့လို
အပ်တေလေ။ သူမကိုလဲ သူကပြန်လို့ပြုံးပြလိုက်ခါ မသန်းစိန် သတိမိန့်လားဖို့ယောင်ခံစားလိုက်တေ။
သူရို့ဝိုင်းကလူတိကတော့ သူ့ကိုသတိမထားလောက်။ အားလုံးစားဖို့အဆင်အသင့်ဖြစ်ခါ အောင်ထွန်းရှီ
က ငရုတ်ကောင်းမှုန့်ကို သူ့မုန့်တီခွက်မာ ထည့်ပြီးကေ မသန်းစိန်ကို “ယူပါဖို့လား” ဆိုပြီးကေမိန်းရယ်။ သူ
ပစကစကားပြောမထွက်။ ယေဒါနန့် ဂေါင်းညိတ်ပြလိုက်ပြီးကေ ပုလင်းကိုလှမ်းယူလိုက်တေ။ စိတ်ထဲကတော့ ယေပိုင်လဲ အလိုက်သိတတ်တေကားလို့ သူ့ကို အမှတ်ပီးနိန်မိခရယ်။ ပုလင်းယူခါ သူ့လက်ဖျားနန့် မသိမသာတိုက်မိလားခရယ်။ သူ့မျက်နှာမာ ပန်းနုရောင်လှိုင်း တခုပြီးလားခစွာကို သူတွိလိုက်တေ။ မသန်းစိန် မျက်နှာမာလဲ နှင်းဆီတခင်း ပွင့်လားခရယ်။ ရင်ထဲမာကတော့ တယောက်ကို
တယောက်စိတ်ဝင်စားနိန်ကတ်စွာကို မသန်းစိန်အသေအခြာသိနိန်ခရယ်။ သူမ ညက မက်ခရယ် အိမ်မက်
လဲ ကောင်းမကြာခင် အဂယင့် ဖြစ်လာဖို့လို့ မသန်းစိန် ယုံကြည်ခရယ်။ သူတခါ တခါ စကားပြောကေ ရယ်
လို့ပြောတတ်စွာကိုလဲ သူမယင်းနိန့်က သတိပြုမိခရယ်။ ပုလဲလုံးတိစီတန်းထားပိုင် ဖြူဖွေးနိန်ရယ် သူ့သွားက သွားတက် သျှေနန့် ပဇောင် ချစ်ဖို့ကောင်းမသိ။
သူနန့်စကားစမြည်စလို့ပြောဖြစ်ခရယ်။ မသန်းစိန် သူ့အကြောင်းကိုဒေထက်ပိုလို့သိချင်ခရယ်။ သူမာ ရည်စူးထားရယ် မမသျှေ တယောက်ယောက်များ ဟိလီခဖို့လားလို့လဲ သံသယသူဖြစ်မိပြီးကေ စိုးရိမ်
သောကလဲ ဖြစ်ခရရယ်။ အားလုံးစားလို့သောက်လို့ပြီးခါ သူအိမ်ကိုချက်ချင်းမပြန်သိမ့်ဘဲ သူ့အနားမာ
ထိုင်နိန်ဖို့သိမ့်လို့ ဆုံးဖြတ်ခရယ်။ သူ တေးခြင်းသျှေဘာသျှေ ဆိုကေ မသန်းစိန် သူ့မျက်နှာကိုကြည့်လို့
နားထောင်ချင်ခသိမ့်လေ။ ယင်းပိုင်နန့် ပရိတ်သတ်တိက ကိုမောင်ထွန်းသာ အတွက် မွီးနိန့်ဆုတောင်း
တေးခြင်းတပုဒ်ဆိုဖို့ အောင်ကျော်ရှီ ကိုပြောကတ်တေ။ အားလုံး စွာရယ် မသန်းစိန် စိတ်ထဲမာ ဖြစ်ချင်ရယ်
အတိုင်းဖြစ်လာစွာကို သူမ သိလိုက်တေ။ ယင်းအချိန်မာ အောင်ကျော်ရှီက ကြမ်းမာထိုင်နိန်စွာကနိန် ဂီတာ
တီးဖို့အတွက် နိန်ရာပြောင်းထိုင်ဖို့အတွက် မောင်ထွန်းသာကို အခန်းထောင့်မာ ထောင်ထား
ရယ်ကျိုင်းထောက် ကိုလက်ညှိးထိုးပြလိုက်တေ။ ၀ှက်…ယင်းအချိန်မှ မသန်းစိန်တန်းခါးထောင့်မာထောင်
ထားရယ် ကျိုင်းထောက်ကို သတိပြုမိခရယ်။ မောင်ထွန်းသာ ကျိုင်းထောက်ယူလာပြီးနာ အောင်ကျော်ရှီကို
ပီးလိုက်တေ။ သူကျိုင်းထောက်နန့် ထရပ်လိုက်ခါ မညွန့်စိန် ကြောက်ကြီးသန်ဖက် ၀င်လားခရယ်။ သွင်ပြီး
သောနာ အဘုသျှေခြီ ပိုင် ပိစိကလောင်သျှေနန့် အောင်ကျော်ရှီ ဂီလာန ဘ၀ အမှန်ကိုသူ သိလိုက်ရရယ်။
သူမ ရင်တခုလုံး ပြပြန်းတုန်ပနာ မျက်လုံးမာ မျက်ရည်ပူတိဝှမ်းပါလတ်တေ။ မသန်းစိန် မထင်မှတ်ထားရယ်
မြင်ကွင်းကြောင့် ကြောင်သီသီဖြစ်လားပြီးကေ ချက်ချင်းထပနာ ကမန်းကတန်း မောင်ထွန်းသာအိမ်ထက်က
ဆင်းပြီးပါလတ်တေ။ သတိထားမိလိုက်တေ လူတိကတော့သူ့ကို ငေးကြည့်နိန်ခစွာကို သူ သတိထားမိခပါ
ရယ်။ သူမဖိနပ်စီးဖို့တောင် မတွက်မပေါ်ခ အိမ်ဘားတို့ စင်းစင်းနန့် လျှောက်ပါလတ်တေ။ သူမ မက်ခရယ်
အိမ်မက် တချက်သျှေအတွင်းမာ သဲသောင်က သဲအိမ်သျှေ ပိုင်ပျက်ထွက်လားခရယ်။ ဖြစ်နိုင်ကေ မသန်းစိန် ဒေဟင့်ကို အိမ်မက်တခုရာဖြစ်လိုက်ချင်ခရယ်။ သူအိမ်ပြန်ရောက်တေအခါ အခန်းထဲဝင်ပနာ
ဒေါင့်ဂျောင်သျှေမာ ထိုင်လို့ မျက်ရည်နန့် မျက်ခွက် ဖြစ်နိန်ခရယ်။ ယင်းအချိန်မာ တဘက်အိမ်က အောင်
ကျော်ရှီဆိုနိန်ကျ အချစ် ဆိုရယ် တေးခြင်းသံထွက်လာရယ်။ သူမ မကြားချင်လို့ နားနှစ်ဖက်ကိုပိတ်ထားခ
ရယ်။ ယင်းအချိန်မာ အောင်ကျော်ရှီ အသံရယ် သူမ အတွက် သံရီပူပိုင် ပူလောင်နိန်ခပျာယ်ဖြစ်တယ်။ ။
Posts by : Admin
သမက်တက်ပွဲ
မြတ်သန္တာ ရယ် မှန်တင်ခုံရှိမာ ထိုင်ပနာ အသက်ဝိဥာဏ်ကင်းမိန့် ရယ် လူတယောက်ပိုင်ဖြစ်နိန်ခသည်။အနားက အလှဆင်ရယ် မမ
က သူမမျက်နှာခွက်မာ မိတ်ကပ်၊ ပရိုမီနာ နန့်လိုင်နာတိကို ကြည့်ကောင်းဖို့ထင် ရယ်ပိုင် လိမ်းကျံနိန်ခသည်။ သူမ မျက်လုံးအိမ်က
မျက်ရည်တိ ၀ှန်လာရယ်အခါ မျက်တောင်ညိတ်ပုတ်ညိတ်ပုတ် ခတ်ပနာ မနည်း ထိန်းထားလိုက်ရသည်။ သူ့အေးမ သည်က အနားကို တိုးတိုး သျှေကပ်ပနာ မင်္ဂလာယူဖို့ အချိန်မာ မျက်ရည်မကျ ကောင်းလို့ သတိပီးပါသည်။ မျက်ရည်သည် သူ့အလိုလို
ကျလာခြင်းမဟုတ်တေပိုင်၊ တမင်တကာ နတ်ဒေ၀ါတိက ဖန်ဆင်းထားခြင်းလည်း မဟုတ်ပါ။ ကျစရာ အကြောင်းဟိလို့
ကျလာရခြင်းဖြစ်ပါသည်။
လွန်ခရယ် ခြောက်လလောက်က မြတ်သန္တာ ဆိုရယ်ကလိန့်မေရယ် ဖျတ်လတ်တေစိတ်၊ ပေါ့ပါးရယ်ခန္ဓာဟိရယ် သူတယောက်ဖြစ်ပါ
သည်။ သူရယ် အငယ်ကတည်းက ခြောက်ပစ်လွဲ သဲလဲစင် နိန်လာရယ် မမသျှေတယောက်လဲဖြစ်တေ။ သူ့အမိအဘ တိရယ် မြို့က
ဂုဏ်သရေဟိ မြို့မျက်နှာဖုန်းတိဖြစ်ကတ်သည်။သမီးတယောက်တည်းဖြစ်လို့ သူပိစိကလောင်သျှေကတည်းကအရိပ်တ
ကြည့်ကြည့်နန့် ထားခကတ်သည်။မြတ်သန္တာအထက်တန်းကျောင်းပြီးခါ အမိအဘတိက ရန်ကုန်ကိုလားပနာ တက္ကသိုလ်ကျောင်း
တက်စီခသည်။ ယမန်နှစ်က သူမ ဘွဲ့ရလာရယ်အခါ အိမ်ထောင်ချပီးဖို့ အမိအဖက တိုက်တွန်းလာပါသည်။ အဂယင့်ဆို သူအိမ်ထောင်မပြုချင်ခပါ။ သူမ မာ ရွယ်ရည်ထားခရယ်၊ တယောက်နန့်တယောက်နားလည်မှုရပြီးသား သူတယောက်ဟိခပါသည်။
သူကလဲ သူမကို မေတ္တာစကား ဖွင့်ဟ အံချထားရယ်ပိုင် သူမဘက်ကလဲ လိုလိုလားလား ပီတိအဖြာဖြာ နန့် တုံ့ပြန်ထားပြီးဖြစ်ပါ
သည်။ ဒေစကားကို သူမ အမိအဘတိကို ဖွင့်ဟတိုင်ပင်ရယ် အခါ ခါးခါးသီးသီး အ ငြင်းခြင်းခံလိုက်ရသည်။ ယပြီးကေ
သူမမြိုက ဒက်တင် ပေါက်စတယောက်နန့် ပစပ် ဖို့ကန်ခသည်။ မြတ်သန္တာ ရယ် ခစ်ပညာတတ် တေမမသျှေတယောက်ဖြစ်ပါသည်။
ကိုယ့် ချစ်သူကို သစ္စာ စောင့်ထိန်းသူတယောက်လဲဖြစ်ချင်ခပါသည်။ ယေဒါလဲ ရည်းစားနန့် အမိ အဘကိုချိန်ခွင်တခုမာ ထားလာရရယ်ခါသူမအနိန်နန့် အမိအဘစကားကို လွန်ဆန်နိုင်ခွင့်မဟိခပါ။ သူမ စောဒကတက်ချင်ခပါသည်၊ ဖြေယှင်းချက်
ထုတ်ချင်ခပါသည်။ ယေဒါလဲ အမိအဘစကားကို နားထောင်ရယ်သမီးအလိမ္မာ တယောက်ဘဲ သူမဖြစ်ချင်ခရယ်မဟုတ်လား။
ယေဇုနန့် စိတ်မပါ ဘဲ ယင်းဒက်တင်ပေါက်စကိုလက်ခံလိုက်ခြင်းပါ။ သူ့အမိကတော့ “မေမေ ရို့ စိတ်ချမ်းသာစွာကို မမြင်ချင်လား
သမီး” ဆိုပနာ ငိုသံပါပါနန့်ပြောပနာ သူမကို နားချခသည်။ ယေဒါလဲ အမိအဘတိအနိန်နန့် ပညာဟိသတိ ဖြစ်ခဲဆိုရယ်ပိုင်
သူမ စိတ်ချမ်းသာဖို့ အတွက်တော့ ထည့်မတွက်ခထင်ပါသည်။
ယင်းဒက်တင်ပေါက်စကို သူမမိသားစု လွယ်လွယ်နန့်ရထားခြင်းမဟုတ်ပါ။ သူမ ရို့အသိုင်းအ၀ိုင်းမာ ဒက်တင်
ရို့ အင်ဂျိန်နိန်ယာ ရို့ဆိုစွာ စိန်ပိုင်လည်းကောင်း၊ ရွှီပိုင်လည်းကောင်း အဖိုးတန်ရယ် အရာတိဖြစ်ကတ်ပါသည်။
ယေဇုနန့် ဒက်တင်၊ နန့် အင်ဂျိန်နိန်ယာ ဖြစ်ဖို့လူတိသည် သမီးသျှင် မိဘတိက မျက်စပစ်ခြင်းကို ခံကတ်ရပါ
သည်။ ကျောင်းထားဖို့ ဖေသာမတတ်နိုင်ရယ် အနာဂတ် ဒက်တင်လောင်း တိကိုလဲ သမီးသျှင်မိဘ တိက
အကြို စရံဖေ့သာ သဘောအနိန်နန့် ကျောင်းထားပီးပနာ၊ ကျောင်းပြီးရယ်အခါ သူ့ရို့ သမီးနန့် ပီးစပ်တတ်ပါသည်။
ယင်းဟင့်ရယ် မြတ်သန္တာ ရို့အသိုင်းအ၀ိုင်းမာဟိရယ် တနိုင်ငံမာလဲ မကြားဖူးရယ် ထုံးတမ်းစိုင်လာတခုဖြစ်သည်။
မြသန္တာ အိန္ဒိယ ကားတိ၊ တရုတ်ကားတိ မာအခါခါ မြင်ဖူးသည်။ သူငယ်ချင်းနှစ်ယောက်က သားနန့်သမီးမွီးကေ
လက်ထပ်ပီးဖို့ ဆိုပနာ မမွီးလာသိမ့်ရယ် သားနန့်သမီးအတွက် ကတိသစ္စာပြုကတ်ခြင်းတိဖြစ်သည်။
လူ့လောကထဲကို တောင်မရောက်သိမ့်ဘဲ ဇာပိုင်ဖြစ်လာဖို့တောင်မသိသိမ့်ရယ် လူသျှေတိ ကံကြမ္မာကို ကြိုလို့
ဆုံးဖြတ်ထားခြင်းကတော့စကေတဘွေ တရားလွန်ရယ်လို့ သူမထင်မိပါသည်။ တခါတလီ သမက်သျှင်ဘက်က
နိန် သမီးသျှင်ဘက်ကိုလာကမ်းလှမ်းလာခြင်းတိမာ တော့ အသွင်းပီးရရယ် ရိုးရာတခုဟိပါသည်။ သူမရို့
အသိုင်းအ၀ိုင်းမာတော့ ယင်းအသွင်းကို ရွှီနန့် လည်းကောင်း၊ စိန်နန့်လည်းကောင်း သမက်သျှင် ဘက်က
သမီးသျှင်ဘက်ကို ပီးကတ်ရသည်။ ယင်းလုပ်ရပ်တိရယ် လူတယောက်တန်ဖိုးကို သတ်မှတ်ခြင်းနန့်တူ
ရယ်လို့သူမထင်ပါသည်။ တရားခံတယောက်ကို ဖေသာ စရံပီးပနာ အချုပ်ခန်းက တရားဝင်ထုတ်လားခြင်းနန့်
တူရယ်လို့လဲ သူမသုံးသတ်တေ။ ယေဒါလဲ တိုင်းပြည်တခု ကယိုင်ကျေးမှုထုံးတမ်းစိုင်လာကို ပြောင်းလဲဖို့်ဆို
စွာ ယင်းတိုင်းပြည်က ဥပဒေကို ပြောင်းလဲဖို့ထက် ပိုလို့ခက်ပါသည်။ ယင်း တိုးတက်တေ ခစ်စနစ်နန့်
ကိုးလို့ကန့်လန့် ဖြစ်နိန်ရယ် ဒေယိုင်ကျေးမှုတခုမာ တော့ လောလောစိုင်သူမ သားကောင်ဖြစ်ခရပျာယ်လေ။
ညက သမီးစောင့်နိန့်ကတည်းက အိမ်မာ လူစုံတက်စုံဖြစ်နိန်ခရယ်။ သမက်သျှင်ဘက်က လာပနာ ကောက်ညင်း
ဆန် နန့် သပြေခက် အိုးလာပီးလာခသည်။ သမက်သျှင် အမိက သူမကို ပီတိသောမနသ တိဝေဖြာရယ် အပြုံး
တိနန့် ကြေနပ်ပနာ ကြည့်လားခသည်။ ယင်းအချိန်မာ အီးစက်တေသူမ လက်တိခြီထောက်တိကို သူ့မေမေက
လာကိုင်ပနာ “သမီး နိန်ကောင်းယင့်လား” ဆိုပနာမိန်းမှ သူ သတိပြန်ဝင်လားခသည်။ ယင်းအချိန်မာ မိုးထဖသား
၆ချက်တီးနိန်ပျာယ်ဖြစ်ပါသည်။ တအောင့်ကေ သမက်သျှင်ဘက်က လာကတ်ဖို့ပျာယ်ဖြစ်တေ။ သူ အဆင်သင့်
လုပ်ထားဖို့လိုပါသည်။ မေမေ သူ့အတွက် ကော်ဖီ ပပူတခွက် ယူလာခသည်။ သူမ မသောက်ချင်ခပါ။ သူမရင်ထဲ
ဝမ်းထဲမာ အစာတော့ တခုလဲမဟိခ။ ယေဒါလဲ ပွင့်အံမထွက်လာခရယ် စကားလုံးတိ၊ သူမ ဘ၀အတွက် သူမ
ဘာသာ ရွီးခြယ်မှုလုပ်ချင်ခရယ် အာသီသတိက အခုအချိန်မာ ပြည့်ကျပ် နိန်ခပျာယ်ဖြစ်သည်။ ယေဒါလဲ
အမိအဘစကားကို နားမထောင်ကေ မလိမ္မာ လို့ဆိုတတ်တေ အသိုင်းအ၀ိုင်းမာ ဒေကော်ဖီ တခွက်နန့်တော့
သူမ စကားမပြောချင်ပါပျာယ်။ သူမ တဘ၀လုံးကို တောင်တနာရီလောက် စကားမပြောဖူးရယ် လူတယောက် လက်ထဲကို ပုံအပ်ထားဖို့ ဆုံးဖြတ်ပြီးပျာယ်မနား။
ယင်းနိန့်သူမ အိမ်မာ တအိမ်လုံးကို သမက်တက်ပွဲဟိလို့ ခင်းကျင်းပြင်ဆင်ထားခပါသည်။ ပြင်ယှိဘက်ခမ်းမာ
ကတော့ သူမနန့် သူမအိမ်သျှင် မဖြစ်သိမ့်ရယ် သမက်သျှင်ထိုင်ဖို့ နိန်ရာလုပ်ထားပါသည်။ ယင်းရှိမာ ခုံတခုံ
ချထားပြီးကေ တရားပွဲအုန်းပွဲတင်ထားခသည်။ ယပြီးကေလောင်ပွန်း တချပ်မာ ကောက်ညှင်းထမင်း၊ ငါးကျော်
နှစ်ကောင်၊ ဘဲဥနှစ်လုံး နန့် တခြားစာဖွယ်အရာရာတိ ချထားပါသည်။ လက်ဖွဲ့ဖို့ဖေသာ ထည့်ဖို့ ငွီဖလား
အကြီးမသန်နှစ်လုံးကိုလဲ ခုံထက်မာ တင်ထားခသည်။ အိမ်မျက်နှာကြက်မာတော့ လီလုံးတိ
ရောင်စုံ ကို ဖဲကြိုးမျိုးစုံ နန့် ချိတ်ဆွဲပနာ အလှဆင်ထားခပါသည်။ မင်္ဂလာ တေးခြင်းကို ဖွင့်ဖို့ စက်ဆြာ
အသီးသီး နန့် သမက်တက်ပွဲကို လာရယ် အာဂန္ဓုတိကိုကျွေးမွေး ဖို့ အဖွဲ့သူအဖွဲ့သားတိလဲ ရောက်ကတ်ပျယ်
ဖြစ်သည်။ သူမအဖို့ သမက်သျှင်ကို ထိုင် ပနာစောင့်ရစွာရယ် တခါလဲ ဘ၀မာ မကြုံဖူးရယ် စိတ်ခံစားမှုတခု
ခံစားရပိုင် ဖြစ်ခသည်။ သူမရို့ ယိုင်ကျေးမှုအရ သားကိုသခင်၊ လင်ကိုဘုရား ဆိုရယ်အတိုင်း ကိုယ့်ဘ၀ကို စီမံ
ကွပ်ကဲ အုပ်ချုပ်ဖို့ အိမ်ဦး နတ်ရယ် များမကြာခင် သူမအိမ်ထက်ကို တက်လာဖို့ပျာယ်လေ။ သူ့ကို မြသန္တာ
က ကိုယ်မှုကိစ္စ အ၀၀ကို မယားဝတ္တရား ငါပါးနန့် အညီလုပ်ပီးရလိမ့်မည်။ သူ့အပေါ် သစ္စာ စောင့်ထိန်းရ
လိမ့်မည်။ ယေဒါလဲ သူမသည်လဲ ခစ်ပညာတတ်တယောက် ဖြစ်တေနည်းတူ ကိုယ့်ထမင်းကိုယ်ရှာစား
နိုင်ပါသည်။ လင် ပြောတိုင်း ပစပိတ်ဂေါင်းညိတ်ပနာ ထိုင်ရထရ လုပ်ရရယ် ဘ၀မျိုးတော့ သူမလဲ မလိုလားပါ။
အိမ်ထောင်ရေးတခုဆိုစွာ လင်ကိုကျည်းမယားက ဘုရားပိုင်ကိုးကွယ်ရဖို့စွာမဟုတ်၊ မယားလုပ်သူကိုလဲ လင်
ဖြစ်သူက လေးစားဖို့၊ နိန်ရာပီးဖို့လိုအပ်ပါသည်။ တအောင့်လောက်ကြာခါ အိမ်ရှိမာ အသံဗလောင် ဆူဆူညံညံ ကြားခရလို့ သမက်သျှင်အဖွဲ့လာ ကတ်ပျာယ်ဆိုစွာကိုတော့သိခရသည်။
သူမ ဘက်က လူတိက သမက်သျှင်ကို အိမ်ထက်ကို တက်ခွင့်မပီးဘဲ ခြီဆီးခတောင်းခကတ်သည်။ သမက်သျှင်
ဘက်ကလဲ ဈီးဆစ် နိန်ကတ်လို့ ရယ်သံတိ အော်သံတိ သောသောညံပနာ သူမ ဂေါင်းတိ ညိန်းပါလာခသည်။
၁၇ ရာစု ၁၈ ရာစုလောက်မာ တော့ သမက်သျှင်က သမီးသျှင် အိမ်ကို လာကေ ကျုတ်တိ၊ မြောင်းတိ နန့် ဖုတ်
အလိပ်လိပ်တက်တေ လမ်းကလာခရလို့ သမီးသျှင် အိမ်ထက်ကို မတက်ခင် ခြီဆီးစွာကိုအကြောင်းပြုလို့
ဖေသာ တောင်းတတ်တေ ရိုးရာတခုဟိခသည်။ အခု ၂၁ ရာစုမာ တော့ သမီးသျှင်အိမ်ကို လန်းခြူဆာ နန့်
လာပြီးကေ ခြီဆီး စွာ ကတော့ သင့်အောင်သျှေ ဇီဇာကြောင် ရယ်လုပ်ရပ်လို့ သူမထင်မိပါသည်။
နောက်ဆုံးတော့ ဈီးတည့်လားကတ်တေလို့ ထင်သည်၊ သမက်သျှင်အဖွဲ့အိမ်ထက်ကို တက်လာကတ်တေအခါ
မြတ်သန္တာရယ် ဂေါင်းကို ငုံထားလိုက်ပါသည်။ သူမအနိန်နန့် သမက်သျှင်ကို မျက်နှာချင်းဆိုင်ဖို့အားမဟိခပါ။
ပြန်လို့ ၀ှန်လာရယ် မျက်ရည်ကို သူမလက်နန့် အားရပါးရသုတ်လိုက်ချင်ခပါသည်။ ယေဒါလဲ လူတိ ရိပ်မိ လားဖို့
ကြောက်လို့ မျက်တောင်ခတ်ပနာ ဘဲ ရပ်လားအောင်လုပ်လိုက်ရသည်။ ယင်းဟင့်မာတောင် မျက်ရည်တပေါက် မထိန်းနိုင်လို့ အောက်ကို ဆင်းခရသည်။ သူမဂေါင်းငုံ့ထားခါ သမက်သျှင်ဘေးမာလာထိုင်စွာကို သတိထားမိခ
သည်။ မင်းကျွန်မတိက “ယာ…သမီးသျှင် ရှက်နိန်လာ ဂေါင်းမော့ထားဘလင်၊ ဒေမာ ဓာတ်ပုံရိုက်နိန်ထော”
ဆိုပြီးကေပြောကတ်ပါသည်။ သူမဂေါင်းမမော့ ချင်ခပါ။ သူ့မျက်နှာက မပျော်ရွှင်မှုတိကို လူတိကိုမမြင်စီချင်ခ။
သူများတိ သူ့သမက် တက်ပွဲကို အကြောင်းပြုလို့ ပျော်နိန်ကတ်တေအချိန်မာ သူမကြောင့် စိတ်မချမ်းမြေ့မှုတိ
မဖြစ်စီလိုခပါ။ သမက်သျှင်အနားမာ လာထိုင်ခါ သူ့ဘားက ရမွှီးနံ့တခုကို သူမရလိုက်တေ။ ယင်းရမွှီးနံ့ရယ်
သူမ ကို သူမချစ်သူက တမြတ်တနိုး လက်ဆောင်ပီးဖူးသော ရီမွှီး အမျိုးအစားဖြစ်စွာကို သတိရလိုက်သည်။ အော်
အဂု အချိန်ဆို သူတယောက် ဘဇောင်ပိုင် ဟိနိန်ဖို့လဲ လို့ သူမတွေးလိုက်ပါသိမ့်သည်။
ယင်းအချိန်မာ သမက်သျှင်အမိက သူမ ဆံထုံးမာ သပြေညွှန့်ကို ရိုးရာထုံးတမ်းစိုင်လာ အဖြစ် ပန်ဆင်ပီးပြီးကေ
နှစ်ဦးနှစ်ဖက် အဖတိက အ၀တ်ဖြူနန့် သမက်သျှင်နန့် သမီးသျှင် ဆုတ်တေ ကောက်ညှင်းထမင်း ခုနှစ်ဆုပ်ကို
ယူကတ်ခရသည်။ ယပြီးကေ နောင်အနာဂတ်မာ မခွဲမခွာ နိန်ကတ်ရပါစီ ဆိုရေ အောင်အတိတ် အောင်နမိတ်နန့်
စီးကပ်တေ ကောက်ညှင်းထမင်းကို သမက်သျှင်နန့် လက်ဆုံစားခရသည်။ တယောက်နန့် တယောက် မခွဲမခွာ
ဘ၀သက်ဆုံးပေါင်းရဖို့အတွက် ကောက်ညှင်းထမင်းစားစွာထက် တယောက်အပေါ်တယောက်ချစ်မြတ်နိုးမှု၊ နားလည်
မှုနန့် ကျမ်းမာရီးကောင်းမွန်မှုတိက ပိုလို့အရေးကြီးရယ်လို့သူမ ထင်ပါသည်။ ယပြီးကေ သားသမီးထွန်းကား စီဖို့
ဆိုရေ အတိတ်နိမိတ်ကိုဆောင်ပနာ သူမတသက်နဲ့တကိုယ် မကြိုက်လို့တခါလဲ မစားခရယ်ဘဲဥကို စားခရသည်။
အော်လူတိသျှင်တိလဲ တတ်လဲတတ်နိုင်ကတ်တေရာမနားဂု ဆိုပြီးကေ သူမတွေးခပါသည်။ တကယ်လို့ သူမမဟုတ်
ကေ သူမ လက်ထပ်ရဖို့ သတို့သားရာ အမြုံဖြစ် ခကေ ကြက်ဥ အလုံးတရာပင်စားစား သားသမီးမပြောကေ့ မှင်စာတောင် မွီးလာဖို့မဟုတ်လေ။
တစတစ အာဂန္ဓု တိ များလာပြီးကေ ပြင်ယှိဖက်ခန်းမာ အကျအန နိန်ရာယူခကတ်တေ။ သူမ နန် သမက်သျှင်
ရယ် လူဘုံအလယ်မာ အသစ်စက်စက် လင်မယား အဖြစ်အသိအမှတ်အပြုခံဖို့ထိုင်နိန်ကတ်ယာဖြစ်တေ။
လှပရယ် နက်ဖြန်သစ်အတိအတွက် ဒေအချိန်ရယ် အရေးကြီးဆုံးအချိန်တချိန်ဖြစ်လို့လူတိကသမုတ်ကတ်တေ။
သမက်တက်ခြင်းရယ် လူမှုအသိုင်းအ၀ိုင်းမာ နှစ်ကိုရာထောင်ချီပြီးကေ ကျင့်သုံးလာရယ် စနစ်တခုဖြစ်ပြီးကေ
ယောင်္ကျားတိ ထက် မမတိက သမက်တက်ပွဲကို ဆင်နွဲချင်ရယ်လို့ သူမကြားဖူးပါသည်။ အဂုတော့ ပြောင်းပြန်ဖြစ်
နိန်ခသည်။ သမက်သျှင်မျက်နှာ မာ ပျော်ရွင်မှုတိ ပြည်နှက်နိန်ခသလောက် သူမရင်ထဲမာတော့ ကြွီကွဲမှုအတိနန့်
ပြည်နှက်နိန်ခရပါသည်။ လူပုံအလည်မာ ထိုင်ပနာ သူမရယ် လုံးချင်းတည်းယောင်ခံစားခရသည်။ သူမ ဒေ
လူကို လက်ခံဖို့ ဆုံးဖြတ်ပီးရယ် နောက်ပိုင်းမာ သူ့ချစ်သူ နန့် တွိဖို့ကြိုးစားခပါသိမ့်သည်။ သူ့ကို အရာအားလုံးကို
ယှင်းပြချင်သည်။ သူ့ကိုနားလည်စီချင်သည်။ သူ့က သူမကို တခါက သူ့အမိအဘ တိကရာ သဘော
မတူကေ သူ့ကို ခိုးရွာလိုက်လို့ပြောဖူးသည်။ သူမအနိန်နန့် သူမချစ်သူကို ချစ်ပါသည်။ မခွဲချင်ပါ။ ယေဒါလဲ သူမက
မိသားဖသားပီပီ လာရောက်တောင်းခံစီချင်ပြီးကေ သူမ အမိအဘ တိကိုလဲ သဘောတူစီချင်ခပါသည်။ လက်တွိ
မာကား ယင်းပိုင်ဖြစ်မလာခပါ။ သူမရယ် ကံကြမ္မာ ကို ယိုးမယ် ဖွဲ့တတ်သူတော့မဟုတ်။ ယေဒါလဲ ဖြစ်ချင်တိုင်းမ
ဖြစ်လာခရယ် အခြေအနိန်တိအတွက် ကံကတပါး တခြားထိုးချစရာသူမ မာမဟိခပါ။ အချစ်တခု တည်းနန့် ဘဝ
ကို တည်ဆောက်လို့ မရလို့ သူ့အေးမက သူ့ကိုနားချ ခပါသည်။ ယေကေ အချစ်မပါဘဲ ဖေသာတိ၊ ဂုဏ်ဒြပ်တိနန့်
ဝါ ဘ၀ကိုတည်ဆောက်လို့ ရဖို့လားလို့ သူမ အေးမသည်ကို မိန်းခပါသည်။ သူ့အေးမရယ် ယင်းအချိန်က နှုတ်ဆိတ်
နိန်ခသည်။ သူမယင်းအဖြေကို အခြားလူကိုလားမိန်းဖို့ မလိုအပ်တော့ပါ။ ဒေ ဆြာဝန်ပေါက်စ နန့်လက်ထပ်ပြီးလို့
မကြာခင်သူမသိ ဖို့ပျာယ်ဖြစ်သည်။ အဖြေတခုကို သူမ ဘ၀ နန့် ရင်းပနာ လက်တွိ သိရှိဖို့ပျာယ်ဖြစ်သည်။
အဂယင့်ရာ အိမ်ထောင်ရီးအဆင်မပြေခဆိုကေ သူမကို လင်ယူဖို့နားချခသူတိရယ် တခုလဲ့ ကူညီနိုင်ဖို့မဟုတ်ပါ။
ဆိုးကျိုးကောင်းကျိုးဟူသမျှကို မြတ်သန္တာ တယောက်ဘဲ ခါးစည်းခံရဖို့ဖြစ်ပါသည်။ ဘေးလူတိကတော့
“အော်…အေကောင်မသျှေလင်ရ ကံမကောင်းမနားယေ” ဆိုပြီးကေ စုတ် သတ်နိန်ဖို့စွာက လွဲလို့ တခုလဲ မယ်မယ်
ရရ လုပ်ပီးနိုင်ဖို့မဟုတ်။
သမက်တက်ပွဲကို လာကတ်တေလူတိရယ် ငွီဖလား ထဲမာ လာလို့ ဖေသာတိ နန့် လက်ဖွဲ့ပစ္စည်းတိလာထည့်ကတ်
သည်။ အားလုံးသူမျက်နှာရယ် ရွင်ပြုံးနိန်ခပါသည်။ ဒေလင်ဒေမယား အိုအောင်မင်းအောင်ပေါင်းဖော်နိုင်ကတ်ပါ
စီလို့ဆုတောင်းပီးကတ်သည်။ ယင်းလူတိရယ် သူမ ရင်ထဲက ဝေဒနာ အမှန်ကို မသိလီရလား ဆိုပြီးကေ သူမဒေါ
သဖြစ်မိခသည်။ ယင်း သမက်တက်ပွဲကို လာရယ် လင်မယားတိ နန့် လူတိမာလဲ သူမနည်းတူ
စိတ်မချမ်းမြေ့မှုတိ ဟိနိုင်ပါသည်။ ယေဒါလဲ ပြုံးရွင်ရယ် မျက်နှာဖုံးနန့် ဖုံးအုပ်ပနာ အကောင်းဆုံး ပြုမှုဆက်ဆံ
ခကတ်သည်။ သူမလဲ တဘ၀လုံးအတွက် စိတ်မချမ်းမြေ့မှုတိကို မျိုသိပ်ပနာ ဟန်ုဆောင်မျက်နှာ နန့် နိန်ရကိန်း
ဆိုက်နိန်ခပါသည်။ တဖြည်းဖြည်းနန့် လူတိ သူတိ တစစ ယှင်းလားပြီးကေ ဆွီမျိုးအရင်းချာ တိနန့် သူရို့ လင်မယား
နှစ်ယောက်ဘဲကျန်လိုက်တယ်။ သုံးနာရီလောက် ထိုင်နိန်ရလို့ ခြီထောက်တိလဲ ကျိုင်နိန်ခပျာယ်ဖြစ်သည်။
အဂု အချိန်မာ တော့ သူမရယ် သူ့လင်ယောင်္ကျား ဧ။်တရားဝင် ဇနီး မယားဖြစ်ခပျာယ်ဖြစ်သည်။ လူပေါင်းရာ နန့်ချီ
ပြီးကေ သူရို့နှစ်ယောက် ပေါင်းဖက်ကြောင်းကို သိလားကတ်ပျာယ်ဖြစ်သည်။ နက်ဖြန်ဆိုကေ တနိုင်ငံလုံးသိအောင်
သတင်းစာကနိန် ကြော်ငြာလိမ့်မည်။ ယေအခါ သူရို့ရယ် တရားဥပဒေက အကာအကွယ်ပီးရယ် လင်မယား တစုံ
ဖြစ်လာကတ်လိမ့်မေ။ ကြိုက်သည်ဖြစ် မကြိုက်သည်ဖြစ် ကိုယ်လက်ခံခရယ် ကိစ္စတခုအတွက် တဘ၀လုံး အဆိုး
အကောင်းကို သူမခါစည်း ခံကတ်ရဖို့ပျာယ်ဖြစ်သည်။ သူမချစ်သူအပေါ် သစ္စာမိန့်ရယ်ပိုင် ဖြစ်ခရယ်
သူမကိုယ်လဲ သူမ တဘ၀လုံးခွင့်လွှတ်လီဖို့မဟုတ်ပါ။ အချိန်ကို ရာ နောက်ဆုံးရကောင်းထမန်းဆိုကေ နောက်ပြန်
လားပြီးကေ လိုအပ်စွာတိကို သူမမချက်ချင်းစီ ပြန်ပျင်ပလိုက်ဖို့။ သူမ ချစ်သူကို သူမချမ်းသာအောင်လုပ်ဖို့၊ မိဘ
လက်ခံလောက်တေ ပညာအရည်အချင်းဟိအောင်လုပ်ဖို့၊ အသိုင်းအ၀ိုင်းကြီးအောင်လုပ်ဖို့။ သူမ မိသားစုက လက်
ခံနိုင်လောက်တေ အခြေအနေ ဟိအောင်သူမလုပ်ပလိုက်ဖို့။ နောက်ဆုံးတခုလဲ မရသိတိုင် သူမ ကြိုက်နှစ်သက်
စွာကို လွတ်လပ်လပ် ရွီးခြယ်ခွင့်ဟိရယ် လူသားတယောက်ဖြစ်အောင် သူမကြိုးစားဖို့။
အဂုအခါတော့ အရာရာလက်လွန်လားပြီးလားခပျာယ်ဖြစ်လို့ “အကျွန့်ကို တသက်လုံးခွင့်မလွတ်လီ ပါကေ့အကို”
ဆိုရေ စကားတခွန်းကလွဲ လို့ သူ့မာ တခြားပြောဖို့မကျန်ပျာယ်ဖြစ်သည်။ သူရို့ အသစ်စက်စက် လင်မယား
စုံတွဲရယ်ပြင်ရှိ ဘက်ခမ်းက နိန် မင်္ဂလာယူ ဖို့ အိပ်ခန်းကို လက်ချင်းချိတ်လျှောက်လာခါ ဓာတ်ပုံတိ ကင်မရာတိ
တဖျတ်ဖျတ်နန့် လှမ်းရိုက်ခကတ်သည်။ အခန်းဝမာတော့ သူမ ရောက်မ ဖြစ်သူ နှစ်ယောက်က ရွှီကြိုးနန့် တား
ပနာ မုန်းစားဖိုး ဖေသာတောင်းခကတ်သည်။ သမက်သျှင်တော့ ငသလောက်ပြုံးပိုင် ပြုံးပနာ အိပ်ထဲက ငါး
ထောင်တန် အထပ်လိုက်ကို ရက်ရက်ရောရော ပီးလိုက်ပါသည်။ မြတ်သန္တာ အင်တန်ပင်ပန်းနိန်ခပျာယ်၊
ညောင်းလဲ အင်တန်ညောင်းနိန်ခပျာယ်ဖြစ်သည်။
သူမ အတွက် အနာဂတ်အိမ်ထောင်ရီး ရယ် မသေခြာမရေရာခကေလဲ မင်္ဂလာယူဖို့ကောင်းရယ် မင်္ဂဦးညဥ့်က
တော့ သံသယအပြည့်နန့် ရင်ခုန် ဖို့ကောင်းခဖို့စွာကတော့ အမှန်ပင်ဖြစ်ပါသည်။ ။
Subscribe to:
Posts (Atom)