Wednesday, 19 January 2011

ပန်းစိုက်သူ

သူ့ကိုကျွန်တော် နာမေကြီးဘုရားတဆူက စောင်းတန်းတခု မာတွိခပါသည်။ ယင်းအချိန်ကသူရယ်ခုံပုသျှေမာထိုင်ပနာပန်းရောင်း
နိန်ပါသည်။  အသက်မာ ၁၆  နှစ်လောက်ဟိဖို့လို့ ထင်ရပြီးကေ ၀ါဝင်းနိန်ရယ် သူ့အသားအရီနန့် သနပ်ခါးပါးကွက်ကို အလှပလှ
ညညီညညာ လိမ်း ထားစွာက ကြက်သရေ ဟိစီပါသည်။ ဆံပင်ကို ဂုတ်ဝှိက်ကိုက်ထားပြီးကေ  ဇီသ၀ါ ပွင့်ကို ဆံညှပ်နန့် ညှပ်ပနာ 
ပန်ထားပါသည်။  စကားပြောရယ်ခါ သူစွာသူ “အမ၊ အမ”လို့  ရည်ညွှန်း ပြောပြီးကေ၊ သူရယ်လိုက်တိုင်းလှပရယ်သွားတက်သျှေပေါ်
လာစွာကို သတိထားမိခပါသည်။ အနီရောင်နန့် အမဲရောင်ကြိုးစပ်ထားရယ် ခြည် ဒက်အိပ် တလုံးကို (ဖေသာထည့်စွာထင်ပါသည်) 
လွယ်ထားပြီးကေ ဖိနပ်မပါရယ် သူ့ခြီထောက်နန့် ဟောင်းနိန်ပျာယ်ဖြစ်တေ သူ့အ၀တ်အစားတိကတော့ သူ့နဂို ရုပ်သွင်နန့်ဖီလာ
ဖြစ်နိန်ခပါသည်။ ကျောင်းနိန်ရဖို့အရွယ်မာ ဘုရားစောင်းတန်းမာ ပန်းရောင်းနိန်ရရယ် အသျှေတိကိုမြင်ရစွာမာ မဆန်းကေလဲ   
ကျွန်တော်သူ့ကို ထူးထူးခြားခြား စိတ်ဝင်စားမိခပါသည်။ သူရယ် တောင်ခြီရင်းရွာကလို့သိရပြီးကေယင်းဘုရားမာ နိန့်စိုင် 
ပန်းလာရောင်းရယ်လို့ပြောပါသည်။ သူနန့်စကားစမြည်စပြောရင်းသူ့အကြောင်းကို သိခွင့်ရခပါသည်။  အောက်ဖော်ပြပါ အကြောင်း
အရာတိမာ သူမ ပြောပြချက်တိဖြစ်ပါသည်။


“အမ က ဒေတောင်ခြီရင်းက ပန်းပင်တော ရွာကပါ။ အခု အဘောင်သျှင်နန့်နှစ်ယောက်တည်းနိန်ပါရယ်။ အမိ၊ အဖကတော့ မဟိလိုက်ကတ်ပါယာ။ နာမေရင်းမဟုတ်ပါ။  နာမေရင်းက ဦးကြာဇံ ပါ။ အမကသမီးဦးဆိုခါ ရှိဆုံးကနိန် ဦးတပ်ထားစွာပါလေ။   
အဖီးသျှင်နာမေက ကြာဇံဖြူ ပါ၊ ယေအတွက်နန့်အဘောင်သျှင်က ဦးကြာဇံဆိုပြီးကေ ပီးထားစွာပါလတ်။   သမီးဦး ဆိုစွာက အမက တယောက်တည်းမွီးထားစွာပါ။ အမိကိုတော့  အမ မှတ်မိလိုက်ပါရယ်။  အမိက အမ သုံးတန်းနှစ်မာ သီလားခရပါရယ်။ ပထမတော့
ဖျားစွာပါရာ။  အမ ရို့မှာက ဖျားပျာယ်ဆိုကေ လက်လှမ်းမှီရယ် ဆီးမှီးတိုတိနန့်စီ ကုကတ်တေအလေ့အထ ဟိပါရယ်။  အမ အတွက်ပေါ်သလောက် ယင်းခါက အမိ ဝေဒနာ မသက်သာဘဲ တိုးလို့ ဆိုးလာခပါရယ်။  ယင်းခါကတော့အမိ နန့် အဘောင်သျှင် 
နန့် တလှည့်စီ ဈီးရောင်းထွက်ခကတ်ပါလဲ။  ဟုတ်ပါယင့်။  ယင်းခါကတည်းကပန်းရောင်းလို့စားလာစွာပါ။  အမကတော့ အမိ မလွန်ခင်အထိ ကျောင်းတက်ခပါရယ်။  လေးတန်းအထိပါ။

ယင်းပိုင်နန့် အမိရောဂါ တစစ ဆိုးလားယင်းနန့် နယ်က ဒက်တင်က မြို့ကိုလားလို့ဆီးရုံတက်ရဖို့ဆိုလို့ အဘောင်သျှင်ခမျှာ ဖေသာလဲ အပိုအလျှံ မဟိစွာနန့် အိမ်ဝိုင်းကို ပေါင်ပနာ မြို့ကိုတက်ခကတ်ပါရယ်။  အိမ်ကိုပေါင်စွာလဲအတိုးများပြီးကေ
ယင်းလောက်ထိ ဖေသာမရ ထင်ပါရယ်။  အမ ယင်းခါက ပထမဆုံးမြို့ကိုရောက်ဖူးခစွာပါချင့်။ ယင်းခါက ကားလမ်းတိမပေါက်
သိမ့်လို့ သင်္ဘောနန့်စီ လားကတ်ရပါရယ်။ အမရို့အငယ်သျှေခါ သူငယ်ချင်းတိဆိုကေ နွီရာသီကျောင်းပိတ်ကေ မြို့ကဆွေမျိုး
တိဘားကို အလည်စီလားကတ်ပါလဲ။  အမ ကယင်းခါက အမိ ကျမ်းမာရီးနန့်လားခရစွာဆိုခါ လားပုံချင်းတူတော့မတူပါလေ။ 
ယေလဲ အမ စိတ်ထဲမှာတော့ မြို့ကိုရောက်ဖူးဖို့ပျာယ်ဖြစ်လို့ ကောင်းပျော်ခရပါရယ်။ အမရို့မာက မြို့မာ ဆွီမျိုးသားချင်းလဲ 
မဟိဆိုခါ ရောက်ရောက်ချင်းဆီးရုံကို သင်္ဘောဆိပ်က နိန်တန်းလို့တက်ခရကတ်ပါရယ်။  မြို့ဆိုစွာ နယ်နန့် ကွာစွာကိုယင်းခါမှ 
အမ သိခရယ်။  အိမ်တိကလဲအကြီးကြီး၊ လမ်းတိကလဲ အကျယ်ကြီး။ အမရို့ရွာနားက မြို့သျှေမာ က တမြို့လုံးပေါင်းမှ 
ဂျစ်ကားသုံးလေးစီးဟိစွာပါလေ။  မြို့မာက ကားတိကန်ကမကန် အများကြီးပါမနား။  သင်္ဘောဆိပ်နန့် ဆီးရုံနန့်မ၀ီးဆိုလို့ 
အမိက ဖေသာချွေတာချင်လို့ ကုန်းကြောင်းလျှောက်လာခကတ်ပါရယ်။  အမိကတော့ လူနာဆိုခါ အဘောင်သျှင်ကတော့
ဆိုက်ကား နန့်ရာလားစီချင်ပါရယ်။ ယေဒါလဲ အမိက ငြင်းနိန်ခလို့ ကုန်းကြောင်းဘဲ လားခကတ်ရရယ်။  အမ ရို့တောသူတောင်သား 
တိအတွက်တော့နှစ်မိုင်သုံးမိုင် ခရီးဆိုစွာ ကောင်းဝီးစွာတော့မဟုတ်ပါလဲ။  ဆီးရုံရောက်ခါ နယ်က ဒင်တင် ပီးလိုက်တေ စာရွက်နန့်

ဆီးရုံ တက်ရပါရယ်။  အဘောင်သျှင်နန့် အမ ကတော့ လူနာစောင့်တိ နိန်ရယ် တန်းလျားမာ နိန်ကတ်ရပါရယ်။


ဆီးရုံရောက်ရောက်ချင်း ပါလာရယ်ဖေသာလဲ တဖြုတ်ဖြုတ် ကုန်စွာပါမနားယေ။  လူနာ အိပ်ဖို့ ကုတင်ခပီးရ၊ ဆီးကုဝါးခပီးရနန့်
ပါလာရယ်ဖေ့သာ တပတ်အတွင်းမာ တတက်စင်ပါရယ်။  အမိရောဂါက အဆုတ်ကင်ဆာလို့ပြောပါရယ်။တာရှည်ကုရဖို့ဖြစ်ပြီးကေ 
လုံးဝပြန်ကောင်းလာစရာအကြောင်းလဲမဟိခါ အမိက ရွာကိုပြန်ဖို့လို့ပြောပါရယ်။ ဆက်လို့ဆီးရုံမာ နိန်ဖို့ဖေသာလဲ မဟိပါပျာယ်။ 
ယင်းအချိန်က မပြန်ခင်ညဥ့်မာ အဘောင်သျှင်တတိုးသျှေ ငိုစွာကို အမကြားခရရယ်။  အမက ‘အဘောင်သျှင် ပဇာဖြစ်လို့
ငိုနိန် ရလေ’ လို့မိန်းခါ ‘အေး…မြီးသျှေ၊အဘောင်သျှင်ဆင်းရဲလို့၊မတတ်နိုင်လို့ ၀မ်းနန့်လွယ်လို့ မွီးထားရရယ် ကိုယ့် သမီးကို သီဖို့စွာသိယက်ပင်း ပြန်ခေါ်လားရဖို့ပျာယ်’ ဆိုပြီးကေ ပြောပါရယ်။ အမ ရို့သူငယ်ချင်းတိ မြို့ကိုလားလည်ခီလို့ ရွာကိုပြန်ရောက်ကေ
 ကြွားစရာတိ တပုံကြီးစီပါလာကတ်တေ။အမ အတွက်တော့ စိတ်မကောင်းစွာက လွဲလို့ မြို့ကနိန် တခုလဲမယူလာနိုင်ခပါ။ 
ရွာကို ရောက်ပြီးလို့ကောင်းမကြာအမိ ယင်းရောဂါနန့် သီကျလားခပါရယ်။  ယင်းအချိန်က ပင် အကျွန်ကျောင်း  နှုတ်လိုက်ရစွာပါ။ 

ကျောင်းတော့ ဆက်တက်ချင်ပါနှင်းရာ။ အကျွန်အငယ်သျှေကတည်းက ကျောင်းဆြာမ ဖြစ်ချင်ပါရယ်။  ရွာကစာမတတ်တေ အသျှေတိကို အလကားပြပီးချင်ပါရယ်။  ရွာမာက အသျှေတိုင်းစာမသင်နိုင်ကတ်ပါလေ။ ကျောင်းသားတိလဲကျောင်းတက်ချင်
ချိန်တက်လို့ဆြာတိလဲ လာချင်ချိန်မှလာကတ်ပါရယ်။  ကျောင်းပါလာ။  ကျောင်းကမူလတန်းတကျောင်းတည်းရာဟိပါရယ်။   
အလယ်တန်းတက်ချင်ကေတော့ ရွာနားက မြို့သျှေကိုစီလားတက်ရပါရယ်။ ယင်းမြို့သျှေမာလဲ အလယ်တန်းအထိရာဟိပါရယ်။ 
အထက်တန်းကတော့ မြို့ကြီးကိုလားတက်ရပါရယ်။ယင်းခါကတော့ ရွာမှာလာပြရယ် ဆြာတိကို စပါးတောင်းနန့်စီပြခိုင်းလို့ 
စပါးတောင်းဆြာလို့စီခေါ်ခကတ်တေ။ အမကျောင်းနှုတ်လိုက်ရစွာ ကလဲ အကြောင်းအမျိုးမျိုးကြောင့်ပါယေ။   အဓိကအကြောင်း
အရာတခုကတော့ကေစားဝတ်နိန်ရီးအဆင်မပြေလို့ပါ။  အမိကိုဆီးကုဖို့ အိမ်ပေါင်ထားစွာလဲ အတိုးတိက တစစ တက်လာပြီးကေ၊
အဘောင်သျှင်တယောက်တည်းက ဆိုင်ရောင်းထွက်ဖို့ နန့် အိမ်မှုကိစ္စတိကို လုပ်ဖို့က မဖြစ်နိုင်ပါလေ။ ယေဇုနန့်အဘောင်သျှင်ကို  
 ကူယင်း မြီးဘောင်မနှစ်ယောက် စားဝတ်နိန်ရီးကို ဖြေယှင်းဖို့ အမ  ကျောင်းထွက်လိုက်ပါရယ်။လေးတန်းလောက်ကျောင်းနိန်ခရလို့ 
အပေါင်းအနှုတ်အမြှောက်အစားနန့်သီစာရှင်စာလောက်တော့ ဖတ်တတ်ပါရယ်။အမ က ကျောင်းတက်ခခါက အတန်းထဲမာအတော်
ဆုံးပါလေ။ အခြေအနေ မပီးလို့ ကျောင်းမတက်လိုက်ရရယ်ခါ အမ ဖစ်ချင်ခရယ် ကျောင်းဆြာမမဖြစ်လိုက်ရကေလဲ သွင့် ရွာက 
စာရွီးစာဖတ် မတတ်တေ အဘုသျှေတိကိုတော့ အမအားရယ်အချိန်မာ အလကားစာပြပီးပါရယ်။  ဒေပိုင် ပညာဒါန ပြုရရယ် 
အကျိုးကြောင့် နောက်ဘ၀မာ ပညာတတ်မကြီးဖြစ်ပါစီဆိုပြီးကေ အမ အခါခါဆုတောင်းမိပါရယ်။  အဘောင်သျှင်ကတော့ 
မနှစ်ကထိ ပန်း  ကူရောင်းပီးခပါသိမ့်ရယ်။ အဂုကအသက်လဲကြီးပနာ မျက်စိလဲမှုံလာ ရယ်ဆိုခါ အိမ်မာဘဲ ချက်ယင်းပြုတ်ယင်းနန့် 
နားခိုင်းထားပါရယ်။အဘောင်သျှင်လဲ အမရို့သားအမိကို တသက်လုံးရုန်းကန်ကျွေးမွေးခပါပျာယ်လေ။   အဂုအချိန်မာတော့ သူကိုတလှည့်အမက ပြန်လို့ ပြုစုစောင့်ချောက် ဖို့ အချိန်ရောက်ပါပျာယ်။  သူ့ဘ၀အတွက် နောက်ဆုံးအချိန်မာ ဆင်းရဲပင်ပန်းကေ
လဲ စိတ်ချမ်းချမ်းသာသာ နန့် နိန်လားစီချင်ပါရယ်။  အဖ ပါလာ။ အဖကို အမတခါလဲသွင့်မမြင်ဖူးပါ။ အဖက အမရှစ်လ 
သမီးအရွယ်ကတည်းက ဖားကန့်ကို ကျောက်တူးဖို့လားခစွာ သီရယ်ရှင်ရယ်မှန်းမသိ ပါလေ။  အဂုထက်ထိ ပြန်မရောက်လာပါ။  
 နောက်တော့အဘောင်သျှင်ပြောစွာက ယင်းမာ မယားတယောက်ရလားခရယ် ဆိုပြီးကေ ကြားပါလတ်။  ပန်းရောင်းရစွာတော့
အဆင်ပြေပါယင့်။  အမ ရို့က အဖီးသျှင်လက်ထက်ကတည်းက ဒေဘုရားမာ ပန်းရောင်းလာစွာပါလတ်။  အဘောင်သျှင်မာ အမိ အဖီးသျှင် ဦးကြာဇံ ရယ် ဒေနိန်ရာ နန့် ဒေခုံနန့်ဘဲပန်းရောင်းခစွာပါလတ်။  အဂုကတော့ယင်းနိန်ရာကို အမ အမွီရလိုက်ပါပျာယ်။ 

အမလေ တခါတလီ သူများတိဒက်အိပ် လွယ်လို့လားနိန်ကတ်စွာမြင်ကေ ကျောင်းကိုစီကောင်းသတိရပါရယ်။ ယေလဲအမ 
ဘ၀ကသူများတိ မိုးထဖသား စာဖတ်ဖို့ထအချိန်မာ၊ ပန်းခြင်းကိုလားလို့ ပန်းလားချွတ်ရပါရယ်။ နောက်ကျလို့မရပါလေ။   
နောက်ကျကေ သူများမလိုချင်စွာပန်းတိရာ ရပါရယ်။  အိမ်ကမထွက်ခင် အဘောင်သျှင်အတွက် ရီတဘဲ တည်ပီးပခပါရယ်။ 
ထမင်တလုံးချက်ပီးပခပါရယ်။ ပန်းခင်းကတော့ဒေပတ်ဝန်းကျင်မာ အများကြီးဟိပါရယ်။  ယေလဲ ကိုယ်ဖောက်သည်နန့်ကိုယ်ဆို
ခါဆိုတော့ပန်းခင်းတိုင်းကိုလားစရာမလိုပါ။  ပန်းတိကတော့ကိုယ့်ရာသီနန့်ကိုယ် အစုံပါပျာယ်ယေ။   အိမ်လုံးချမ်းသာ၊ နှင်းဆီ၊ 
စပယ်၊ချရာပွင့်၊ ရိုးလှသန္တာ၊ ရွီတူငွီတူ၊ဒေါန၊ သော်က၊ဇီသ၀ါ အစုံပါ။  ချရားပွင့် ရို့ ရိုးလှသန္တာပန်းရို့ကျကေတော့လားလို့ဝယ်စရာ
မလိုပါ။   အမရို့ရွာမာ ချရားပင်အကြီးသန်တိဟိပါရယ်၊ ရိုးလှသန္တာ ပန်းဆိုကေ တောစပ်နားကလားကောက်လို့ရပါရယ်။  အမကိုယ်တိုင်တော့လားမကောက်ပါ။  ရွာကအသျှေတစီလားကောက်ပြီးကေအမဘားကိုလာသွင်းပါရယ်လေ။ ဟုတ်ပါယင့်၊   သီပြီးသားပါ။ ရိုးလှသန္တာပန်းဆိုကေ အမကောင်းကြိုက်ပါရယ်။  သူ့အရောင်နန့်အနံကို အမကောင်းသဘောကျရယ်။  တချို့တိက
တော့မကြိုက်ကတ်ပါလာမသိ၊ အနံ့ပြင်းလို့ပါလေ။တခြားနှင်းဆီရို့၊အိမ်လုံးချမ်းသာရို့၊ ပြိန်းပန်းရို့ကိုကျတော့ ခြံသျှင်ဘားကနိန်လာ
ချွတ်ရပါရယ်။  လက်လီလက်က္ကားနှစ်မျိုးစလုံးပါပျာယ်ယေ။  တာရှည်မခံရယ် နှင်းဆီပန်းရို့ပိုင် ပန်းတိကိုကျကေတော့ လက်လီဝယ်
ရပါရယ်။ ပြိန်းပန်းရို့၊ အိမ်လုံးချမ်းသား ပန်းရို့ကိုတော့ မစွန်ကေ ပြန်သွင်းလို့ရပါရယ်။   သစ်ခွပန်းပါလာ။  အီးယောင်လေး 
ယင်းပိုင်ဈီးကြီးရယ်ပန်းတိကို က အမရို့ မတင်နိုင်ပါ။  ဟိုဘက်မြို့က ခြံတိမှာတော့ ရောင်းပါရယ်။ မြို့က လရတတ်တိ 
ပွဲပြင်လားဖို့ဆိုကေ ၀ယ်ကတ်စွာပါရာ။ အမရိုအနားတောင်မကပ်နိုင်ပါ။  ဈီးကြီးလို့။  ယင်းမြို့မာ အိမ်တအိမ်ရှိရယ် သိပါလာ။  တခြံလုံးသစ်ခွကျည်းပါယာ။  အမ ယင်းခြံရှိကဖြတ်လျှောက်လို့ ယင်းပန်းခြံကို မြင်ကေဘဇောင်ပိုင်အားကျလို့မသိ။  ယင်းပိုင်ခြံတခြံ 
အမပိုင်ချင်ပါရယ်။ ယေလဲ လက်တွိဘ၀က အခုပုံစံနန့်မဖြစ်နိုင်ပါလေ။

အမလေ တခါတလီ လောင်ပေါ်ပေါက်ကေ ပထမဦးဆုံးတခုလေ့မလုပ်။  ခြံအကြီးမသန်တခြံဝယ်ပါဖို့။  ယပြီးကေယင်းခြံထဲမာ 
အပင်မျိုးစုံစိုက်ပါဖို့။  အကျွန်ကြိုက်တေ ရိုးလှသန္ဆာ ပင်တိဆိုကေ အများကြီးစိုက်ထားဖို့။ သစ်ခွမျိုးစုံ၊ နှင်းဆီမျိုးစုံ။ ရွှီတူငွီတူ၊
ရွက်ကျပင်ပေါက်၊ သံမနိုင်ကျောက်မနိုင် အားလုံးရှိရှိသမျှ ပန်းပင်တိကိုစိုက်ထားဖို့။  ယပြီးကေ  အမ ဗိုက်စကုပ်ထဲမာ
မြင်ဖူးပိုင် အိမ်ရှိမာ ပန်းစိုက်သူ စံအိမ် ဆိုပြီးကေ ပီးထားဖို့။ အဘောင်သျှင် ကို မျက်စိခွဲပီးဖို့။  အမက ပန်းပင်တိစိုက်ယင်းနန့် 
အဘုသျှေတိကို ပညာဒါနပြုပါဖို့။  နောက်ပြီးကေ အမ လုပ်ချင်စရာတိအများကြီးဟိပါသိမ်ရေ။  ပြောရာပြောစွာပါလေ လောင်ပေါ်ပေါက်ဖို့အတွက်လောင်ပေါ်လဲ မထိုးဖြစ်ပါ။  ဖေသာလဲ အပို အလျှံလို့လဲ မဟိပါလေ။  အမ အိမ်မက်မက်ကြည့်စွာပါရာ။

အင်း…ပုံမှန်တော့မြတ်ပါယင့်လေ။  စားလောက်ပါရယ် မြီးဘောင်မ နှစ်ယောက်။ အမ ရို့ဘ၀က ပါလေ လက်လုပ်လက်စား
တိဆိုရယ်ခါ စုမိဆောင်းမိ အောင်လောက်ထိတော့မရပါ။  ရစွာ နန့်တော့ ဆင်းရဲသား တမင်းတနပ်တော့စားကတ်ရပါရယ်။  
 အလုပ်မလုပ်နိုင် ရယ် တရက်တော့ ငတ်ပါနန်းရာ။  ဘုရားပွဲတိဟိကေတော့ပါလေ သင့်အောင်လောက်ရောင်းရပါရယ်။ 
ဒေဘုရားက တနှစ်တခါ ပွဲလုပ်ပါရယ်လေ။  ရောက်ဖူးပါမနား။  ယင်းခါဆိုကေ ဒေမြို့အနီးအနားက ဘုရားဖူးရယ်လူတိ ကောင်းလာ
ကတ်ပါရယ်။  ပျော်ဖို့လဲကောင်းပါရယ်။  ပွဲကျပျာယ်ဆိုကေ အကျွန်အိမ်ကိုမပြန်ပါပျာယ်။  ဒေစောင်းတန်းမာဘဲတ
ခြားပန်းရောင်းရယ်ရွာကလူတိနန့် တတူ အဖွဲ့ကျပါရယ်လေ။ အဘောင်သျှင်ကတော့ နားစီချင်ပါရယ်။  ယေလဲ အမရို့မာ က အင်တိုက်အားတိုက်ရောင်းရစွာဆိုလို့ ဒေဘုရားပွဲတခုရာ ဟိစွာပါရာမနား။  ယင်းပိုင် ရောင်းရလို့ ဖေသာအပို အလျှံသျှေရမှ 
အမလဲ အကျီင်္အ၀တ်အစားသျှေ ၀ယ်ဝတ်လို့ရပါရယ်။အဘောင်သျှင်ကိုလဲ ဘုရားမာ လျှူဖို့ ဖေသာသျှေယက်သျှေ ပီးနိုင်ပါရယ်။   
အမရို့ဘ၀က မရှိလို့မလျှူ၊ မလျှူလို့မရှိဆိုရယ်ပိုင်ဖြစ်နိန်ပါပျာယ်။အမတခါတလီ မြို့မာ လားလို့အလုပ်လားလုပ်ဖို့လား
စဉ်းစားမိပါသိမ့်ရယ်။  ရွာက တချို့ မမ သျှေတိလားလုပ်ကတ်ပါရယ်။  တချို့က သူများအိမ်မာ အငှားမသ၊ တချို့က စက်ရုံတိမာ 
ယင်းပိုင်ချောင်လုပ်ကတ်ပါရယ်။ အကျွန်လဲ တခါတလီ အားကျပါယင့်။   သူရို့ ပြန်လာလို့ ၀၀င်းပြပြောင် ဖြစ်လာစွာကို မြင်ကေပါလေ။  တချို့ဆိုကေ ဇာမာ လုပ်မှန်းတော့မသိပါ ဖေသာကောင်းအများကြီးရရယ်ဆိုပါဝါ။  အမမှာက အဘောင်သျှင်
ကိုကြည့်ရှုစောင့်ရှောက်ဖို့လူ မဟိလို့ပါရာ၊ မဟုတ်ကေ အမ လဲလားပါရယ်။  ယေလဲ ဇာပိုင်ပင်ဆိုဆို တရက်ရက်တော့ ပန်းပင်သျှေတိ စိုက်ထားရယ် ခြံတခြံ တော့ ပိုင်လာဖို့ ဆိုရယ် အိမ်မက်ကိုတော့ လက်မလွှတ်ပါသိမ့်။

ကျွန်တော်သူ့ ပန်းဆိုင်သျှေက သူကိုယ်တိုင်ကုံးထားရယ် သူအကြိုက်ဆုံးပန်း ဖြစ်တေ ရိုးလှသန္တာပန်း သုံးကုံးကိုဝယ်လာပြီးကေ 
ဘုရားရင်ပြင်ထက်ကို ဆက်တက်ခပါသည်။  ကျွန်တော့် မွီးနံထောင့်မာ ဘုရားရီချမ်း၊ ဆီမီး နန့်ပန်းကို ကပ်လျှူ ပူဇော်ပြီးကေ
မြို့အလှ သဘာဝကို တောင်ထက်က နိန်ကြည့်ဖို့ တောင်စောင်းကိုလျှောက်လာခပါသည်။ သစ်ပင် သစ်ရိပ်တိ မိုးကာနိန်လို့ 
ယင်းပန်းသည်မသျှေနိန်ရယ် ရွာ နန့် သူ့ရွာနားက မြို့ကို သေသေခြာခြာမမြင်ရခပါ။ မြွီတကောင်ပိုင် ကွေ့ကွေ့ကောက်ကောက်စီး
ဆင်းနိန်ရယ် မြစ်သျှေတစင်းနန့် မစိုက်မပျိုးဘဲ ဟိနိန်ရယ်မြီရိုင်းမြီလွတ် တိကို မိုးကုပ်စက်ဝိုင်းတဆုံးတွိနိန်ခရပါသည်။   
အသုံးမချဘဲ အလဟသဖြစ်နိန်ရယ် မြီတကမြီ ကန်ကမကန်ကျွန်တော် မြင်ခပါသည်။  ယင်းအချိန်မာ ကျွန်တော် ဘုရားမာ သူမအတွက် သူမလိုချင်ရယ် မြီသျှေတကွက်ရပါစီလို့ ဆုတောင်းခစွာကို အတွက်ပေါ်ယင်း ပြုံးဖြစ်အောင် ပြုံးမိခပါသည်။       ။

Wednesday, 15 December 2010

အယွေချေရို့ အိမ်




 ပင်ကြီးပင်ရိပ်တိနန့် အရိပ်ဆဆိုင်းနီပြောက်မထိုးအောင်အုပ်ဆိုင်းနီရေအတွက်နန့်ဒေပိုင်ပြင်လယ်ဂေါင်
ဖက်ကိုထွက်လားဖို့မပြောကေ့သန်းလို့တောင်မကြည့်နိုင်တောကနီအောင်နီပူနိန်ကေလေ့အကျွန်ရို့
ရွာထဲမာကမက္ကလာချေတောင် ဂေါင်းထက်တင်ဖို့မလိုဘဲ ထွက်လားလို့ရရေ ။ သရက်ပင်၊ပနဲပင် ၊
အုန်းပင်ကွမ်းသီးပင်တိကအိမ်တိုင်းမာပိုင်စိုက်ထားကတ်တေ၊ဘုန်းကြီးကျောင်းမာဆိုကေလေ့
အပင်တိက ကျားတောင်ခိုဖို့ဆိုချင်ယင့်၊ချောင်းနားဖက်မာဆိုကေလေ့ကုက္ကပင်ကြီးတိ မကန်နန့်
ယင်းအပင်တိကလေ အသက်ဇာလောက်ဟိယာလေတော့မပြောတတ်ဧရမအကြီးသန်တိ အမိရို့မှတ်
တတ်ချေကပင်အကြီးသန်ဟိရေဆိုယင့် ။

ယင်းလောက် အရိပ်ကောင်းကေလေ့သွင့် ဒေနှစ် နီခါဖက်က ကကောင်းပင်ပူရေကာ ။ ရာသီဥတုတိလေ့
ဖေါက်ပြန်လခဗျာယ်ထင်ယင့် ။ အေတွက်နန့် လူတိစွာ ပြင်စဖက်ကျရေအိမ်တိမာ လာစုမိနီိကတ်တေ။
ပြင်စဖက်အိမ်တိကလေ့ လီရရေလို့ဆိုစွာရာ ။တိုက်လာရေလီကလေ လီပူတိ ။ နီလို့မရထိုင်လို့မရ
အောင်တခုမလားဂု ။ အကျွန်ရို့တိကဒယောတပိုင်းနန့် နီလို့ရရေဆိုပါဖိ ။ မမတိ မလားဂုဒုက္ခ ၊
အပျိုမချေတိဆိုပိုဆိုး ၊ မင်းကျွန်မတိက တချို့ ရင်ကန့် ပဏာ ရာသီဥတုဒဏ်ကို ဖြေရှင်းလို့ရသိရေ ။
တချို့က ချောင်းနားဆိပ် က ဇရပ်ထက်မာ ထလန်းကားလန်လို့ ၊ တချို့က ဘုန်းကြီးကျောင်းထဲက
ကန်ဘောင်နားက ဇရပ်ထက်မာ ဖဇင်းမှောက်လို့ ။ ယပိုင်ယပိုင်အပူဒဏ်ကိုဖြေရှင်းနီကတ်တေ ။
အချေခါပိုင်ဆိုကေ ချောင်းထဲမာရာကျုတ်ပစ်တမ်းကဇတ်လို့လားစိမ်နခီချင်ရေ ။အမှန်ပြောရကေ မိုး
အယင်ကျပါစီလို့လေ့ ဆုမတောင်းချင်သိ ။ တနှစ်ပတ်လုံးသီမကန်အောင် လုပ်ထားစွာတနားတပွေ
ချေလေ့အညောင်းအညာဖြေချင်သိရေနှင်းရာ ။ အကျွန်ရို့အုပ်စုကတော့ ခါ အကျွန်ရို့ လူပျိုအိမ်လို့ ဆိုကေလေ့ရရေအယွေချေယိုင်နုစိန်ရို့အိမ်က ဒန်ခံချေမာ လှိမ့်နီကတ်တေ ။

အယွေချေအိမ်က အကျွန်အချေခါကပင်စားအိမ်သောက်အိမ် ။ အဘာသတ်ဖို့လိုက်ကေလေ့ ဒေအိမ်မာ ၊ထိတ်ခနဲ ဆိုကေ ဒေအိမ်ကိုစီပြီးလာယာ ၊ အယွေချေက အလိုလိုက်တေ။ယင်းခါက သူရို့ အိမ်မာက ယောက်ျားမြင်ဖူးစွာကမဟုတ်စွာကို ၊ အမှန်ဆိုကေ အကျွန်ရို့နန့်အယွေချေရို့က အရင်းအချာတိမဟုတ် ၊ စစ်ကတ်လို့ တော်နီကတ်စွာရာတခု အစိုင်တော်စွာတိရာ ယကလေ့အယွေချေမာကကောင်းချစ်တေ။ ဒေအိမ်ဒန်ခံချေကနှစ်ချောင်ချီကြမ်းပြင်နန့်ကသောင်းဝါးကိုနှစ်စိတ်စိတ်ထားရေဂေါင်းအုန်းတိစွာ တိုက်ထားပိုင်ပြောင်လို့လဲ့နီရေ ၊အကျွန်ရို့တိဇါ့လောက်လှိမ့်ထားကတ်လေဆိုစွာကြည့်ဖိချက်။ ဒေအိမ်မာကကလေချေတိလေ့ပျော်ကတ်ဖို့နှင်ရာ မောင်းဆုံတလုံးလေ့ ဟိရေခါဒေအစုက ကလိန်မေချေတိလေ့ ဒေအိမ်မာ ဆန်လာဖွတ်ယင်းလာစုမိကတ်တေ ။ ကလေချေတိ ပဒါကာသီး ခိုးလာ
ကေ သုတ်စားကတ် ။ သရက်သီးခိုးလာကေ ငပိဆရေ စားကတ်နန့် ရရောင်းသတ်ပနာပျော်ဖို့လေ့
ကောင်းရေ ။ အယွေချေမာ ယချင့်တိနန့်ခြီနီစွာဗျာယ် ။ ဒေ ဂူရာဂျိုင်နန့် ဇာတခုလေ့အကျိုးဟိစွာမဟုတ် ငပိရာကုန် ဆားရာကုန်ယကေလေ့ခြီရေ ။ လူတိမရောက်ကေမနီတတ်ဖြစ်နီဗျယ်။

မမှတ်ရရတခါက အကျွန်ရို့ကျေးဇုနန့် အယွေချေ အဘေချေဘားမာ နရင်းကို အအုတ်ခံဖူးရေ ။
ဖြစ်ရပုံကဒေပိုင် အကျွန်ရို့အုပ်စုစွာ ကြက်ခိုးစားကတ်တေ ၊ဖြစ်ချင်စွာမာ ယင်းကြက်ကအချေမိ ဖြစ်နီရေ
ကြက်ချေတရွီကျန်ခခါကြက်ရှင်မလေ့ သည်းမခံနိုင်ဟိဖို့ အယွေချေရို့အိမ်ရှိမာလာပနာ တဝကျိန်ရေလတ်
အယွေချေလေ့မခံနိုင်ဗျာယ်ဟိဖို့ယေနန့်ခွန်းကြီးခွန်းချေ ဆဲနီကတ်စွာ အဘေချေ ဟန့်ကေလေ့ မရဖြစ်လ
ခရေလတ်နရင်းအအုတ်ခံလိုက်ရမပွဲပြီးလခရေလတ် ။ယင်းတလေ အကျွန်ရို့အုပ်စုလေ့ရွာနားမကတ်ဝံ့ဘဲ
ဘုန်းကြီးကျောင်းမာ တလလောက် အိပ် ဖြစ်လိုက်ကတ်တေ။အယွေချေကိုလေ့သနားလို့မကျီ ။
အယွေချေခမျှာ မာ ရန်ဖြစ်ဖို့လေ့ တတ်လီဖို့စွာမဟုတ်ချင့် ၊ ဂျီဝိဂျီဝါနန့်အေပိုင် အကောင်းပြောနီကေတောင် စကားတခွန်းစွာဖင်တခြားဂေါင်းတခြားဖြစ်နီစွာမာလေ။ဇာလောက်မကြာအကျွန်ရို့လေဂဇိုင်ဂဇိုင်မဟုတ်တကွန်ချေနန့်ပြန်ရောက်
လခကတ်တေယင်းအိမ်ကို၊အဘေချေလေ့တခုလေ့မပြောခါမအကျွန်ရို့တိလေ့ကိုယ်ရို့မဟုတ်တေပိုင်နီသားကျလ
ခကတ်တေ။အဘေချေလေ့စိတ်ကောင်းရေလူပါရာ သူ့မာ ရက်ဆုံးနီဝင် မြီရခွက်ကာနာချေတလုံးနန့် အဖန်ရည်တည်သောက်နီစွာကလွဲလို့ဗဇိဗဇတ်များရေလူမဟုတ်။ယင်းရခွက်ကာနာချေလေ့တရက်တရက်လာကေဖင်အီးရရေ
အချိန်လို့ဆိုစွာမဟိ၊အညာရီထင်းတောင်ပိုင်တပုံစွာလေ့အဖန်ရေဆောက်တွင်းကုန်ရေ၊လာမျှလူကိုလေ့အဖန်ရည်
တည်နီစွာဗျာယ်ယေသူမာ။ လာသမျှလူအတွက်လေ့ခွက်မလောက်ဆိုစွာမဟိစီရ ၊မာလခွံတိကိုအမွီး
အမျှင်တိဓါးနန့်ခြစ်ပနာဆီချေပွတ်ပီးကေကြတ်စင်ထက်မာ လိုဒေါင့်မင့်ဒါ မကန်တင်လို့ဟိယင့်၊
အဘေချေ အကြောင်းပြောကေ အဘေချေ နှာမေ အကြောင်းလေ့မပြောလို့မဖြစ်ချင့် ရာဇဝင်နန့်ဂို၊
အဘေချေနှာမေက မောင်ထွီး ။ အဘေချေ မိဖတိမာ ဘေချေကိုရခါ နောက်ဆုံးဘိတ် ထင်ပီးကေမောင်
ထွီးလို့ပီးထားပြီးခါမနောက်တယောက်ရလာလို့မောင်နှောင်းချေ လို့ပျင်ပလိုက်ရရေလတ်။

မင်းလမ်းမထက်နပူဂျဂျာမာ ကားတစီးဂေါင်းကဖင်က ခေါင်မိုးကလူပဒေသာပင်ပိုင်အပြည့်တင်ပနာ
တရွီရွီနန့်ကြိုင်းပါချိအောင်လိပ်တွားတွားလို့လားနီစွာဒန်ခံချေကလှမ်းမြင်နီရရေ၊ ကားခမျာ
နူးရာဖင်ထိုင်ပါရေထော၊ကားနောက်ဖက်မာလေ့ဖုန်တထောင်းထောင်းထလို့လားကြည့်စရာမလို
ယင်းလူတိအားလုံးစွာ မျောက်ဖြူတိဖြစ်နီကတ်ဖို့စွာကိုအတွိအကြုံအရသိရေ။အေလောက်အပြင်
ကိုမထွက်ချင်လောက်အောင်ပူနီစွာမာ ဇာဝဋ်လိုက်ဇာဖီးသင့်လို့အေလူတိ ကဇါတွက်လားနီကတ်ရလေ
နန်းလို့စိတ်ထဲကမိန်းခွန်းကို နားထဲ တို့ဝင်လာရေအသိချေက ချက်ချင်းသဘောပေါက်လားစီရေ။
အော် ထိုဖက်ရွာ ဒုံးပွဲက တရက်နှစ်ရက်ရာလိုသိမ့်ယာကို။စံကျောင်းစံချိန်တိတောင်အညွှန့်တိမြင်နီရဗျာယ်။ လူတိမြို့ကိုတက်လို့ဈီးပြုကတ်ဖို့နှင်ရာ ။ ဘုန်းကြီးကျောင်းမာ မမချေတိ “ဟန်”တိုက် နီကတ်စွာက
ဆိုင်းသံဗုံသံတိနားထဲရောက်လာလို့သတိရလားရေ ။နီစောင်းကေ အကျွန်ရို့တိလေ့တလား
ကလေ့ကျင့်ဖို့ထွက်ကတ်ရဖို့သိမ့်။

“ဟန်”ဆိုလို့“ဟန်” ဆရာငှါးရစွာလေ့ ဝထုတပုဒ် ၊ပြောပြရခန့်သိမ့်၊ဟန်ဆရာငှားဖို့ခါ ကလေချေတိက
ရခိုင်တေးခင်းနန့်သင်ရေဆရာကိုမှငှါးဖို့ ဆိုခါ ယင်းဟန်ဆရာ ရာဇဝင်က မကောင်း ၊ဒုံးပွဲဟိလို့ ငှါးရေရွာ
တိုင်းမာမယားတယောက်စီ ရရေ ။ယင်းအတွက်နန့် မ မရှင်ဟိရေတိုင်သားတိကမျက်ချိတ်တတ်
တေဆိုပီးကေ မငှါးဖို့ကန့်ကွက်ရေ၊တဖက်က လေ့ယင်းလူရစွာမမ တိကိုကြည့် မဆမတိ မင်းကျွန်မတိ နာမေပျက်ရေမမတိရာမျက်ချိတ် တတ်ကေအပျိုတိကို ယူဖို့နှင်းရာလို့ ဇောဒကတက်တေ၊
ယပိုင်နန့်လို့ဟန်ဆရာကိုလေ့မယားမယူရ ရွာကရရေမမလေ့ရွာကနှင်ထုတ်ခံရ
ဖို့ဆိုရေ ကတိစာချုပ်နန့်ယင်း“ဟန်”ဆရာကိုငှါးဖြစ်လခရေ၊ အဂုဆိုကေ အကျွန်ရို့လေ့ “မင်းလေ့ရခိုင်နန့် ” ဝင့်နီအောင်ကဖို့တတ်နီကတ်ဗျာယ်။ အကျွန်ရို့“ဟန်”ဆရာကတော့ခါ မင်းရို့အဖွဲ့ ပထမ ရစီရဖို့ဆိုယင့်။

နီမစောင်းခင်တနားပွေချေ ထမဆီငင်ပလိုက်မေလို့မှတ်တေ။အိမ်မာရောက်နီကတ်တေဟိသမျှလူရောင်းခနဲ
ရယ်သံကြောင့် အိပ်ခါနီးချေလန့်ကျလခရရေ၊ဖြစ်ပုံကအယွေချေရို့၏အသက်ကြီးပြီးမကံစမ်းမဲပေါက်ထားရေ
ချထားစရာနီရာမဟိလောက်အောင်ချစ်လှစွာသောမျောက်လက္ခဏာမာတင်မွီးထားရေ တဦးတည်းသော
မျောက်ရငံချေကို အမိသယ်မကပြောရေ စကားကြောင့်ပွဲကျလခစွာဖြစ်ပါရေ။အယွေချေကသားတော်မောင်
ကို ပြောလိုက်တေစကားမာထုံးစိုင်အတိုင်း ဖင်တခြားဂေါင်းတခြား ၊“ ဟေးးး ရွင့်ဇာချေ ဒုံးပွဲမမှီချင်ဗျာယ်လာ နပူစားရေချိုင်(ချဉ်)ခံရေ နင်ခေါ်စွာငါမကြားလား လာဖို့လားမလာလာနင် ” လတ်။။ ။။

သားတော်မောင်မာကအမိသယ်မအော်စွာကြားလီဖို့မပြောကေ့ ပုပါချိအောင်ဗြီးလခစွာအမိသယ်မမာအရိပ်
တောင်မကျလိုက်။


ကိုမင်း(24.7.2010)

ရခိုင်မြီမှာ













ငါ့လက်က
ဖေါင်တိန်မှင်စက်
ရခိုင့်စာပီ ထွန်းကားရေးအတွက်
ရီကြိုင်ချေတစက် ဖြစ်ခကေ
ငါ့ဂေါင်းထဲက
စိတ်ကူးစိတ်သန်းချေတိ
ရခိုင်ပြည်သူတိအတွက် ဖြစ်ခကေ
ငါ့ရင်ဘတ်ထဲက
အသည်းနှစ်လုံးတိ
ရခိုင်ပြည်သူတိကို ချစ်ခကေ
ငါ့ခန္ဓာကိုယ်က
ချွဲစက်၊ သွီးစက်
ရခိုင်ပြည်သူတိ လုံချုံဘဲကင်းရေးအတွက်
တပ်ထရံချေက တပ်တိုင်ချေတချောင်း ဖြစ်ခကေ
ငါ့ခန္ဓာ
အချိန်တန်လို့ ပုတ်ပျော့လားခါ
လခြမ်းမြီရိုးမအတွက်
မြီဆီမြီသြဇာရာ ဖြစ်ခကေ
သဂြိုင်္ဟ်လိုက်.......ငါ့ကို
ရက္ခမြီမှာ......................။
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၄၊ ၁၂၊ ၂၀၁၀

မိသားစု


လောကကြီးကကျယ်
ပင်လယ်ကြီးကကြီး
မော်မဆုံးခေါ်မဆုံး
အာကာနန့် တောင်တန်းကြား
အဘာ၊အမိ နန့် အဘုသျှေ
ဒေသုံးယောက်ဟိကတ်တေ။

Tuesday, 14 December 2010

အလိုမကျခရယ် စကားဝိုင်းတိ

အကျွန်စကားပြောကေ ကတ်သီးကတ်သတ်ပြောတတ်လို့ အငယ်ကပင် လူတိုင်းဘာမှာ အမုန်းခံရသည်။ လူတိကလဲ သူရို့ မျှော်လင့်ထားရယ် အတိုင်း တဖက်လူဘားက စကားတုံ့ ပြန်မှုကို မျှော်မှန်းထားကတ်သည် မှာ ဆိုးပါသည်။ ယေဇု နန့် မျှော်လင့်ထားရယ် စကားကို ပြန်လို့မကြေားရခါ ကသိကအောက် ဖြစ်ကတ်ရသည်။ မတတ်နိုင်ပါ။ အကျွန့် ၀သီအတိုင်း ကိုယ်မသျှင်းစွာကို သျှင်းအောင်၊ ကြေနပ်အောင် ပြန်မိန်းရမှ ကြေနပ်သည်။ မိမိ စိတ်သဘောထားကို တောင်းလာကေလဲ မိမိတာဝန်အတိုင်း တဘက်လူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပြန်ပြောရမှ နိန်သာထိုင်သာဟိပါသည်။ အကျွန့်အယူအဆကို လက်ခံရဖို့လို့ အားဓမ္မ တိုက်တွန်းခြင်းမဟုတ်ပါ။ အဖြေတောင်းလာလို့ ဖြေယှင်းချက် ပီးမိခြင်းသာဖြစ်သည်။ အခါခါ တော့ လူတိက စကားပြောကေ ၀ါတာဖော်လို ဖိရှ်ဖောလို( water follow fish follw) ပြောကေကောင်းရယ် လို့ သင်ပြဖူးပါသည်။ အကြောင်းအရာ တခုကို မိမိလက်မခံ နိုင်ဘဲ ပစပိတ်ဂေါင်းညိတ်ခြင်းမှာ ရင်ဘတ်ကို ဆယ်ပေါင်လောက်လီးရယ် ကျမွိန့်နန့် အထုခံရစွာထက် အခံရခက်ပါသည်။
တခါက အကျွန့် အဖက အကျွန့်ကို ဥာဏ်ပွင့်လင်းခြင်းနန့် ပတ်သက်လို့ မိန့်ခွန်းခြွေဖူးသည်။ သူ့  အယူအဆက စစောအိပ်ပြီးကေ စစောထပါက ဥာဏ်ပွင့်လင်းပြီးကေ ကျမ်းမာရီးနန့်လဲ ညီညွတ်ကြောင်းပြောပြဖို့အတွက် အကျွန့်ကို “စစောအိပ်ပြီးကေ စစော ထကေ မင်း…လန်းလို့ဆန်းလို့မတွိလား” ဆိုပြီးကေ မိန်းသည်။
အကျွန်ကလဲ “တွိရယ် ပါပါ” လို့ပြန်ဖြေသည်။ သူကဆက်ပြောသည်။
“နောက်ကျပြီးမှ အိပ်ရာဝင်ပြီးကေ နောက်ကျမှ အိပ်ရာက ထကေ ဂေါင်းတိ နောက်ကျူလို့မတွိလား”
“တွိပါရယ် ပါပါ” လို့အကျွန်ကဖြေသည်။
“ယေကေ…စစောအိပ်ပြီးကေ စစောအိပ်ရာက ထစွာမကောင်းလား” ဆိုပြီးကေ သူက နိဂုံးချုပ်ပနာမိန်းသည်။
အကျွန်က “မကောင်းပါလို့” ပြန်ဖြေခသည်။ သူလိုချင်သောအဖြေမှာ “ကောင်းရယ်” ဆိုရယ် အဖြေဖြစ်သည်။ ယေလဲ လိုချင်ရယ်အဖြေကို မရမှာ ကောင်းကြိုက်ပုံမပေါ်ခပါ။ အကျွန်စိုင်းစားပုံမှာ အေပိုင်ဖြစ်ပါသည်။ အိပ်ရာကထလို့ ဂေါင်းလန်းဆန်းစွာ၊ နောက်ကျူစွာ နန့် အိပ်ရာဝင်ခြင်းအလေ့ အထ နှစ်ခုကို ကောင်းသည်၊ ဆိုးသည်လို့ သတ်မှတ်လို့မရပါ။ အိပ်ရာဝင်နောက်ကျပြီးကေ မိုးထဖ နောက်ကျမှထလို့ ဂေါင်းနောက်ကျူကေလဲ ယင်းအလေ့အထကို ကြိုက်တေလူတိဟိပါသည်။ အကျွန်လဲ ညဥ့်ငှက်လူသား ဖြစ်လို့ ညဥ့်အခါ အလုပ်လုပ်ရမှ စိတ်ဝင်စားပါသည်။ မိုးထ ဂေါင်း မကြိုင်မလင်ဖြစ်ဖို့စွာကို အလေးမထားပါ။ ယေဇု နန့် အကျွန့်အတွက် ဂေါင်းမကြိုင်မလင်ဖြစ်တေ နည်းက ကောင်းပါသည်။ ယေဒါလဲ ကာလအလိုက် သူ့ အကြိုက်စရိုက်ညီထွေ မကျင့်တတ်ခခါ ပါပါဘားက ယင်းနိန့် မုန့် စားဖို့ ဖေသာအပိုမရခါပါ။
နောက်အဖြစ်အပျက်တခု အကျွန်ကြုံဖူးပါသည်။ လူတယောက်နန့် အကျွန် ဇရက်မင်းစီးစည်တတူခံစားကတ်ယင်း၊ ယင်းလူဧ။် အမျိုးသားရီး ပေါ်လစီတခုကို လက်တွိမကျလို့ထင်လို့ နှိုက်နှိုက်ချွတ်ချွတ်မိန်းဖူးပါသည်။ အဖက်ဖက်က ဝေဖန်သုံးသတ်ကြည့်ပါသည်။ အဆိုပါလူမှာ အကျွန့်ဧ။် မိန်းမြန်းချက်တိကို မကြိုက်လို့လား၊ မဖြေနိုင်လို့လားမသိ အကျွန်နန့် စကားပြောရစွာရယ် ကျွဲပါးစောင်းတီးစွာနန့် တူရယ် ဆိုပြီးကေပြောခသည်။ အကျွန်ရယ် “ကျွဲပါးစောင်းတီး”ဆိုရယ် စကားပုံကို အငယ်အတည်းက ကြားဖူးနားဝဟိပါသည်။ ယေလဲ သူဇာကို ဆိုလိုရယ်အသေအခြာ သိအောင် ယင်းစကားပုံကို ထပ်သျှင်းခိုင်းရပါသည်။ သူက ကျွဲပါးစောင်းတီးဆိုရယ် စကားပုံကို သုံနှုန်းရခြင်းမှာ- ကျွဲတိရယ် စောင်းသံကို နားမလည်ရယ်ပိုင် အကျွန်လဲ သူပြောရယ် စကားကို ကျွဲ စောင်းသံကိုနားမလည်ရယ် ပိုင် မလည်းခြင်းဖြစ်ကြောင်း ယှင်းပြပါသည်။ ပြသနာက ဒေမှာပြီးမလားပါ။ ကျွန်တော်မှာ ယှင်းစရာတိ၊ မိန်းစရာတိ ထပ်လို့ ပေါ်လာခပါသည်။ ယင်းဟင့်မှာ ကျွဲတိရယ် စောင်းသံကို နားမလည်ဆိုစွာကို အကျွန်ရို့ဘဇောင်ပိုင်သိပါလဲ။ ကျွဲမှာ လူထက်ကြီးရယ် နားရွက်နှစ်ဘက်ပါ ပါသည်။ ကျွဲ နားပင်းကလွဲလို့ ပုံမှန်ကျွဲတိရယ် အကြားအာရုံ နန့် အာရုံသိစိတ် ဟိကတ်စွာကျည်းယာ။ ခွီးကိုတောင်မှ လူက နာမေပီးထားကေ သူ့ နာမေခေါ်ကေ ခွီးက နားလည်ပါရယ်။ ယေဇု နန့် ကျွဲရယ် ယင်းစောင်းသံကို ကြားဖို့စွာကိုတော သေခြာပါသည်။ နောက်တခုစိုင်းစားရဖို့စွာက “နားလည်ခြင်း” နန့် “ခံစားခြင်း”ပါ။ ထပ်ဆိုပါမေ။ ကျွဲရယ် စောင်းသံကို နားလည်နိုင်ပါယင့်လား၊ ခံစားနိုင်ပါယင့်လား။ ဒေပိုင် စိုင်းစားကြည့်လို့ရပါရယ်။ နားကောင်းရယ် လူတယောက်က စောင်းသံကို တပြိုင်တည်းနားထောင်ရယ်အချိန်မာ ယင်းဂီတကို နားလည်နိုင်မှု နန့် ခံစားခြင်းတိရယ် နှစ်ဆင့် တိုးတက်ဖြစ်ပေါ်ပါသည်။ ဂီတကို နားလည်နိုင်မှုဆိုစွာက ထွက်ပေါ်လာရယ် ဂီတသံဧ။် ပျော့ပျောင်းမှု၊ ကြမ်းတမ်းခြင်းကို ဆိုလိုပါသည်။ ခံစားခြင်းဆိုစွာက ယင်းဂီတသံကို ကြားရခါ စိတ်ထဲက ကြိုက်နှစ်သက်ခြင်း၊ မကြိုက်နှစ်သက်ခြင်းကို ဆိုလိုပါသည်။ ဗုဒ္ဓ၀ါဒအရ တခုခုကိုကြားရဖို့အတွက် အသံထွက်ပေါ်ရယ် အရာတခု၊ အသံကိုလက်ခံလို့ရရယ် နားစည် ကောင်းကောင်းတခု နန့် ကြားသိစိတ်ဟိဖို့လိုသည်။ ယင်းအခြေအနေ သုံးရပ်နန့် ညီညွတ်ကေ ယင်းအသံကို နားလည်ပါသည်။ ယေဇု နန့် ယင်းအခြေအနေသုံးရပ်နန့် ညီညွတ်တေ ကျွဲတိလဲ အဆိုပါ စောင်းသံကို နားလည်ပါသည်။ တနည်း- ကြားနိုင်ပါသည်။ ယင်းအသံကို ကြားရခြင်းကို  ဖသ လို့ဆိုသမုတ်ကတ်ပါသည်။ ယင်းဖသကြောင့် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဝေဒနာ ပေါ်ပါသည်။ ယေဇု နန့် ယင်း စောင်းသံကို ကြားရရယ်(နားလည်ရယ်) ကျွဲတိမှာလဲ ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုပြီးကေ ဝေဒနာပေါ်ပေါက်ပါလိမ့်မေ။ သာဓက တခုအနိန်နန့် နသိုးတိကို အနီရောင် အ၀တ်ဟပ်ကို ပြကေ ခတ်ဖို့လိုက်ခြင်းကို ကြည့်လို့ သူရို့မာ အနီရောင် အပေါ်မှာ မကြိုက်မနှစ်သက်ခြင်း ခံစားချက်ဟိကြောင်း သက်သီပြ နိုင်ပါသည်။ ယေဇု နန့် ကျွဲတိရယ် စောင်းသံကို နားလည်နိုင်ကြောင်းကောက်ချ ချနိုင်ပါသည်။ ယေဒါလဲ ယင်းစောင်းသံကိုပင် နားလည်နိုင်ပုံ၊ ခံစားပုံချင်း ကျွဲနန့် လူ တူဖို့လားမိန်းကေတော့ အကျွန်မဖြေတတ်ပါ။ သာယာပျော့ပျောင်းရယ် စောင်းသံကို ကြားရချိန်မာ အကျွန်ကတော့  လသာရယ် ညဥ့်တညဥ့်မှာ ရည်းစားနန့် ချိန်းတွိဖူးစွာကို သတိရ ခံစားချင်ခံစားပါဖို့။ ယင်းပိုင်ပျာယ်လဲ ကျွဲတိလဲ ယင်းစောင်းသံကို ကြားရချိန်မှာ သူ့ ရည်းစားနန့် တတူ လယ်ထွန်ခရယ်အချိန်ကို စိုင်းစားချင်စိုင်းစားပါဖို့။ အသူ သိခီပါဖို့လဲ။
အကျွန်က အထက်ပါအတိုင်း သျှင်းပြမှာ အဆိုပါလူမှာ အကျွန့် သျှင်းပြချက်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံ ပြန်မပြောဘဲ ဘူး ခံလို့ရာနိန်ခသည်။ သူ့ အဆိုမှန်ကြောင်းရာ ထပ်ခါတလဲလဲ ပြောနိန်ခသည်။ အကျွန်က သူ့ ကို နောက်ဆုံးအနိန်နန့်…ယင်းလောက်ထိ ကျွဲတိ စောင်းသံကို နားမလည်လို့ ခိုင်ခိုင်မာမာပြောရလောက်အောင် အကို ကျွဲဖြစ်ဖူးလား လို့မိန်းလိုက်မိပါသည်။ ယေခါ ကာအလိုက် သူ့ အကြီုက်စရိုက်ညီထွေ မကျင့်တတ်ခရယ် ကျွန်တော်သည် သူ့ အိမ်က မိုးထဖသား လေးချက်တီးမှာ နှင်ချ ခံခရဖူးသည်။ ယေဇု နန့် ဟိဖို့ ထင်ပါသည် လူတိက ၀ါတာဖော်လို ဖိရှ် ဖော်လို လိုက်တတ်အောင် သင်ပြပီးကတ်စော်။

အချစ်ဆိုစွာက

                                                       အချစ် ဆိုစွာက

မသန်းစိန် ရယ် ရီမိုးချိုးပြီးကေ အိမ်ဘရံတာမာ စီထိုင်ပနာ လမ်းကလားကတ်တေ ထိုသူဒေသူ ကိုငေးကြည့်
တတ်တေ။  ဒေဟင့်က သူရို့မြို့မာ ဓလေ့တခုယာ။  အိမ်တိုင်းရှိမာ ထိုင်ခုံတန်းတိ ဟိရယ်။  ညဇာတိုင်ကေ ယင်း ဒန်းခံ သျှေမာ ထိုင်ပနာ စကားပြောကတ်တေ။  ယင်းဘရံတာမာ ထိုင်ပြီးကေ ရီချိုးခါ ဆီးထားရယ် ဆံ
ပင်ကို ခြောက်အောင် ယပ်ခပ် နိန်ချိန်မာ သူ့ကိုတွိခစွာပါ။ မသန်းစိန် အိမ်ဘေးနားကအိမ်ရှိမာ ယင်းနိန့်က
ကားတစီးလာရပ်တေ။  ကားကလဲ ဒေမြို့မာ သူ တခါလဲမမြင်ဖူး။ အဖြူရောင် ဆလုံး ကားအမျိုးအ
စားဖြစ်ပြီးကေ မျက်စိမာမြင်ရစွာက စီးချင်စရာကောင်းရယ်။  တခုထူးခြားစွာက ယင်းကားထဲက ကားမောင်း
သမ ဘေးမာ ကလေတယောက်ထိုင်လို့ပါရယ်။  ယင်း ကလေကိုလဲ သူတခါလဲ မမြင်ဖူးပါ။  စိတ်ထဲမာတော့
မြို့ကို ပြောင်းလာရယ် လူသစ်တိဖြစ်ဖို့လို့  အောက်မိလိုက်တေ။  ယင်းအချိန်မာ တဘက်အိမ်က အိမ်နားပါးချင်း ကိုမောင်ထွန်းသာ ဆင်းလာပြီးကေ ကားဘေးမာရပ်ပနာ ယင်းကလေ နန့်စကား
ပြောနိန်စွာကိုမြင်ရရယ်။  ကိုမောင်ထွန်းသာ သူငယ်ချင်းဖြစ်လီ မေလားမသိလို့ သူတွေးမိခရယ်။  ယင်းက
လေရယ် သူမြင်ဖူးရယ် ယောင်္ကျားသားတိနန့် မတူဘဲ တခုခုထူးခြားနိန်ရယ်လို့ သူထင်ခရယ်။  သူ့ကိုယင်း
နိန်က အ၀ီးကမြင်ခရကေလဲ မည်းနက်ပြီးကေ ထင်းနိန်ရယ် သူ့မျက်ခုံး၊ ဖြောင့်စင်းနိန်ရယ် နှာတံ နန့် နခမ်း ပပါး ပိုင်သျှင်သူ့ကို မြင်စွာနန့်တခါတည်း သူမ စွဲလားခရယ်။  သူ့ပုံစံကို ကြည့်ခရစွာက အအီးဆဆီး ပုံစံဖြစ်
တေ။  စကားပြောကေ လက်ဟန်နန့်စကားပြောစွာကို တွိရရယ်။  အို…..သူ့လက်ချောင်းသျှေတိ ဘလောက်
လှလီမေ မသိ လို့သူမ တွေးခရယ်။  သူ့ကို အနားကနိန် ကပ်ပနာ မြင်ချင်ရယ် စိတ်တိလဲ တဖွားဖွားပေါ်ခရ
ရယ်။  ကိုမောင်ထွန်းသာ နန့် စကားပြောပြီးကေ သူရို့ကားယင်းအိမ်ရှိကနိန်ထွက်လားခစွာကိုလဲ မသန်းစိန်
မျက်စိတဆုံးပျော ကြည့်နိန်ခမိသိမ့်ရယ်။

ယင်းနိန်ကပင်စလို့ မသန်းစိန်တယောက် ကိုယ်နန့်စိတ်မကပ် ဖြစ်နိန်ခရရယ်။  ယင်းကလေ မျက်နှာခွက် သူ့
စိတ်ထဲက နိန် မထွက်နိုင်ခ။  အိပ်တေခါ အိမ်မက်ထဲမာ သူလာပါစီလို့လဲ ဆုတောင်းနိန်ခမိရယ်။  မိုးထဖသား အိပ်ရာက ထလို့ မျက်စိနှလုံးပွင့် စွာနန့် သူ့အကြောင်းက ဂေါင်းထဲဝင်လာရယ်။  သူနာမေ၊ သူနိန်ရပ်၊ သူ့အခြီအနီ အားလုံးကိုသူမ အတွေးနန့် စိတ်ကူးယိုင် နိန်မိခရယ်။  နောက်နိန်တိများ သူဘေးအိမ်
ကိုရောက်လာဖို့လား သူမတမျှော်မျှော်ဖြစ်နိန်ခရရယ်။  ကြောင်းမကြာသူမ အလိုဆန္ဒ ပြည့်ခရရယ်။  ကိုမောင်ထွန်းသာ အိမ်ပြတင်းပေါက်မာ ယင်းသူလက်တင်ပနာထိုင်နိန်စွာကိုတွိလိုက်ရရယ်။ မသန်းစိန်
အိမ်ပြတင်းပေါက်နန့်ဆိုကေ ဆယ့်ငါးပေလောက်ရာဝီးရယ် အတွက်နန့် သူမ သူ့ကိုကောင်းကောင်းမြင်ခရ
ရယ်။  သူမသူ့ကို ယင်းပိုင်အနီးကပ်မြင်လိုက်ရရယ် အချိန်မာ လီထဲမာ လွင့်လားယောင်ခံစားလိုက် ရရယ်။
သူရယ် ရာမောင်သျှင်မမာ သားရာလား၊ ပါသျှန် နတ်သားတပါး ရာလား သူ့မ အသိတရားကင်းမိန့်ပနာ
တွေးလိုက်တေ။  သူယင်းနိန့်က အင်္ကျီ မောင်းပိုင်း အ၀ါနုရောင် တလုံးကိုဝတ်ထားရယ်။  ဖြူဆွ နိန်ရယ်
သူ့အသားအရီထက်က မွှီးညှင်းနု တိက အသည်းယားဖို့ တောင်ကောင်းလောက်တယ်။  ပိတုန်းပိုင် မဲနိန်
ရယ် ဆံပင်ကို ဂတုန်းစတောက် ကေကိုက်ထားရယ်။  ကိုမောင်ထွန်းသာနန့် ဇာစကားပြောနိန်လေ့ သူမတော့မကြားခရပါ။  ယေဒါလဲ သူရယ် ယင်ကောင် သျှေတကောင်ပိုင်ရာဖန်ဆင်းလို့ရကေ သူနားကို
တ၀ဲဝဲပျံလို့ သူ့ဇာအကြောင်းအရာတိများပြောနိန်ဖို့လဲ နားထောင်ခချင်ရယ်။ သူပြောရယ်ထဲ မာ သူ့မ အ
ကြောင်းတိများပါလီဖို့လား၊  တခြား ကလိန့်မေသျှေ တိအကြောင်းကိုရာပြောလီဖို့လား၊ သူစိတ်ဝင်စား
နိန်ရယ် အကောင်မသျှေက အသူလဲ သူကောင်းသိချင်ခရယ်။
သူကို ကိုမောင်ထွန်းသာဂီတာလာပီးစွာကို တွိရရယ်။  အော်…သူဂီတာလဲ တီးတတ်စွာရာမနားလို့ သူမ ရင်
ထဲမာ ပီတိ ဖြစ်နိန်ခသိမ့်ရယ်။  သူယင်းနိန့်က ခိုင်ကျော်လင်းဆိုထားရယ် အချစ် ဆိုရယ်တေးခြင်းကိုဆို
ရယ်။  သူ့ရင်ထဲမာ ယင်းတေးခြင်းသံရယ် ဘဇောင်ပိုင်နားထောင်လို့ကောင်းခမသိ။  မူရင်းအဆိုကျော်
တောင်သူ့လောက်နားထောင်လို့မကောင်းခ။  သူမ ယင်းကလေနာမေကိုလဲမသိ၊ ယေဒါလဲအဂုအချိန်ထိ
သူ့မာ အပြစ်အနာဆာ တခုလဲရှာလို့ မတွိသိ။  သူမ သူ့ကိုယ်သူ ဝေခွဲလို့မရအောက်ဖြစ်ခရယ်။  သူမ ယင်းကလေကို ချစ်နိန်မိပျာယ်လား။  သူမ အဂယင့် ရင်ခုန်နိန်ယာလား။ ယင်းနိန့်က တေးခြင်းမဆုံး ခင် အီးယောင်က ခွဆုံက ဆိုင်ခြောက်သျှေလားပြီးကေ အင်္ကျီခြုပ်အပ်ဝယ်ဖို့ ခိုင်းလိုက်လို့ မလားချင်ဘဲလားခ
ရရယ်။  ပြန်ရောက်ခါ သူ  မဟိယာ။  ယင်းပိုင်နန့် သူ့ကို အခါခါ ကိုမောင်ထွန်းသာကိုစီလာခေါ်စွာကိုတွိ
ရရယ်။  ကားထက်ကတော့ သူ့တခါလဲဆင်းစွာကိုမတွိရဘဲ  ကားထက်ကစီစောင့်နိန်ရယ်။  သူမရယ်
ယင်းကေလေ သူ့ကိုများ မျက်စိကျဖို့လားလို့ တခါတခါ သူ့အေးမ အသျှေကို ရွက်ပြရယ်၊ အသျှေအိမ်အောက် မာကစပ်နိန်ကေ ဘရံတာက နာမေကိုတာဘဲ လှမ်းခေါ်လိုက်တေ။  ပုံမှန်အချိန်ဆိုကေ
တော့ အသျှေအိမ်မာ ဟိမှန်းတောင်သူမ မသိပါ။  သူမ ယင်းပိုင်ကြိုးစားအားထုတ်မှုတိကြောင့် အခါခါတော့ ယင်းကလေ နန့် မျက်စိချင်း ဆုံခရရယ်။  မသန်းစိန် ယင်းပိုင်အကြည့်ချင်းဆုံတိုင်း ဘဇောင်ရင်ခုန်ခရလေ
မသိ။  ယင်းကလေ မျက်စိထဲမာ သူမလိုချင်စွာ တခုခုကို အကြည့်ချင်းဆုံတိုင်း သူမ ရှာနိန်ခရယ်။  သူတယောက် လောကကြီးမာ ဟိရယ်ဆိုစွာကို ယင်းကလေ ကိုသိစီချင်ခရယ်လေ။ တရက်နိန် တန်းပျင်းခန်းမာ အကျီင်္ဖွတ်နိန်တုန်း ကိုမောင်ထွန်းသာ ညီမ နောက်တရက်နိန်မွီးနိန့်ပွဲဟိလို့ လာခေါ်
ရယ်။  ယင်းနိန့်ခါ စကားစမြည်ပြောယင့်နန့် သူမစိတ်ကို ဖမ်းစားခရယ် အိမ်မက်ထဲက ထိုကလေအကြောင်း
သိခရရယ်။  သိရယ်ဆိုစွာကလဲ စကားအချက်ကျလို့ တဖေ့သျှေရာ မသန်းစိန်သိခရရယ်။  သူ့နာမေက အောင်ထွန်းရှီ လတ်။  သူက ကိုမောင်ထွန်းသာနန့် ငယ်သူငယ်ချင်း။  မိသားစုတိကချမ်းသာရယ်။  ယင်းဟင့်ထက် အရီးကြီးရယ် သတင်းအချက်အလက် တခုကို မသန်းစိန်ရလိုက်တေ။  ယင်းဟင့်က နက်
ဖြန်ကိုမောင်ထွန်းသာမွီးနိန့်ပွဲကို ကိုအောင်ထွန်းရှီလာဖို့ဆိုစွာကိုဖြစ်တေ။  သူမ ပဇောင်ပိုင် ၀မ်းသာလားခ
ရယ်လို့မသိ။  အခု သူနန့် လူချင်းတွိရဖို့ပျာယ်ဖြစ်တေ။  သူနန့် ခင်မင်ရင်းနှီးခွင့်ရဖို့ပျာယ်ဖြစ်တေ။  တယောက်နန့်တယောက်တွိခါ သူ့ကိုစလို့ မိတ်ဆက်ကေကောင်းဖို့လား သူမတွေးကြည့်ခရယ်။  မမသျှေဆို
ရယ်ဂုဏ်သိက္ခာလဲသော့ ဟိသိခါ သူ့ဘက် ကစလို့ မိတ်ဆက်လာကေကောင်းဖို့လို့ သူလိုချင်ရယ်ပိုင်လဲ
တွေးခရယ်။ အကောင်းဆုံးကတော့ အိမ်သျှင်ဖြစ်တေ ကိုမောင်ထွန်းသာရို့ မိတ်ဆက်ပီးတော့အကောင်းဆုံး
ရာလေလို့သူ မစိုင်းစားခရယ်။  ယင်းနိန် တညဥ့်လုံး မသန်းစိန်တယောက်အိပ်လို့မပျော်ခလေ။  အတွေးတိ
တသီတတန်းကြီးနန့် တောင်ရောက်မြောက်ရောက်စိုင်းစားနိန်ခရယ်။ 
ယင်းနိန့်ညဥ့်ခါ သူ အိမ်မက် မက်တေ။  အိမ်မက် ထဲမာ သူ့ကို ကိုအောင်ထွန်းရှီက ရည်းစားစကားလာပြော
ပြီးကေ သူရို့နှစ်ယောက်သမီးရည်းစားဖြစ်လားခရယ်လတ်။  သူ ကျောင်းတက်ကေ သူ့ရည်းစားအသစ်စက်
စက်က ကားနန့် အကြိုအပို့ လုပ်ပီးရယ်လတ်။  အပိုင်းက ကလိန့်မေတိက သူ့ကို တပျင်းမနာလိုဖြစ်ကတ်ဆို
ရယ်။  တချို့က သူရို့အတွဲကိုကြည့်လို့အားကျပနာ သူ့ရို့ကို မျက်စိ မျက်ဆံ တိပြူးပနာကြည့်ကတ်တေလတ်။
မိုးထဖသားအိပ်ရာက ထလာခါ သူအိမ်မက် မက်တေပိုင်ခံစားခရလေ။  ဇာလို့ဆိုကေ သူမက်ခရယ် အိမ်မက်ကို အဂယင့် သူထင်နိန်ခလို့လေ။  သူ ယင်းလောက်ထိ ဒေကလေကိုစွဲလမ်းနိန်ခပျာယ်ဖြစ်တေ။  မရကေ သီကျဖို့ လားလို့တောင်ထင်မိခရယ်လေ။  ယင်းနိန့်ပွဲမလားခင် သူ အကျီ် အမ်ဒမာရီ ရှိမာရပ်ပနာ
ဝတ်ဖို့အင်္ကျီကို ရွီးနိန်ခစွာ တစ်နာရီလောက်ကြာခရယ်။  ညကပင် ခြီသည်းလက်သည်း ဆိုးထားခစွာလေ။
သူ့ဇာအရောင်ကိုကြိုက်ဖို့လဲလို့တော့ သူ မခန်းမှန်းတတ်ခ။   ယေဒါလဲ သူ့ကိုမြင်ကေတော့ အောင်ထွန်းရှီ
စိတ်ဝင်စားလောက်တေလို့ သူ့ကိုသူယုံကြည်နိန်ခရယ်။  မှန်ရှိမာ ခန္ဒာ ကိုယ်ကို တပတ်နှစ်ပတ်မက မွိန့်ပနာ
သူ့အလှကို သူစိတ်ကြိုက်ကြည့်နိန်ခရယ်။  မသန်းစိန်….တစိန်..တည်းဟိရယ် ယင်းအပိုင်းမာ၊ အလှဆုံး
အကြွဆုံး ပန်းဘုရင်မသျှေပိုင်။  သူအားလုံးအဆင်သင့်ဖြစ်စွာနန့် ဘေးအိမ်ကို ကူးပါလတ်တေ။ လူတိရောက်နိန်ကတ်ပျာယ်ဖြစ်တေ။  ပြင်ယှိဘက်ခမ်းက စာပွဲခုံဝိုင်း မာ အသီးသီးထိုင်ပနာ
စားသောက်ဖို့ ပြင်နိန်ကတ်ပျယ်ဖြစ်တေ။  မောင်ထွန်းသာက မသန်းစီန်ကို မြင်စွာနန့် လက်ယပ်
ခေါ်ပြီးကေ ဇာတ်တိုက်ထားခရယ်ပိုင် မောင်ထွန်းရှီ ခုံမာ မျက်နှာချင်းဆိုင်နိန်ရာချပီးပြီးကေ အားလုံးသူနန့် မိတ်ဆက်ပီးရယ် ။  အမိယေ
လေး သူ့နှလုံးသားတိ မြင်းကောင်ရေ သုံးသိန်းနန့် မောင်းရယ် စက်ပိုင်လှုပ်နိန်ခစွာမနား။  သူယင်းခုံ
ဝိုင်းမာ ထိုင်ယင်း အားလုံးသူ့ကို တချက် ၀ဲပနာ ပြုံးပြလိုက်တေ။  ကိုအောင်ထွန်းရှီ ကိုက ထူးထူးခြားခြား
အပြုံးကို ပိုလို့နက်သျှိုင်းအောင်ပြုံးပြလိုက်တေ။  သူမအတွက် ဒေနိန့်မာ သူ့စိတ်ဝင်စားမှုကို အရယူဖို့လို
အပ်တေလေ။  သူမကိုလဲ သူကပြန်လို့ပြုံးပြလိုက်ခါ မသန်းစိန် သတိမိန့်လားဖို့ယောင်ခံစားလိုက်တေ။
သူရို့ဝိုင်းကလူတိကတော့ သူ့ကိုသတိမထားလောက်။  အားလုံးစားဖို့အဆင်အသင့်ဖြစ်ခါ အောင်ထွန်းရှီ
က ငရုတ်ကောင်းမှုန့်ကို သူ့မုန့်တီခွက်မာ ထည့်ပြီးကေ မသန်းစိန်ကို “ယူပါဖို့လား” ဆိုပြီးကေမိန်းရယ်။  သူ
ပစကစကားပြောမထွက်။  ယေဒါနန့် ဂေါင်းညိတ်ပြလိုက်ပြီးကေ ပုလင်းကိုလှမ်းယူလိုက်တေ။  စိတ်ထဲကတော့ ယေပိုင်လဲ အလိုက်သိတတ်တေကားလို့ သူ့ကို အမှတ်ပီးနိန်မိခရယ်။ ပုလင်းယူခါ သူ့လက်ဖျားနန့် မသိမသာတိုက်မိလားခရယ်။  သူ့မျက်နှာမာ ပန်းနုရောင်လှိုင်း တခုပြီးလားခစွာကို သူတွိလိုက်တေ။  မသန်းစိန် မျက်နှာမာလဲ နှင်းဆီတခင်း ပွင့်လားခရယ်။  ရင်ထဲမာကတော့ တယောက်ကို
တယောက်စိတ်ဝင်စားနိန်ကတ်စွာကို မသန်းစိန်အသေအခြာသိနိန်ခရယ်။  သူမ ညက မက်ခရယ် အိမ်မက်
လဲ ကောင်းမကြာခင် အဂယင့် ဖြစ်လာဖို့လို့ မသန်းစိန် ယုံကြည်ခရယ်။ သူတခါ တခါ စကားပြောကေ ရယ်
လို့ပြောတတ်စွာကိုလဲ သူမယင်းနိန့်က သတိပြုမိခရယ်။  ပုလဲလုံးတိစီတန်းထားပိုင် ဖြူဖွေးနိန်ရယ် သူ့သွားက သွားတက် သျှေနန့် ပဇောင် ချစ်ဖို့ကောင်းမသိ။

သူနန့်စကားစမြည်စလို့ပြောဖြစ်ခရယ်။  မသန်းစိန် သူ့အကြောင်းကိုဒေထက်ပိုလို့သိချင်ခရယ်။  သူမာ ရည်စူးထားရယ် မမသျှေ တယောက်ယောက်များ ဟိလီခဖို့လားလို့လဲ သံသယသူဖြစ်မိပြီးကေ စိုးရိမ်
သောကလဲ ဖြစ်ခရရယ်။  အားလုံးစားလို့သောက်လို့ပြီးခါ သူအိမ်ကိုချက်ချင်းမပြန်သိမ့်ဘဲ သူ့အနားမာ
ထိုင်နိန်ဖို့သိမ့်လို့ ဆုံးဖြတ်ခရယ်။  သူ တေးခြင်းသျှေဘာသျှေ ဆိုကေ မသန်းစိန် သူ့မျက်နှာကိုကြည့်လို့
နားထောင်ချင်ခသိမ့်လေ။  ယင်းပိုင်နန့် ပရိတ်သတ်တိက ကိုမောင်ထွန်းသာ အတွက် မွီးနိန့်ဆုတောင်း
တေးခြင်းတပုဒ်ဆိုဖို့ အောင်ကျော်ရှီ ကိုပြောကတ်တေ။  အားလုံး စွာရယ် မသန်းစိန် စိတ်ထဲမာ ဖြစ်ချင်ရယ်
အတိုင်းဖြစ်လာစွာကို သူမ သိလိုက်တေ။  ယင်းအချိန်မာ အောင်ကျော်ရှီက ကြမ်းမာထိုင်နိန်စွာကနိန် ဂီတာ
တီးဖို့အတွက် နိန်ရာပြောင်းထိုင်ဖို့အတွက် မောင်ထွန်းသာကို အခန်းထောင့်မာ ထောင်ထား
ရယ်ကျိုင်းထောက် ကိုလက်ညှိးထိုးပြလိုက်တေ။  ၀ှက်…ယင်းအချိန်မှ မသန်းစိန်တန်းခါးထောင့်မာထောင်
ထားရယ် ကျိုင်းထောက်ကို သတိပြုမိခရယ်။  မောင်ထွန်းသာ ကျိုင်းထောက်ယူလာပြီးနာ အောင်ကျော်ရှီကို
ပီးလိုက်တေ။  သူကျိုင်းထောက်နန့် ထရပ်လိုက်ခါ မညွန့်စိန် ကြောက်ကြီးသန်ဖက် ၀င်လားခရယ်။  သွင်ပြီး
သောနာ အဘုသျှေခြီ ပိုင် ပိစိကလောင်သျှေနန့် အောင်ကျော်ရှီ ဂီလာန ဘ၀ အမှန်ကိုသူ သိလိုက်ရရယ်။
သူမ ရင်တခုလုံး ပြပြန်းတုန်ပနာ မျက်လုံးမာ မျက်ရည်ပူတိဝှမ်းပါလတ်တေ။  မသန်းစိန် မထင်မှတ်ထားရယ်
မြင်ကွင်းကြောင့် ကြောင်သီသီဖြစ်လားပြီးကေ ချက်ချင်းထပနာ ကမန်းကတန်း မောင်ထွန်းသာအိမ်ထက်က
ဆင်းပြီးပါလတ်တေ။  သတိထားမိလိုက်တေ လူတိကတော့သူ့ကို ငေးကြည့်နိန်ခစွာကို သူ သတိထားမိခပါ
ရယ်။  သူမဖိနပ်စီးဖို့တောင် မတွက်မပေါ်ခ အိမ်ဘားတို့ စင်းစင်းနန့် လျှောက်ပါလတ်တေ။  သူမ မက်ခရယ်
အိမ်မက် တချက်သျှေအတွင်းမာ သဲသောင်က သဲအိမ်သျှေ ပိုင်ပျက်ထွက်လားခရယ်။  ဖြစ်နိုင်ကေ မသန်းစိန် ဒေဟင့်ကို အိမ်မက်တခုရာဖြစ်လိုက်ချင်ခရယ်။  သူအိမ်ပြန်ရောက်တေအခါ အခန်းထဲဝင်ပနာ
ဒေါင့်ဂျောင်သျှေမာ ထိုင်လို့ မျက်ရည်နန့် မျက်ခွက် ဖြစ်နိန်ခရယ်။  ယင်းအချိန်မာ တဘက်အိမ်က အောင်
ကျော်ရှီဆိုနိန်ကျ အချစ် ဆိုရယ် တေးခြင်းသံထွက်လာရယ်။  သူမ မကြားချင်လို့ နားနှစ်ဖက်ကိုပိတ်ထားခ
ရယ်။  ယင်းအချိန်မာ အောင်ကျော်ရှီ အသံရယ် သူမ အတွက် သံရီပူပိုင် ပူလောင်နိန်ခပျာယ်ဖြစ်တယ်။