သူ့ကိုကျွန်တော် နာမေကြီးဘုရားတဆူက စောင်းတန်းတခု မာတွိခပါသည်။ ယင်းအချိန်ကသူရယ်ခုံပုသျှေမာထိုင်ပနာပန်းရောင်း
နိန်ပါသည်။ အသက်မာ ၁၆ နှစ်လောက်ဟိဖို့လို့ ထင်ရပြီးကေ ၀ါဝင်းနိန်ရယ် သူ့အသားအရီနန့် သနပ်ခါးပါးကွက်ကို အလှပလှ
ညညီညညာ လိမ်း ထားစွာက ကြက်သရေ ဟိစီပါသည်။ ဆံပင်ကို ဂုတ်ဝှိက်ကိုက်ထားပြီးကေ ဇီသ၀ါ ပွင့်ကို ဆံညှပ်နန့် ညှပ်ပနာ
ပန်ထားပါသည်။ စကားပြောရယ်ခါ သူစွာသူ “အမ၊ အမ”လို့ ရည်ညွှန်း ပြောပြီးကေ၊ သူရယ်လိုက်တိုင်းလှပရယ်သွားတက်သျှေပေါ်
လာစွာကို သတိထားမိခပါသည်။ အနီရောင်နန့် အမဲရောင်ကြိုးစပ်ထားရယ် ခြည် ဒက်အိပ် တလုံးကို (ဖေသာထည့်စွာထင်ပါသည်)
လွယ်ထားပြီးကေ ဖိနပ်မပါရယ် သူ့ခြီထောက်နန့် ဟောင်းနိန်ပျာယ်ဖြစ်တေ သူ့အ၀တ်အစားတိကတော့ သူ့နဂို ရုပ်သွင်နန့်ဖီလာ
ဖြစ်နိန်ခပါသည်။ ကျောင်းနိန်ရဖို့အရွယ်မာ ဘုရားစောင်းတန်းမာ ပန်းရောင်းနိန်ရရယ် အသျှေတိကိုမြင်ရစွာမာ မဆန်းကေလဲ
ကျွန်တော်သူ့ကို ထူးထူးခြားခြား စိတ်ဝင်စားမိခပါသည်။ သူရယ် တောင်ခြီရင်းရွာကလို့သိရပြီးကေယင်းဘုရားမာ နိန့်စိုင်
ပန်းလာရောင်းရယ်လို့ပြောပါသည်။ သူနန့်စကားစမြည်စပြောရင်းသူ့အကြောင်းကို သိခွင့်ရခပါသည်။ အောက်ဖော်ပြပါ အကြောင်း
အရာတိမာ သူမ ပြောပြချက်တိဖြစ်ပါသည်။
“အမ က ဒေတောင်ခြီရင်းက ပန်းပင်တော ရွာကပါ။ အခု အဘောင်သျှင်နန့်နှစ်ယောက်တည်းနိန်ပါရယ်။ အမိ၊ အဖကတော့ မဟိလိုက်ကတ်ပါယာ။ နာမေရင်းမဟုတ်ပါ။ နာမေရင်းက ဦးကြာဇံ ပါ။ အမကသမီးဦးဆိုခါ ရှိဆုံးကနိန် ဦးတပ်ထားစွာပါလေ။
အဖီးသျှင်နာမေက ကြာဇံဖြူ ပါ၊ ယေအတွက်နန့်အဘောင်သျှင်က ဦးကြာဇံဆိုပြီးကေ ပီးထားစွာပါလတ်။ သမီးဦး ဆိုစွာက အမက တယောက်တည်းမွီးထားစွာပါ။ အမိကိုတော့ အမ မှတ်မိလိုက်ပါရယ်။ အမိက အမ သုံးတန်းနှစ်မာ သီလားခရပါရယ်။ ပထမတော့
ဖျားစွာပါရာ။ အမ ရို့မှာက ဖျားပျာယ်ဆိုကေ လက်လှမ်းမှီရယ် ဆီးမှီးတိုတိနန့်စီ ကုကတ်တေအလေ့အထ ဟိပါရယ်။ အမ အတွက်ပေါ်သလောက် ယင်းခါက အမိ ဝေဒနာ မသက်သာဘဲ တိုးလို့ ဆိုးလာခပါရယ်။ ယင်းခါကတော့အမိ နန့် အဘောင်သျှင်
နန့် တလှည့်စီ ဈီးရောင်းထွက်ခကတ်ပါလဲ။ ဟုတ်ပါယင့်။ ယင်းခါကတည်းကပန်းရောင်းလို့စားလာစွာပါ။ အမကတော့ အမိ မလွန်ခင်အထိ ကျောင်းတက်ခပါရယ်။ လေးတန်းအထိပါ။
ယင်းပိုင်နန့် အမိရောဂါ တစစ ဆိုးလားယင်းနန့် နယ်က ဒက်တင်က မြို့ကိုလားလို့ဆီးရုံတက်ရဖို့ဆိုလို့ အဘောင်သျှင်ခမျှာ ဖေသာလဲ အပိုအလျှံ မဟိစွာနန့် အိမ်ဝိုင်းကို ပေါင်ပနာ မြို့ကိုတက်ခကတ်ပါရယ်။ အိမ်ကိုပေါင်စွာလဲအတိုးများပြီးကေ
ယင်းလောက်ထိ ဖေသာမရ ထင်ပါရယ်။ အမ ယင်းခါက ပထမဆုံးမြို့ကိုရောက်ဖူးခစွာပါချင့်။ ယင်းခါက ကားလမ်းတိမပေါက်
သိမ့်လို့ သင်္ဘောနန့်စီ လားကတ်ရပါရယ်။ အမရို့အငယ်သျှေခါ သူငယ်ချင်းတိဆိုကေ နွီရာသီကျောင်းပိတ်ကေ မြို့ကဆွေမျိုး
တိဘားကို အလည်စီလားကတ်ပါလဲ။ အမ ကယင်းခါက အမိ ကျမ်းမာရီးနန့်လားခရစွာဆိုခါ လားပုံချင်းတူတော့မတူပါလေ။
ယင်းလောက်ထိ ဖေသာမရ ထင်ပါရယ်။ အမ ယင်းခါက ပထမဆုံးမြို့ကိုရောက်ဖူးခစွာပါချင့်။ ယင်းခါက ကားလမ်းတိမပေါက်
သိမ့်လို့ သင်္ဘောနန့်စီ လားကတ်ရပါရယ်။ အမရို့အငယ်သျှေခါ သူငယ်ချင်းတိဆိုကေ နွီရာသီကျောင်းပိတ်ကေ မြို့ကဆွေမျိုး
တိဘားကို အလည်စီလားကတ်ပါလဲ။ အမ ကယင်းခါက အမိ ကျမ်းမာရီးနန့်လားခရစွာဆိုခါ လားပုံချင်းတူတော့မတူပါလေ။
ယေလဲ အမ စိတ်ထဲမှာတော့ မြို့ကိုရောက်ဖူးဖို့ပျာယ်ဖြစ်လို့ ကောင်းပျော်ခရပါရယ်။ အမရို့မာက မြို့မာ ဆွီမျိုးသားချင်းလဲ
မဟိဆိုခါ ရောက်ရောက်ချင်းဆီးရုံကို သင်္ဘောဆိပ်က နိန်တန်းလို့တက်ခရကတ်ပါရယ်။ မြို့ဆိုစွာ နယ်နန့် ကွာစွာကိုယင်းခါမှ
အမ သိခရယ်။ အိမ်တိကလဲအကြီးကြီး၊ လမ်းတိကလဲ အကျယ်ကြီး။ အမရို့ရွာနားက မြို့သျှေမာ က တမြို့လုံးပေါင်းမှ
ဂျစ်ကားသုံးလေးစီးဟိစွာပါလေ။ မြို့မာက ကားတိကန်ကမကန် အများကြီးပါမနား။ သင်္ဘောဆိပ်နန့် ဆီးရုံနန့်မ၀ီးဆိုလို့
အမိက ဖေသာချွေတာချင်လို့ ကုန်းကြောင်းလျှောက်လာခကတ်ပါရယ်။ အမိကတော့ လူနာဆိုခါ အဘောင်သျှင်ကတော့
ဆိုက်ကား နန့်ရာလားစီချင်ပါရယ်။ ယေဒါလဲ အမိက ငြင်းနိန်ခလို့ ကုန်းကြောင်းဘဲ လားခကတ်ရရယ်။ အမ ရို့တောသူတောင်သား
တိအတွက်တော့နှစ်မိုင်သုံးမိုင် ခရီးဆိုစွာ ကောင်းဝီးစွာတော့မဟုတ်ပါလဲ။ ဆီးရုံရောက်ခါ နယ်က ဒင်တင် ပီးလိုက်တေ စာရွက်နန့်
ဆီးရုံရောက်ရောက်ချင်း ပါလာရယ်ဖေသာလဲ တဖြုတ်ဖြုတ် ကုန်စွာပါမနားယေ။ လူနာ အိပ်ဖို့ ကုတင်ခပီးရ၊ ဆီးကုဝါးခပီးရနန့်
ပါလာရယ်ဖေ့သာ တပတ်အတွင်းမာ တတက်စင်ပါရယ်။ အမိရောဂါက အဆုတ်ကင်ဆာလို့ပြောပါရယ်။တာရှည်ကုရဖို့ဖြစ်ပြီးကေ
လုံးဝပြန်ကောင်းလာစရာအကြောင်းလဲမဟိခါ အမိက ရွာကိုပြန်ဖို့လို့ပြောပါရယ်။ ဆက်လို့ဆီးရုံမာ နိန်ဖို့ဖေသာလဲ မဟိပါပျာယ်။
ယင်းအချိန်က မပြန်ခင်ညဥ့်မာ အဘောင်သျှင်တတိုးသျှေ ငိုစွာကို အမကြားခရရယ်။ အမက ‘အဘောင်သျှင် ပဇာဖြစ်လို့
ငိုနိန် ရလေ’ လို့မိန်းခါ ‘အေး…မြီးသျှေ၊အဘောင်သျှင်ဆင်းရဲလို့၊မတတ်နိုင်လို့ ၀မ်းနန့်လွယ်လို့ မွီးထားရရယ် ကိုယ့် သမီးကို သီဖို့စွာသိယက်ပင်း ပြန်ခေါ်လားရဖို့ပျာယ်’ ဆိုပြီးကေ ပြောပါရယ်။ အမ ရို့သူငယ်ချင်းတိ မြို့ကိုလားလည်ခီလို့ ရွာကိုပြန်ရောက်ကေ
ကြွားစရာတိ တပုံကြီးစီပါလာကတ်တေ။အမ အတွက်တော့ စိတ်မကောင်းစွာက လွဲလို့ မြို့ကနိန် တခုလဲမယူလာနိုင်ခပါ။
ရွာကို ရောက်ပြီးလို့ကောင်းမကြာအမိ ယင်းရောဂါနန့် သီကျလားခပါရယ်။ ယင်းအချိန်က ပင် အကျွန်ကျောင်း နှုတ်လိုက်ရစွာပါ။
ကျောင်းတော့ ဆက်တက်ချင်ပါနှင်းရာ။ အကျွန်အငယ်သျှေကတည်းက ကျောင်းဆြာမ ဖြစ်ချင်ပါရယ်။ ရွာကစာမတတ်တေ အသျှေတိကို အလကားပြပီးချင်ပါရယ်။ ရွာမာက အသျှေတိုင်းစာမသင်နိုင်ကတ်ပါလေ။ ကျောင်းသားတိလဲကျောင်းတက်ချင်
ချိန်တက်လို့ဆြာတိလဲ လာချင်ချိန်မှလာကတ်ပါရယ်။ ကျောင်းပါလာ။ ကျောင်းကမူလတန်းတကျောင်းတည်းရာဟိပါရယ်။
ချိန်တက်လို့ဆြာတိလဲ လာချင်ချိန်မှလာကတ်ပါရယ်။ ကျောင်းပါလာ။ ကျောင်းကမူလတန်းတကျောင်းတည်းရာဟိပါရယ်။
အလယ်တန်းတက်ချင်ကေတော့ ရွာနားက မြို့သျှေကိုစီလားတက်ရပါရယ်။ ယင်းမြို့သျှေမာလဲ အလယ်တန်းအထိရာဟိပါရယ်။
အထက်တန်းကတော့ မြို့ကြီးကိုလားတက်ရပါရယ်။ယင်းခါကတော့ ရွာမှာလာပြရယ် ဆြာတိကို စပါးတောင်းနန့်စီပြခိုင်းလို့
စပါးတောင်းဆြာလို့စီခေါ်ခကတ်တေ။ အမကျောင်းနှုတ်လိုက်ရစွာ ကလဲ အကြောင်းအမျိုးမျိုးကြောင့်ပါယေ။ အဓိကအကြောင်း
အရာတခုကတော့ကေစားဝတ်နိန်ရီးအဆင်မပြေလို့ပါ။ အမိကိုဆီးကုဖို့ အိမ်ပေါင်ထားစွာလဲ အတိုးတိက တစစ တက်လာပြီးကေ၊
အဘောင်သျှင်တယောက်တည်းက ဆိုင်ရောင်းထွက်ဖို့ နန့် အိမ်မှုကိစ္စတိကို လုပ်ဖို့က မဖြစ်နိုင်ပါလေ။ ယေဇုနန့်အဘောင်သျှင်ကို
ကူယင်း မြီးဘောင်မနှစ်ယောက် စားဝတ်နိန်ရီးကို ဖြေယှင်းဖို့ အမ ကျောင်းထွက်လိုက်ပါရယ်။လေးတန်းလောက်ကျောင်းနိန်ခရလို့
အပေါင်းအနှုတ်အမြှောက်အစားနန့်သီစာရှင်စာလောက်တော့ ဖတ်တတ်ပါရယ်။အမ က ကျောင်းတက်ခခါက အတန်းထဲမာအတော်
ဆုံးပါလေ။ အခြေအနေ မပီးလို့ ကျောင်းမတက်လိုက်ရရယ်ခါ အမ ဖြစ်ချင်ခရယ် ကျောင်းဆြာမမဖြစ်လိုက်ရကေလဲ သွင့် ရွာက
ဆုံးပါလေ။ အခြေအနေ မပီးလို့ ကျောင်းမတက်လိုက်ရရယ်ခါ အမ ဖြစ်ချင်ခရယ် ကျောင်းဆြာမမဖြစ်လိုက်ရကေလဲ သွင့် ရွာက
စာရွီးစာဖတ် မတတ်တေ အဘုသျှေတိကိုတော့ အမအားရယ်အချိန်မာ အလကားစာပြပီးပါရယ်။ ဒေပိုင် ပညာဒါန ပြုရရယ်
အကျိုးကြောင့် နောက်ဘ၀မာ ပညာတတ်မကြီးဖြစ်ပါစီဆိုပြီးကေ အမ အခါခါဆုတောင်းမိပါရယ်။ အဘောင်သျှင်ကတော့
မနှစ်ကထိ ပန်း ကူရောင်းပီးခပါသိမ့်ရယ်။ အဂုကအသက်လဲကြီးပနာ မျက်စိလဲမှုံလာ ရယ်ဆိုခါ အိမ်မာဘဲ ချက်ယင်းပြုတ်ယင်းနန့်
နားခိုင်းထားပါရယ်။အဘောင်သျှင်လဲ အမရို့သားအမိကို တသက်လုံးရုန်းကန်ကျွေးမွေးခပါပျာယ်လေ။ အဂုအချိန်မာတော့ သူကိုတလှည့်အမက ပြန်လို့ ပြုစုစောင့်ချောက် ဖို့ အချိန်ရောက်ပါပျာယ်။ သူ့ဘ၀အတွက် နောက်ဆုံးအချိန်မာ ဆင်းရဲပင်ပန်းကေ
လဲ စိတ်ချမ်းချမ်းသာသာ နန့် နိန်လားစီချင်ပါရယ်။ အဖ ပါလာ။ အဖကို အမတခါလဲသွင့်မမြင်ဖူးပါ။ အဖက အမရှစ်လ
သမီးအရွယ်ကတည်းက ဖားကန့်ကို ကျောက်တူးဖို့လားခစွာ သီရယ်ရှင်ရယ်မှန်းမသိ ပါလေ။ အဂုထက်ထိ ပြန်မရောက်လာပါ။
နောက်တော့အဘောင်သျှင်ပြောစွာက ယင်းမာ မယားတယောက်ရလားခရယ် ဆိုပြီးကေ ကြားပါလတ်။ ပန်းရောင်းရစွာတော့
အဆင်ပြေပါယင့်။ အမ ရို့က အဖီးသျှင်လက်ထက်ကတည်းက ဒေဘုရားမာ ပန်းရောင်းလာစွာပါလတ်။ အဘောင်သျှင်မာ အမိ အဖီးသျှင် ဦးကြာဇံ ရယ် ဒေနိန်ရာ နန့် ဒေခုံနန့်ဘဲပန်းရောင်းခစွာပါလတ်။ အဂုကတော့ယင်းနိန်ရာကို အမ အမွီရလိုက်ပါပျာယ်။
အမလေ တခါတလီ သူများတိဒက်အိပ် လွယ်လို့လားနိန်ကတ်စွာမြင်ကေ ကျောင်းကိုစီကောင်းသတိရပါရယ်။ ယေလဲအမ
ဘ၀ကသူများတိ မိုးထဖသား စာဖတ်ဖို့ထအချိန်မာ၊ ပန်းခြင်းကိုလားလို့ ပန်းလားချွတ်ရပါရယ်။ နောက်ကျလို့မရပါလေ။
နောက်ကျကေ သူများမလိုချင်စွာပန်းတိရာ ရပါရယ်။ အိမ်ကမထွက်ခင် အဘောင်သျှင်အတွက် ရီတဘဲ တည်ပီးပခပါရယ်။
ထမင်တလုံးချက်ပီးပခပါရယ်။ ပန်းခင်းကတော့ဒေပတ်ဝန်းကျင်မာ အများကြီးဟိပါရယ်။ ယေလဲ ကိုယ်ဖောက်သည်နန့်ကိုယ်ဆို
ခါဆိုတော့ပန်းခင်းတိုင်းကိုလားစရာမလိုပါ။ ပန်းတိကတော့ကိုယ့်ရာသီနန့်ကိုယ် အစုံပါပျာယ်ယေ။ အိမ်လုံးချမ်းသာ၊ နှင်းဆီ၊
စပယ်၊ချရာပွင့်၊ ရိုးလှသန္တာ၊ ရွီတူငွီတူ၊ဒေါန၊ သော်က၊ဇီသ၀ါ အစုံပါ။ ချရားပွင့် ရို့ ရိုးလှသန္တာပန်းရို့ကျကေတော့လားလို့ဝယ်စရာ
မလိုပါ။ အမရို့ရွာမာ ချရားပင်အကြီးသန်တိဟိပါရယ်၊ ရိုးလှသန္တာ ပန်းဆိုကေ တောစပ်နားကလားကောက်လို့ရပါရယ်။ အမကိုယ်တိုင်တော့လားမကောက်ပါ။ ရွာကအသျှေတစီလားကောက်ပြီးကေအမဘားကိုလာသွင်းပါရယ်လေ။ ဟုတ်ပါယင့်၊ သီပြီးသားပါ။ ရိုးလှသန္တာပန်းဆိုကေ အမကောင်းကြိုက်ပါရယ်။ သူ့အရောင်နန့်အနံကို အမကောင်းသဘောကျရယ်။ တချို့တိက
မလိုပါ။ အမရို့ရွာမာ ချရားပင်အကြီးသန်တိဟိပါရယ်၊ ရိုးလှသန္တာ ပန်းဆိုကေ တောစပ်နားကလားကောက်လို့ရပါရယ်။ အမကိုယ်တိုင်တော့လားမကောက်ပါ။ ရွာကအသျှေတစီလားကောက်ပြီးကေအမဘားကိုလာသွင်းပါရယ်လေ။ ဟုတ်ပါယင့်၊ သီပြီးသားပါ။ ရိုးလှသန္တာပန်းဆိုကေ အမကောင်းကြိုက်ပါရယ်။ သူ့အရောင်နန့်အနံကို အမကောင်းသဘောကျရယ်။ တချို့တိက
တော့မကြိုက်ကတ်ပါလာမသိ၊ အနံ့ပြင်းလို့ပါလေ။တခြားနှင်းဆီရို့၊အိမ်လုံးချမ်းသာရို့၊ ပြိန်းပန်းရို့ကိုကျတော့ ခြံသျှင်ဘားကနိန်လာ
ချွတ်ရပါရယ်။ လက်လီလက်က္ကားနှစ်မျိုးစလုံးပါပျာယ်ယေ။ တာရှည်မခံရယ် နှင်းဆီပန်းရို့ပိုင် ပန်းတိကိုကျကေတော့ လက်လီဝယ်
ရပါရယ်။ ပြိန်းပန်းရို့၊ အိမ်လုံးချမ်းသား ပန်းရို့ကိုတော့ မစွန်ကေ ပြန်သွင်းလို့ရပါရယ်။ သစ်ခွပန်းပါလာ။ အီးယောင်လေး
ယင်းပိုင်ဈီးကြီးရယ်ပန်းတိကို က အမရို့ မတင်နိုင်ပါ။ ဟိုဘက်မြို့က ခြံတိမှာတော့ ရောင်းပါရယ်။ မြို့က လရတတ်တိ
ချွတ်ရပါရယ်။ လက်လီလက်က္ကားနှစ်မျိုးစလုံးပါပျာယ်ယေ။ တာရှည်မခံရယ် နှင်းဆီပန်းရို့ပိုင် ပန်းတိကိုကျကေတော့ လက်လီဝယ်
ရပါရယ်။ ပြိန်းပန်းရို့၊ အိမ်လုံးချမ်းသား ပန်းရို့ကိုတော့ မစွန်ကေ ပြန်သွင်းလို့ရပါရယ်။ သစ်ခွပန်းပါလာ။ အီးယောင်လေး
ယင်းပိုင်ဈီးကြီးရယ်ပန်းတိကို က အမရို့ မတင်နိုင်ပါ။ ဟိုဘက်မြို့က ခြံတိမှာတော့ ရောင်းပါရယ်။ မြို့က လရတတ်တိ
ပွဲပြင်လားဖို့ဆိုကေ ၀ယ်ကတ်စွာပါရာ။ အမရိုအနားတောင်မကပ်နိုင်ပါ။ ဈီးကြီးလို့။ ယင်းမြို့မာ အိမ်တအိမ်ရှိရယ် သိပါလာ။ တခြံလုံးသစ်ခွကျည်းပါယာ။ အမ ယင်းခြံရှိကဖြတ်လျှောက်လို့ ယင်းပန်းခြံကို မြင်ကေဘဇောင်ပိုင်အားကျလို့မသိ။ ယင်းပိုင်ခြံတခြံ
အမပိုင်ချင်ပါရယ်။ ယေလဲ လက်တွိဘ၀က အခုပုံစံနန့်မဖြစ်နိုင်ပါလေ။
အမလေ တခါတလီ လောင်ပေါ်ပေါက်ကေ ပထမဦးဆုံးတခုလေ့မလုပ်။ ခြံအကြီးမသန်တခြံဝယ်ပါဖို့။ ယပြီးကေယင်းခြံထဲမာ
အပင်မျိုးစုံစိုက်ပါဖို့။ အကျွန်ကြိုက်တေ ရိုးလှသန္ဆာ ပင်တိဆိုကေ အများကြီးစိုက်ထားဖို့။ သစ်ခွမျိုးစုံ၊ နှင်းဆီမျိုးစုံ။ ရွှီတူငွီတူ၊
ရွက်ကျပင်ပေါက်၊ သံမနိုင်ကျောက်မနိုင် အားလုံးရှိရှိသမျှ ပန်းပင်တိကိုစိုက်ထားဖို့။ ယပြီးကေ အမ ဗိုက်စကုပ်ထဲမာ
မြင်ဖူးပိုင် အိမ်ရှိမာ ပန်းစိုက်သူ စံအိမ် ဆိုပြီးကေ ပီးထားဖို့။ အဘောင်သျှင် ကို မျက်စိခွဲပီးဖို့။ အမက ပန်းပင်တိစိုက်ယင်းနန့်
အဘုသျှေတိကို ပညာဒါနပြုပါဖို့။ နောက်ပြီးကေ အမ လုပ်ချင်စရာတိအများကြီးဟိပါသိမ်ရေ။ ပြောရာပြောစွာပါလေ လောင်ပေါ်ပေါက်ဖို့အတွက်လောင်ပေါ်လဲ မထိုးဖြစ်ပါ။ ဖေသာလဲ အပို အလျှံလို့လဲ မဟိပါလေ။ အမ အိမ်မက်မက်ကြည့်စွာပါရာ။
အင်း…ပုံမှန်တော့မြတ်ပါယင့်လေ။ စားလောက်ပါရယ် မြီးဘောင်မ နှစ်ယောက်။ အမ ရို့ဘ၀က ပါလေ လက်လုပ်လက်စား
တိဆိုရယ်ခါ စုမိဆောင်းမိ အောင်လောက်ထိတော့မရပါ။ ရစွာ နန့်တော့ ဆင်းရဲသား တမင်းတနပ်တော့စားကတ်ရပါရယ်။
တိဆိုရယ်ခါ စုမိဆောင်းမိ အောင်လောက်ထိတော့မရပါ။ ရစွာ နန့်တော့ ဆင်းရဲသား တမင်းတနပ်တော့စားကတ်ရပါရယ်။
အလုပ်မလုပ်နိုင် ရယ် တရက်တော့ ငတ်ပါနန်းရာ။ ဘုရားပွဲတိဟိကေတော့ပါလေ သင့်အောင်လောက်ရောင်းရပါရယ်။
ဒေဘုရားက တနှစ်တခါ ပွဲလုပ်ပါရယ်လေ။ ရောက်ဖူးပါမနား။ ယင်းခါဆိုကေ ဒေမြို့အနီးအနားက ဘုရားဖူးရယ်လူတိ ကောင်းလာ
ကတ်ပါရယ်။ ပျော်ဖို့လဲကောင်းပါရယ်။ ပွဲကျပျာယ်ဆိုကေ အကျွန်အိမ်ကိုမပြန်ပါပျာယ်။ ဒေစောင်းတန်းမာဘဲတ
ခြားပန်းရောင်းရယ်ရွာကလူတိနန့် တတူ အဖွဲ့ကျပါရယ်လေ။ အဘောင်သျှင်ကတော့ နားစီချင်ပါရယ်။ ယေလဲ အမရို့မာ က အင်တိုက်အားတိုက်ရောင်းရစွာဆိုလို့ ဒေဘုရားပွဲတခုရာ ဟိစွာပါရာမနား။ ယင်းပိုင် ရောင်းရလို့ ဖေသာအပို အလျှံသျှေရမှ
ခြားပန်းရောင်းရယ်ရွာကလူတိနန့် တတူ အဖွဲ့ကျပါရယ်လေ။ အဘောင်သျှင်ကတော့ နားစီချင်ပါရယ်။ ယေလဲ အမရို့မာ က အင်တိုက်အားတိုက်ရောင်းရစွာဆိုလို့ ဒေဘုရားပွဲတခုရာ ဟိစွာပါရာမနား။ ယင်းပိုင် ရောင်းရလို့ ဖေသာအပို အလျှံသျှေရမှ
အမလဲ အကျီင်္အ၀တ်အစားသျှေ ၀ယ်ဝတ်လို့ရပါရယ်။အဘောင်သျှင်ကိုလဲ ဘုရားမာ လျှူဖို့ ဖေသာသျှေယက်သျှေ ပီးနိုင်ပါရယ်။
အမရို့ဘ၀က မရှိလို့မလျှူ၊ မလျှူလို့မရှိဆိုရယ်ပိုင်ဖြစ်နိန်ပါပျာယ်။အမတခါတလီ မြို့မာ လားလို့အလုပ်လားလုပ်ဖို့လား
စဉ်းစားမိပါသိမ့်ရယ်။ ရွာက တချို့ မမ သျှေတိလားလုပ်ကတ်ပါရယ်။ တချို့က သူများအိမ်မာ အငှားမသ၊ တချို့က စက်ရုံတိမာ
စဉ်းစားမိပါသိမ့်ရယ်။ ရွာက တချို့ မမ သျှေတိလားလုပ်ကတ်ပါရယ်။ တချို့က သူများအိမ်မာ အငှားမသ၊ တချို့က စက်ရုံတိမာ
ယင်းပိုင်ချောင်လုပ်ကတ်ပါရယ်။ အကျွန်လဲ တခါတလီ အားကျပါယင့်။ သူရို့ ပြန်လာလို့ ၀၀င်းပြပြောင် ဖြစ်လာစွာကို မြင်ကေပါလေ။ တချို့ဆိုကေ ဇာမာ လုပ်မှန်းတော့မသိပါ ဖေသာကောင်းအများကြီးရရယ်ဆိုပါဝါ။ အမမှာက အဘောင်သျှင်
ကိုကြည့်ရှုစောင့်ရှောက်ဖို့လူ မဟိလို့ပါရာ၊ မဟုတ်ကေ အမ လဲလားပါရယ်။ ယေလဲ ဇာပိုင်ပင်ဆိုဆို တရက်ရက်တော့ ပန်းပင်သျှေတိ စိုက်ထားရယ် ခြံတခြံ တော့ ပိုင်လာဖို့ ဆိုရယ် အိမ်မက်ကိုတော့ လက်မလွှတ်ပါသိမ့်။
ကျွန်တော်သူ့ ပန်းဆိုင်သျှေက သူကိုယ်တိုင်ကုံးထားရယ် သူအကြိုက်ဆုံးပန်း ဖြစ်တေ ရိုးလှသန္တာပန်း သုံးကုံးကိုဝယ်လာပြီးကေ
ဘုရားရင်ပြင်ထက်ကို ဆက်တက်ခပါသည်။ ကျွန်တော့် မွီးနံထောင့်မာ ဘုရားရီချမ်း၊ ဆီမီး နန့်ပန်းကို ကပ်လျှူ ပူဇော်ပြီးကေ
မြို့အလှ သဘာဝကို တောင်ထက်က နိန်ကြည့်ဖို့ တောင်စောင်းကိုလျှောက်လာခပါသည်။ သစ်ပင် သစ်ရိပ်တိ မိုးကာနိန်လို့
ယင်းပန်းသည်မသျှေနိန်ရယ် ရွာ နန့် သူ့ရွာနားက မြို့ကို သေသေခြာခြာမမြင်ရခပါ။ မြွီတကောင်ပိုင် ကွေ့ကွေ့ကောက်ကောက်စီး
ဆင်းနိန်ရယ် မြစ်သျှေတစင်းနန့် မစိုက်မပျိုးဘဲ ဟိနိန်ရယ်မြီရိုင်းမြီလွတ် တိကို မိုးကုပ်စက်ဝိုင်းတဆုံးတွိနိန်ခရပါသည်။
အသုံးမချဘဲ အလဟသဖြစ်နိန်ရယ် မြီတကမြီ ကန်ကမကန်ကျွန်တော် မြင်ခပါသည်။ ယင်းအချိန်မာ ကျွန်တော် ဘုရားမာ သူမအတွက် သူမလိုချင်ရယ် မြီသျှေတကွက်ရပါစီလို့ ဆုတောင်းခစွာကို အတွက်ပေါ်ယင်း ပြုံးဖြစ်အောင် ပြုံးမိခပါသည်။ ။